• Follow Us on

Home PR စနစ် ဆွေးနွေးပွဲကို ဒီဇင်ဘာလ နောက်ဆုံးပတ်၌ ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထား

PR စနစ် ဆွေးနွေးပွဲကို ဒီဇင်ဘာလ နောက်ဆုံးပတ်၌ ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထား

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ (People Media)

 

တတိယအကြိမ်မြောက် အချိုးကျကိုယ်စားပြုစနစ် (PR) ဆွေးနွေးပွဲ ဒီဇင်ဘာ နောက်ဆုံးပတ်၌ ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားကြောင်း နိုင်ငံရေးပါတီအချို့၏ အတည်ပြုပြောဆိုချက်အရ သိရသည်။

 

ပြီးခဲ့သည့် ဒုတိယအကြိမ်မြောက် PR စနစ်ဆွေးနွေးပွဲ၌ Close List စနစ်နှင့် Open List စနစ်နှစ်မျိုးကို ဆွေး နွေးခဲ့ပြီး ယခုတွင် ယင်းစနစ်များအပေါ်တွင် အားနည်းချက်၊ အားသာချက်များကို နိုင်ငံရေးပါတီများက UEC နှင့် တွေ့ဆုံ၍ ထပ်မံဆွေးနွေးကြမည်ဖြစ်သည်။

 

“လာမယ့် ရက်ထဲမှာတော့ ရန်ကုန်မှာ PR ဆွေးနွေးပွဲပြုလုပ်ဖို့တော့ရှိပါတယ်။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ နိုင်ငံရေးပါတီ အစုအဖွဲ့အလိုက် ဆွေးနွေးနေတာတော့ရှိတယ်” ဟု PR စနစ်ဆွေးနွေးပွဲနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ အစုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

 

တတိယအကြိမ် ဆွေးနွေးမည့် ဆွေးနွေးပွဲရက်ကို ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း၌ ကျင်းပရန် လျာထားပြီး ဒီဇင်ဘာ ၂၅ ရက်နှင့် ၂၆ ရက် ပတ်လည်ဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီအချို့က ခန့်မှန်းပြောဆိုသည်။

 

PR စနစ်နှင့်ပတ်သက်၍ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ NLD၊ SNLD၊ ပြည်သူ့ပါတီအပါအဝင်အခြားသော နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

 

#PeopleMedia #PR #နိုင်ငံရေးပါတီ

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 



Share this post