• Follow Us on

Home မြောက်ကိုရီးယားနိုင်ငံက ရထားလမ်းအခြေစိုက်ဒုံးပစ်စင်မှ တတိယအကြိမ်မြောက် ဒုံးကျည်များပစ်ခတ်

မြောက်ကိုရီးယားနိုင်ငံက ရထားလမ်းအခြေစိုက်ဒုံးပစ်စင်မှ တတိယအကြိမ်မြောက် ဒုံးကျည်များပစ်ခတ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၅ (People Media)

 

မြောက်ကိုရီးယားနိုင်ငံ၏ ရထားလမ်းအခြေစိုက် တတိယမြောက်ဒုံးကျည်နှစ်စင်းကို  ယခုလအတွင်း စမ်းသပ်  ပစ်ခတ်လိုက်ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ဒေသ ပြောင်ဂန်ပြည်နယ်မြောက်ပိုင်းတွင် ဇန်နဝါရီလ ၁၄ ရက်နေ့က တာ တိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်ခတ်ခဲ့သည်ကို ခြေရာခံစုံစမ်းသိရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံမှ ပူး တွဲစစ်ဦးစီးချုပ်များအကြီးအကဲက ပြောကြားလိုက်သည်။

 

အနာဂတ်ကာလခြိမ်းခြောက်မှုများအတွက် တန်ပြန်တိုက်ခိုက်နိုင်ရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားပြီး လွန်ခဲ့သည့် နှစ် စက်တင်ဘာလအတွင်း မြောက်ကိုရီးယားနိုင်ငံက ပထမဦးဆုံးအကြိမ်စမ်းသပ်ပစ်ခတ်ခဲ့သော ရထားလမ်း အခြေစိုက်ဒုံးကျည်စနစ်ကိုစစ်ဆေးစမ်းသပ်ရန် ဒုံးကျည်တစ်စင်းကိုပစ်ခတ်ခဲ့ကြောင်း အစိုးရပိုင် KCNA သတင်း ဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

နှစ်သစ်ကူးကာလမှ ယနေ့အထိ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများတွင် ယခုအကြိမ်စမ်းသပ်ပစ်ခတ်မှုမှာ တတိယ အကြိမ်ပစ်ခတ်မှုဖြစ်သည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် စမ်းသပ်ပစ်ခတ်ခဲ့သည့် ဒုံးကျည်များမှာ စွမ်းရည် ပြည့်ဝပြီး မြန်နှုန်းမြင့်ပျံသန်းနိုင်သည့် ဟိုက်ပါဆောနစ်ဒုံးကျည်များဖြစ်ကြောင်း အစိုးပိုင်သတင်းဌာနက ကြေ ညာခဲ့သည်။

 

လတ်တလောကာလ မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်များစမ်းသပ်ပစ်ခတ်မှုကြောင့် မြောက်ကိုရီးယားနိုင်ငံ ကို အရေးယူဒဏ်ခတ်ရန် ကုလသမဂ္ဂအဖွဲ့ကို အမေရိကန်နိုင်ငံကတောင်းဆိုလိုက်သဖြင့် မြောက်ကိုရီးယား အစိုးရက အမေရိကန်နိုင်ငံကို ပြစ်တင်ဝေဖန်လိုက်ပြီးနောက် နာရီပိုင်းအတွင်း ယခုကဲ့သို့ ဒုံးကျည်စမ်းသပ်ပစ် ခတ်ခဲ့ခြင်းဖြစ်သည်။

 

ဒုံးကျည်စမ်းသပ်ပစ်ခတ်ရာသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တက်ရောက်ခြင်းမရှိပေ။ ယင်းပစ်ခတ် မှုမှာ ကြိုတင်သတိပေးခြင်းမရှိဘဲ စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နည်းဗျူဟာပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ် ခတ်ခဲ့ရာ သတ်မှတ်ထားသောပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်ခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ကြေ ညာခဲ့သည်။

 

ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများနှင့်ပတ်သက်၍ မိမိနိုင်ငံမိမိကာကွယ်ရန် အချုပ်အခြာအာဏာပိုင်အခွင့်အရေးဖြစ် ကြောင်း မြောက်ကိုရီးယားနိုင်ငံက ကာကွယ်ပြောဆိုလိုက်ပြီး အမေရိကန်နိုင်ငံသည် စီးပွားရေးဒဏ်ခတ်အရေး ယူမှုများအသစ်ချမှတ်လိုက်ခြင်းနှင့်အတူ အခြေအနေများတင်းမာလာအောင် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေ ကြောင်း စွပ်စွဲပြောဆိုလိုက်သည်။

 

အမေရိကန်နိုင်ငံက နျူကလီးယားလက်နက်ကင်းရှင်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန်တောင်းဆိုထားစဉ် အတွင်း ယခုဒုံးကျည်ပစ်ခတ်မှုသည် မြောက်ကိုရီးယား၏ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်းပြောကြားကာ နောက်ဆုံးဒုံးကျည်ပစ်ခတ်မှုကို ပြစ်တင်ဝေဖန်လိုက်သည်။

 

Ref: North Korea fires railway-borne missiles in third weapons test this month

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: North Korea fires railway-borne missiles in third weapons test this month

 

#PeopleMedia


Share this post