• Follow Us on

Home လမ်းစဉ်ပါတီအစိုးရနှင့် တပ်မတော်အစိုးရလက်ထက်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကို အားပေးဆောင် ရွက်ခဲ့ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

လမ်းစဉ်ပါတီအစိုးရနှင့် တပ်မတော်အစိုးရလက်ထက်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကို အားပေးဆောင် ရွက်ခဲ့ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

မန္တလေး၊ ဇန်နဝါရီ ၂၅ (People Media)

 

လမ်းစဉ်ပါတီအစိုးရနှင့် တပ်မတော်အစိုးရလက်ထက်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကို အားပေးဆောင် ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီအစိုးရလက်ထက်တွင်လည်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက် ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း သဘာဝပတ်ဝန်းကျင်ကို အကြောင်းပြ၍ နိုင်ငံရေးအရ အသုံး ချပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်းများကို အခက်အခဲဖြစ်အောင် ဆောင်ရွက်ခဲ့မှုများရှိကြောင်း န-စ-ကဥက္ကဋ္ဌကပြောသည်။

 

န-စ-ကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ရဲရွာ ရေအား လျှပ်စစ်စီမံကိန်းသို့ သွားရောက်ရာ၌ န-စ-ကဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

 

“လျှပ်စစ်ဖြင့် လောကနိဗ္ဗာန်တည်ဆောက်ရန်ဟု ယခင်က သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းသည် စီးပွားရေးအရ တွက်ခြေကိုက်ကြောင်း၊ လမ်းစဉ်ပါတီအစိုးရနှင့် တပ်မတော်အစိုးရလက်ထ ထက်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီအစိုးရလက်ထက် တွင်လည်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော် လည်း သဘာဝပတ်ဝန်းကျင်ကို အကြောင်းပြ၍ နိုင်ငံရေးအရ အသုံးချပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စီမံကိန်းများကို အခက်အခဲဖြစ်အောင် ဆောင်ရွက်ခဲ့မှုများရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများ ဆောင်ရွက်ရာ တွင် ငွေကြေးကုန်ကျမှုများစွာဖြင့် အချိန်ကြာမြင့်စွာတည်ဆောက်ရကြောင်း” န-စ-ကဥက္ကဋ္ဌကပြောသည်။

 

ဆက်လက်ပြီး န-စ-ကဥက္ကဋ္ဌက ”ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည်ကြီးမားပြီး ကုန်ကျစရိတ်တန်ဖိုးအား တိကျစွာတွက်ချက်နိုင်သော်လည်း ပြန်လည်ရရှိသော အကျိုးအမြတ်မှာ တန်ဖိုးဖြတ်၍မရအောင် အတိုင်းအတာကြီးမားကြောင်း၊ ယခုရဲရွာရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံ စတင်လည်ပတ်ချိန်မှစ၍ ထွက်ရှိသောလျှပ်စစ်ယူနစ်များ၏ တန်ဖိုးကိုတွက်ချက်ပါက စက်ရုံတည် ဆောက်မှု ကုန်ကျစရိတ်အား ပြန်လည်ရရှိပြီးဖြစ်သည့်အပြင် ပြည်သူများ၏ လူမှုစီးပွားဘဝများအတွက် များစွာ အထောက်အကူပြုပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုသဖြင့် တန်ဖိုးဖြတ်၍ မရနိုင် ကြောင်း၊ မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ်ထုတ်လုပ်ရန် အရင်းအမြစ်များစွာရှိကြောင်း၊ ရေအားလျှပ်စစ်ဓာတ် အား ထုတ်လုပ်မှုစီမံကိန်းများ အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိမှုကြောင့် နိုင်ငံတော် အတွက် နစ်နာဆုံးရှုံးမှုများစွာရှိကြောင်း”ပြောသည်။

 

“လက်ရှိဆောင်ရွက်နေသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်းများကိုလည်း လုပ်ငန်းများပြီးမြောက် အောင်မြင်စေရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြရန်လို ကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရန်လိုအပ်သကဲ့သို့ လျှပ်စစ်ဓာတ် အားသုံးစွဲရာတွင်လည်း မလိုအပ်သည့်လျှပ်စစ်ဓာတ်အား သုံးစွဲမှုများကို လျှော့ချရန်လိုကြောင်း၊ စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်ရန်အတွက် LED မီးကဲ့သို့သော မီးများ ပြောင်းလဲ အသုံးပြုရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားများထုတ်လုပ်မှုပိုင်းတွင် တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ရန် လိုသကဲ့သို့ သုံးစွဲမှုအပိုင်းကိုလည်း တတ်နိုင်သမျှလျှော့ချရန်လိုကြောင်း” န-စ-ကဥက္ကဋ္ဌ ကပြောသည်။

 

#PeopleMedia #နစကဥက္ကဋ္ဌ #လျှပ်စစ်

 

(unicode)


………………………………………………………

 

မန်တလေး၊ ဇနျနဝါရီ ၂၅ (People Media)

 


 


 


 


 


 

#PeopleMedia #နစကဥက်ကဋ်ဌ #လြှပျစဈ


Share this post