• Follow Us on

Home ရုရှားရေတပ်မှ စစ်ရေယာဉ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိ


Share this post

ရန်ကုန်၊ နိုဝင်ဘာ – ၁၄




(Unicode)
ရုရှားရေတပ်မှ စစ်ရေယာဉ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိ
………………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၁၄

ရုရှားရေတပ်မှ စစ်ရေယာဉ်တစ်စီးသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိခဲ့သည်။ အဆိုပါ စစ်ရေယာဉ်တွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ Commander Roman V. Pahomov ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၃၉၉ ဦးတို့ လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၁၅ ရက်အထိ သုံးရက်ကြာနေထိုင်၍ လေ့လာ လည်ပတ်သွားမည်ဖြစ်ကာ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများလည်း ပြုလုပ်သွားမည်ဖြစ်သည်။

ရှရားရေတပ်မှ လေ့ကျင့်ရေး စစ်ရေယာဉ် PEREKOP သည် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိခဲ့ပြီး တပ်မတော်(ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ် ကြီး၊ ရုရှားစစ်သံမှူးများ သွားရောက်ကြိုဆိုခဲ့သည်။

#PeopleMedia #Political


Share this post