• Follow Us on
Latest News

Home ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတော်နှင့် ပြည်သူအတွက် အမှန်တရားကို ဖော်ဆောင်နေခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးပြောကြား

ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတော်နှင့် ပြည်သူအတွက် အမှန်တရားကို ဖော်ဆောင်နေခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးပြောကြား

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ (People Media)

 

ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတော်နှင့် ပြည်သူအတွက် အမှန်တရားကို ဖော်ဆောင်နေခြင်းဖြစ်၍ နုပျို သစ်လွင်သောဌာနတစ်ခုအဖြစ် ပြောင်းလဲဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို(အေ)၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့စဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးမှ ပြည်သူလူထုကို မီဒီယာနည်းလမ်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး ပြန်ကြားပေးရန်၊ အသိပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ပြည်သူကို အလုပ်အကျွေးပြုလျက်ရှိ သည့် နိုင်ငံတော်အတွက် အရေးပါသောဌာနတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် အမှန် တရားကို ဖော်ဆောင်နေခြင်းဖြစ်၍ နုပျိုသစ်လွင်သောဌာနတစ်ခုအဖြစ် ပြောင်းလဲဆောင်ရွက်နေပါကြောင်း၊ ပြောသည်။

 

လုပ်ချင်သည်ထက် လုပ်သင့်သည်ကို၊ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ဆောင်ရွက်လျက်ရှိရာ မိမိတို့ ဝန်ထမ်းများအနေဖြင့် တာဝန်ကို ထမ်းဆောင်ရာတွင် လေးနက်သော အတွေးအခေါ်များဖြင့် ထမ်းဆောင်ကြ စေလိုပါကြောင်း၊ မိမိဝန်ထမ်းများ၏ တာဝန်ကျေပွန်မှုများအပေါ် လေးစားအသိအမှတ်ပြုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် လုံခြုံရေးအထူးဂရုပြုကြရန်နှင့် လုပ်ငန်းများ အောင်မြင်ပြီး တိုးတက်သောဌာနကြီးတစ်ခုဖြစ်လာရန် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

 

#PeopleMedia #ပြန်ကြားရေးဝန်ကြီးဌာန #ဦးမောင်မောင်အုန်း

 

(unicode)


…………………………………………………………..

 


 


 


 


 


 



Share this post