• Follow Us on

Home ရွှေဘိုမြို့ စီးပွားရေးဘဏ်မှ ဝက်လက်မြို့ စီးပွားရေးဘဏ်သို့ ငွေလွှဲပြောင်းသယ်ယူလာသည့်ယာဉ် လမ်းခရီး၌ မိုင်းဆွဲတိုက်ခိုက်ခံရ

ရွှေဘိုမြို့ စီးပွားရေးဘဏ်မှ ဝက်လက်မြို့ စီးပွားရေးဘဏ်သို့ ငွေလွှဲပြောင်းသယ်ယူလာသည့်ယာဉ် လမ်းခရီး၌ မိုင်းဆွဲတိုက်ခိုက်ခံရ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၂၅ (People Media)

 

ဇန်နဝါရီ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ မြန်မာစီးပွားရေးဘဏ်မှ ဝက်လက်မြို့ မြန်မာစီးပွား ရေးဘဏ်သို့ ငွေလွှဲပြောင်းသယ်ဆောင်လာသည့် ငွေသယ်ယာဉ်သည် လမ်းခရီးအတွင်း၌ မိုင်းဆွဲတိုက်ခိုက်ခံ ခဲ့ရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် အဆိုပါ ငွေသယ်ယာဉ်သည် ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာနှင့် လှတောကျေးရွာကြားအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

 

“တိုက်ခိုက်ခံရတာက ဟုတ်ပါတယ်။ မော်တော်ယာဉ်ပဲထိခိုက်တာပဲရှိတယ်။ လူထိခိုက်တာတော့မရှိဘူး၊ လက်ရှိကတော့ လုံခြုံရေးအရ ဆောင်ရွက်စရာရှိတာကို ဆောင်ရွက်နေပါတယ်။” ဟု လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးက အတည်ပြုပြောဆိုသည်။

 

အလားတူ ပြီးခဲ့သည့်လအတွင်းကလည်း ပုဂ္ဂလိကဘဏ်အချို့ ဓါးပြတိုက်ခံခဲ့ရသလို ပုဂ္ဂလိက ငွေသယ် ယာဉ်များလည်း လမ်းခရီး၌ ဓါးပြတိုက်ခံရမှု ဖြစ်ပေါ်ခဲ့သည်။

 

Photo – Credit

 

#PeopleMedia #ငွေသယ်ယာဉ် #မြန်မာစီးပွားရေးဘဏ်

 

(unicode)


………………………………………………………..

 


 


 


 


 


 

Photo – Credit

 



Share this post