• Follow Us on

Home ရုရှားခြိမ်းခြောက်မှုများမြင့်တက်နေစဉ်အတွင်း လေယာဉ်တင်သင်္ဘောဦးဆောင်သည့် တိုက်ခိုက်ရေးအုပ်စု မြေထဲပင်လယ်ဒေသသို့ အမေရိကန်စေလွှတ်

ရုရှားခြိမ်းခြောက်မှုများမြင့်တက်နေစဉ်အတွင်း လေယာဉ်တင်သင်္ဘောဦးဆောင်သည့် တိုက်ခိုက်ရေးအုပ်စု မြေထဲပင်လယ်ဒေသသို့ အမေရိကန်စေလွှတ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂ (People Media)

 

အနောက်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့ ဆက်ဆံရေးတင်းမာနေစဉ်အတွင်း မြေထဲပင်လယ်ဒေသတွင် နေတိုးတပ်ဖွဲ့ ဝင်များပြုလုပ်နေသည့် ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်ရန် USS Harry S. Truman ဦးဆောင် သော တိုက်ခိုက်ရေးသင်္ဘောအုပ်စုကို စေလွှတ်လိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ထိပ်တန်းပြောခွင့်ရပုဂ္ဂိုလ် က ဇန်နဝါရီလ ၂၁ ရက်နေ့က ပြောကြားလိုက်သည်။

 

တနင်္လာနေ့ (ဇန်နဝါရီလ ၂၄ ရက်) တွင် စတင်ဆောင်ရွက်ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ ကျင်းပသွားရန်စီ  စဉ်ထားသည့် Neptune Strike 22 ဟုအမည်ပေးထားသော စစ်ရေးလေ့ကျင့်မှုတွင် ရန်သူကို ဟန့်တားပြီး မ ဟာမိတ်နိုင်ငံများကို ကာကွယ်စောင့်ရှောက်ရန်အတွက် လေယာဉ်တင်သင်္ဘောဦးဆောင်သည့် တိုက်ခိုက်ရေး  အုပ်စု၏ ခေတ်အမီဆုံး ပင်လယ်ပြင်တိုက်ခိုက်ရေးစွမ်းရည်များကို ပေါင်းစပ်ရန် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများ၏ စွမ်း  ရည်များကို ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဂျွန်ကာဘီက သတင်းထောက်များကို ပြောသည်။

 

နေတိုးအဖွဲ့ဝင်အခြားနိုင်ငံများနှင့်အတူ လေယာဉ်တင်သင်္ဘောဦးဆောင်သည့် တိုက်ခိုက်ရေးအုပ်စုသည် ပေါင်း စပ်ညှိနှိုင်းထားသည့်ပင်လယ်ပြင်စစ်ရေးလေ့ကျင့်ခန်းများ၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးသင်တန်းများနှင့် တာ ဝေးတိုက်ခိုက်ရေးလေ့ကျင့်ခန်းများတွင် ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

ယခုစစ်ရေးလေ့ကျင့်မှုများသည် ၂၀၂၀ ပြည့်နှစ်ကတည်းကချမှတ်ထားသော ကာလရှည်စီမံကိန်းကို အကောင် အထည်ဖော်ခြင်းဖြစ်ပြီး ယခုလက်ရှိ ယူကရိန်းနယ်စပ်တွင် ရုရှားတပ်များအင်အားအလုံးအရင်းစုဖွဲ့နေမှုကို တုံ့ ပြန်ခြင်းမဟုတ်ကြောင်း ၎င်းကပြောသည်။

 

နေတိုးအဖွဲ့အနေဖြင့် မဟာမိတ်နိုင်ငံများအားလုံးကို ကာကွယ်ရန်အတွက် အမြဲတစေ လိုအပ်သလိုဆောင်ရွက် သွားမည်ဖြစ်ကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူး ဂျန်းစ်ဆော့လ်တန်းဘာ့ဂျ်က ပြောသည်။ Neptune Strike 22 စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်စစ်သင်္ဘောများ ပါဝင်ဆောင်ရွက်ခြင်းသည် အတ္တလန်တိတ်သမုဒ္ဒရာကို ကျော်လွန်သည့် စုစည်းညီညွတ်မှုကို ခိုင်မာစွာပြသလိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

 

ယူကရိန်းနယ်စပ်တစ်လျှောက် ရုရှားတပ်ဖွဲ့ဝင်များ အင်အား ၁၀၀,၀၀၀ ဝန်းကျင် တပ်ဖြန့်ချထားသောကြောင့် လတ်တလောရက်များအတွင်း နေတိုးတပ်ဖွဲ့များနှင့် စစ်လက်နက်များကို ယူကရိန်းနယ်စပ်အနီးသို့ ရွှေ့ပြောင်း တပ်ဖြန့်ချထားခဲ့သည်။

 

ဒိန်းမတ်နိုင်ငံက ဖရီးဂိတ်စစ်သင်္ဘောတစ်စီးကို ဘော်လတစ်ပင်လယ်ပြင်သို့ စေလွှတ်ခဲ့ပြီး ပြင်သစ်နိုင်ငံက ၎င်း တို့၏ တပ်ဖွဲ့ဝင်များကို ရိုမေးနီးယားနိုင်ငံသို့ စေလွှတ်ရန်ကမ်းလှမ်းထားသလို စပိန်နိုင်ငံက ၎င်းတို့၏စစ်သင်္ဘော များကို မြေထဲပင်လယ်ဒေသသို့ စေလွှတ်ကာ ဘူဂေးရီးယားနိုင်ငံသို့ ဂျက်တိုက်လေယာဉ်များစေလွှတ်သွားရန် စဉ်းစားလျက်ရှိသည်။

 

အမေရိကန်နိုင်ငံကလည်း ယူကရိန်းနိုင်ငံ အသုံးပြုနိုင်ရေးအတွက် အမေရိကန်ထုတ်လက်နက်များတင်ပို့ရန် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများဖြစ်သေစာ အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားနိုင်ငံတို့ကို ခွင့်ပြုလိုက်သည်။

 

အမေရိကန်အနေဖြင့် အခြေအနေများတင်းမာမှုလျော့ကျလာစေရန် သံတမန်နည်းလမ်းကိုအသုံးပြုလိုကြောင်း သောကြာနေ့က ဂျီနီဗာမြို့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂျီလာဗော့ဗ်နှင့်တွေ့ဆုံခဲ့သော အမေရိကန်နိုင်ငံ  ခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ပြောသည်။ ယင်းကဲ့သို့ ငြိမ်းချမ်းစွာမဖြေရှင်းဘဲ ရုရှားနိုင်ငံက ယူကရိန်း နိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချ လိုက်ပါက စုစည်းညီညွတ်ပြီး လျင်မြန်အားကောင်းသော တုံ့  ပြန်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

Ref: US sends aircraft carrier group to Mediterranean as Russia threat looms

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: US sends aircraft carrier group to Mediterranean as Russia threat looms

 

#PeopleMedia


Share this post