လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား
PUBLISHED - November 27, 2026
နေပြည်တော်၊ နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်းတွင် ယနေ့ နံနက် ၅နာရီ ၂မိနစ်အချိန်တွင် အထည်ချုပ်စက်ရုံတစ်ခု မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရာနေရာသို့ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ အပါအ၀င် level (1)ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၆နာရီ ၄၁မိနစ်အချိန်မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဥ်သို့ Yangon Rescue Organization(YRO) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ” လူမှုကူညီကယ်ဆယ်ရေးအသင်း ၇ သင်းမှ လူနာတင်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၁ စီး၊ စေတနာ့ဝန်ထမ်းအင်အား ၃၅ ဦးတို့ သည် မီးငြှိမ်းသတ်ရေးတွင် လိုအပ်သလို ကူညီရန် နှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန် သွားရောက် ပူးပေါင်း ကူညီခဲ့ကြောင်း သိရသည်။
#PeopleMedia