• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အမည်မသိ အသက် ၇၀ နှစ်ခန့် အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံးနေ

နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၅)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနား တက်ရောက်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၇

 

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၅)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ရုံးချုပ်)အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်ကြူကြူလှ တက်ရောက်သည်။

 

အခမ်းအနားသို့ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒုတိယသမ္မတ(၁)၏ဇနီး ဒေါ်စမ်းစမ်းအေးနှင့် ဒုတိယသမ္မတ(၂) ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကများ၊ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့၏၏၏0ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိပြီး မိခင်နှင့်ကလေးများသည် အရေးပါသည့် အစိတ်အပိုင်းများ ဖြစ်ပါကြောင်း၊ မိခင်သေဆုံးနှုန်း၊ မွေးကင်းစကလေးများသေဆုံးနှုန်း၊ အသက်တစ်နှစ်အောက်နှင့် ငါးနှစ်အောက်ကလေး သေဆုံးနှုန်းသည် နိုင်ငံတော်၏ ကျန်းမာရေးအခြေအနေကို တိုင်းတာရာတွင် အဓိကကျသည့် အညွှန်းကိန်းများဖြစ်ပါကြောင်း၊ မိခင်နှင့်ကလေးသေဆုံးမှုနှုန်းကို လျှော့ချနိုင်ခြင်းသည် မိသားစုတစ်ခုချင်းစီ၏ ဘဝကိုသာမက နိုင်ငံတစ်နိုင်ငံလုံး၏ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် မျှော်မှန်းလူ့သက်တမ်း တိုးမြင့်လာရေးတို့ကို အကျိုးပြုစေမည်ဖြစ်ကြောင်း ပြောသည်။

 

ထို့ကြောင့် မိခင်နှင့်ကလေးကျန်းမာရေးကို မြှင့်တင်ရေး၊ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာသက်ရှည်စွာနေထိုင်နိုင်ရေးတို့ကို နိုင်ငံတော်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ထိုလုပ်ငန်းစဉ်များ အောင်မြင်ရန် ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်း၏ ကြိုးပမ်းမှုဖြင့် မလုံလောက်ပါကြောင်း၊ မိသားစု၊ ရပ်ရွာလူထု၊ လူမှုရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍနှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက အသင်းဝင်များအနေဖြင့် ကျေးလက်ဒေသနှင့် အခြေခံကျန်းမာရေးဝန်ဆောင်မှု လိုအပ်နေသော လူမှုအသိုက်အဝန်းများအတွင်း ရပ်ရွာပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံ၍ ကျန်းမာရေး အသိပညာများဖြန့်ဝေပေးနေပြီး ပြည်သူလူထု၏ ယုံကြည်မှုရရှိအောင် ဆောင်ရွက်ပေးနေသည့်အတွက် အထူးအသိအမှတ်ပြုလိုပါကြောင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် နိုင်ငံတော်၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးနှင့်အတူ လက်တွဲညီညီ ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

 

နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ၏ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး စသည့်ကဏ္ဍကြီး(၄)ရပ် လှုပ်ရှား ဆောင်ရွက်မှုအတွက် ကဏ္ဍအလိုက် ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ရာ ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှက ပညာရေးကဏ္ဍ ဆောင်ရွက်မှုများအတွက် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးတို့မှ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များကို ဆုများပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာအဖွဲ့ဥက္ကဋ္ဌများက လက်ခံရယူကြသည်။

 

ယင်းနောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှသည် ကိုယ်ဝန်ဆောင်မိခင်များကို အာဟာရဖြစ်စေမည့် အစားအစာများထောက်ပံ့ပေးပြီး (၅)နှစ်အောက် ကလေးငယ်များအား အမီလိုက်ကာကွယ်ဆေးများ တိုက်ကျွေးပေးကာ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များက ဒေသထွက် ကုန်ပစ္စည်းများနှင့် ရိုးရာလက်မှုပစ္စည်းများ ခင်းကျင်းပြသရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

 

#PeopleMedia


Share this post