• Follow Us on

Home မန္တလေးလေဆိပ်၌ လေယာဉ်စီးမည့် အမျိုးသမီးတစ်ဦးထံမှ ဖောက်ခွဲရေး၌ အသုံးပြုမည့် ဒီတိုနေတာ (၉၈) ခု ဖမ်းဆီးရမိခဲ့ပြီးနောက် ဆက်စပ်ပါဝင်သူများထံမှ ဒီတိုနေတာအခု (၁၀၀၀) ထပ်မံ ဖမ်းဆီးရမိ

မန္တလေးလေဆိပ်၌ လေယာဉ်စီးမည့် အမျိုးသမီးတစ်ဦးထံမှ ဖောက်ခွဲရေး၌ အသုံးပြုမည့် ဒီတိုနေတာ (၉၈) ခု ဖမ်းဆီးရမိခဲ့ပြီးနောက် ဆက်စပ်ပါဝင်သူများထံမှ ဒီတိုနေတာအခု (၁၀၀၀) ထပ်မံ ဖမ်းဆီးရမိ

Share this post

မန္တလေး၊ ဒီဇင်ဘာ ၂၂ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ဖြင့် လိုက်ပါမည့် ခရီးသည် အမျိုးသမီးတစ်ဦးထံမှ ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာ (၉၈) ခု ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပါဝင်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ထံမှ ဒီတိုနေတာ (၁၀၀၀) ခု ဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၀ ရက် နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် မန္တလေးပြည်ပြည်ဆိုင်ရာလေဆိပ်၊ အမှတ် (၁) ထွက်ခွာ X-Ray စက်၌ တာဝန်ကျတပ်ဖွဲ့ဝင်များက ခရီးသည်များအား ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် လေယာဉ်အမျိုးအစား ART-72 ဖြင့် မန္တလေးမြို့မှ ခန္တီးမြို့သို့ လိုက်ပါမည့် ခရီးသည် မမိုးမြင့်လှိုင်၏ ဂျပ်ဖာဘူး အတွင်းမှ ဖလူဇာဆေးကဒ်များဖြင့် ရောနှောသယ်ဆောင်လာသည့် အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနီတာ(၉၈)ခုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး၊ မမိုးမြင့်လှိုင်၏ ထွက်ဆိုချက်အရ အဆိုပါ ဒီတို နီတာများအား သယ်ဆောင်ခိုင်းခဲ့သည့် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင် ရပ်ကွက်နေ မအေး အေးချစ်(ခ)ဘုတ်ဆုံနှင့် သယ်ဆောင်လာသည့် ဒီနေတာများအား လွှဲပြောင်းလက်ခံပေးမည့် ဆင်သေကျေးရွာ နေ ဒေါ်လောဟွေ(ခ)ဒေါ်တင်သိန်းတို့အား ၎င်းတို့၏ နေအိမ်အသီးသီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ပြန် ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ထပ်မံဖမ်းဆီးရမိသူ မအေးအေးချစ်(ခ)ဘုတ်ဆုံ၏ ထွက်ဆိုချက်အရ ညနေ ၄ နာရီခွဲတွင် ၎င်း၏နေအိမ်သို့ ဒီတိုနေတာများ ထပ်မံလာရောက်ပို့ဆောင်သူ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ အ မြောက်တန်းဗလီဝင်းနေ ဦးသိန်းထွန်းနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ဖြူဝင်း(ခ)ဇိုင်တွန်ဘီတို့အား ဒီတိုနီ တာ ကတ်သီး တစ်ဘူးလျှင် (၁၀၀) ခုစီပါ (၁၀) ဘူး၊ စုစုပေါင်း (၁၀၀၀) ခုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

အထက်ပါအကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာများ သယ်ယူပို့ဆောင်ခဲ့သည့် ဖမ်းဆီးရမိသူ တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #မန္တလေးတိုင်း #ဒီတိုနေတာ

 

(unicode)


……………………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၂၂ (People Media)

 


 


 


 


 

#PeopleMedia #မန်တလေးတိုငျး #ဒီတိုနတော


Share this post