• Follow Us on

Home ဖားကန္႔တြင္ ေနာက္ထပ္ေျမၿပိဳက်ႏိုင္သည့္ေနရာအမ်ားအျပားရွိၿပီး သတိေပးဆိုင္းဘုတ္သာ ကပ္ထားႏိုင္ ေၾကာင္း ကခ်င္ျပည္နယ္အစိုးရ အဖြဲ႕ဝင္ေျပာဆို

ဖားကန္႔တြင္ ေနာက္ထပ္ေျမၿပိဳက်ႏိုင္သည့္ေနရာအမ်ားအျပားရွိၿပီး သတိေပးဆိုင္းဘုတ္သာ ကပ္ထားႏိုင္ ေၾကာင္း ကခ်င္ျပည္နယ္အစိုးရ အဖြဲ႕ဝင္ေျပာဆို

Share this post

ရန္ကုန္၊ ဇူလိုင္ – ၇

ကခ်င္ျပည္နယ္ ဖားကန္႔တြင္ ေနာက္ထပ္ေျမၿပိဳက်ႏိုင္သည့္ေနရာမွာ ၆ ေနရာမကဘဲ ေနရာအမ်ားအျပားရွိကာ လတ္တေလာ သတိေပးဆိုင္းဘုတ္သာ ကပ္ထားႏိုင္ေၾကာင္း ကခ်င္ျပည္နယ္အစိုးရအဖြဲ႕မွ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီး ဦးဒါရွီလဆိုင္းကေျပာသည္။

ေျမၿပိဳက်ႏိုင္သည့္ေနရာမ်ားကို အစီအမံမ်ားလုပ္ထားႏိုင္မႈႏွင့္ပတ္သက္၍ people media က ဆက္သြယ္ ေမးျမန္းရာတြင္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕မွ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီး ဦးဒါရွီလဆိုင္းက အတည္ျပဳေျပာၾကားခဲ့သည္။

“ထပ္ၿပီးၿပိဳက်ႏိုင္ေလာက္တယ္ဆိုတဲ့ေနရာက တကယ္တမ္းေျပာမယ္ဆိုရင္ ၆ ေနရာမကပါဘူး။ အမ်ားႀကီးပါပဲ။ တကယ့္ေရစုကန္ေတြကမ္းပါးေတြရွိေနတဲ့ေနရာေပါ႔ေနာ္။ ေနာက္ထပ္ၿပိဳက်ႏိုင္တဲ့ေနရာကေတာ့ ၂ ရက္ေန႔က ၿပိဳက်သြားတဲ့ေနရာလည္းပါတာေပါ႔။ ဒီေနရာကေတာ့ အထူးဇုန္အေနနဲ႔ ၾကည့္ရႈရမွာပဲ။ ဘာလို႔လဲဆိုေတာ့ အေပၚမွာက ေျမအက္ေၾကာင္းေတြအမ်ားႀကီးရွိေသးတယ္။ ေနာက္ထပ္ နတ္ေမွာ္-ေက်ာက္ႀကီးကုန္းနားမွာ လည္း ၿပိဳက်ႏိုင္တယ္။ ေကာင္စန္ဘုံနန္ဆိုတဲ့ ရြာနားမွာလည္း ၿပိဳက်ႏိုင္တယ္။ စေကာ့ေခ်ာင္းဖ်ား၊ စေကာ့ရြာ အေနာက္ဖက္၊ ဥ႐ုေခ်ာင္းအေရွ႕ဘက္ျခမ္း၊ အေနာက္ဘက္ျခမ္းမွာဆိုရင္ မမုံေနာက္က ျမစ္လယ္ေခ်ာင္မွာ ၿပိဳ က်ႏိုင္တယ္။ မဏမွာၿပိဳက်ႏိုင္တယ္။ မဏေလွ်ာ္ခမွာၿပိဳက်ႏိုင္တယ္။ ေနာက္ေမွာ္၀မ္းကေလး၊ ေမွာ္၀မ္းႀကီးတို႔ ေပါ႔။ ေနရာေတာ္ေတာ္မ်ားမ်ားကေတာ့ လတ္တေလာကေတာ့ သတိေပးဆိုင္းဘုတ္ကပ္ထားတာေလာက္ပဲ လုပ္ႏိုင္ေသးတယ္’’ဟု ၎ကေျပာသည္။

ဖားကန္႔ ေဝွခါေမွာ္တြင္ ဇူလိုင္ ၂ ရက္ေန႔က ေျမၿပိဳက်မႈေၾကာင့္ေရမေဆးေက်ာက္ရွာေဖြသူမ်ား လူဦးေရ ၁၇၀ ေက်ာ္ေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ ၅၀ ေက်ာ္ရွိခဲ့သည္။

အဆိုပါကိစၥရပ္အား ႏိုင္ငံေတာ္သမၼတမွ ဇူလိုင္ ၃ ရက္ေန႔တြင္ စုံစမ္းစစ္ေဆးေရးအဖြဲ႕တစ္ရပ္အား ဖြဲ႕စည္းေပး ခဲ့ၿပီး သယံဇာတ၊ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးအုန္း၀င္းအား ဥကၠ႒ အျဖစ္တာ၀န္ေပးအပ္ခဲ့သည္။

“ကြၽန္ေတာ္တို႔က ေပါင္းစပ္ညႇိႏႈိင္းေပးတဲ့အေပၚမွာပဲ ေဆာင္ရြက္တယ္။ အဓိက အမွန္တကယ္ေဆာင္ရြက္ရမွာ က သယံဇာတနဲ႔ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးဌာန ျပည္ေထာင္စုေပါ႔ေနာ္။ အဲဒီမွာ ဌာနကထား ထားတဲ့လုံးခင္း၊ ဖားန္႔တူးေဖာ္ေရးဌာနက အေထြေထြမန္ေနဂ်ာ အဲဒီမွာသူ႔႐ုံးရွိတယ္။ အဲဒီအဖြဲ႕ကေန သက္ဆိုင္ ရာေတြကို ဘယ္လိုဘယ္ပုံဆိုတာကို ႀကီးၾကပ္ေဆာင္ရြက္ေပးရမယ္။ ကြၽန္ေတာ္တို႔အေနနဲ႔က ေပါင္းစပ္ညႇိႏႈိင္းဖို႔ သူတို႔ကိုအႀကံျပဳတယ္။ ဘယ္ေနရာ၊ ဘယ္ေနရာကေတာ့ ေနာက္ထပ္ၿပိဳက်ႏိုင္ေသးတယ္။ အခုၿပိဳက်သြားတဲ့ ေနရာကိုလည္းႀကိမ္ဖန္မ်ားစြာ သူတို႔ကို ကြၽန္ေတာ္တို႔ကေျပာျပခဲ့ၿပီးၿပီ။ သို႔ေသာ္လည္း သူတို႔အေနနဲ႔က သမန္ ကာလွ်ံကာအေပၚယံေလာက္သာလွ်င္လုပ္ၿပီးေတာ့ ဘယ္ပုံဘယ္ေန စီမံခန္႔ခြဲဖို႔လိုအပ္တယ္ဆိုတာကို သူတို႔ အေနနဲ႔ တိတိက်က်မေတြ႕ရဘူး’’ဟု ေျမၿပိဳက်မႈျဖစ္စဥ္အား ၀န္ႀကီးဦးဒါရွီလဆိုင္းကေျပာသည္။

#PeopleMedia #ဖားကန္႔ #ကခ်င္ျပည္နယ္အစိုးရအဖြဲ႕

(unicode)
ဖားကန့်တွင် နောက်ထပ်မြေပြိုကျနိုင်သည့်နေရာအများအပြားရှိပြီး သတိပေးဆိုင်းဘုတ်သာ ကပ်ထားနိုင် ကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ပြောဆို
……………………………………………………

ရန်ကုန်၊ ဇူလိုင် – ရ

ကချင်ပြည်နယ် ဖားကန့်တွင် နောက်ထပ်မြေပြိုကျနိုင်သည့်နေရာမှာ ၆ နေရာမကဘဲ နေရာအများအပြားရှိကာ လတ်တလော သတိပေးဆိုင်းဘုတ်သာ ကပ်ထားနိုင်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကပြောသည်။

မြေပြိုကျနိုင်သည့်နေရာများကို အစီအမံများလုပ်ထားနိုင်မှုနှင့်ပတ်သက်၍ people media က ဆက်သွယ် မေးမြန်းရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက အတည်ပြုပြောကြားခဲ့သည်။

“ထပ်ပြီးပြိုကျနိုင်လောက်တယ်ဆိုတဲ့နေရာက တကယ်တမ်းပြောမယ်ဆိုရင် ၆ နေရာမကပါဘူး။ အများကြီးပါပဲ။ တကယ့်ရေစုကန်တွေကမ်းပါးတွေရှိနေတဲ့နေရာပေါ့နော်။ နောက်ထပ်ပြိုကျနိုင်တဲ့နေရာကတော့ ၂ ရက်နေ့က ပြိုကျသွားတဲ့နေရာလည်းပါတာပေါ့။ ဒီနေရာကတော့ အထူးဇုန်အနေနဲ့ ကြည့်ရှုရမှာပဲ။ ဘာလို့လဲဆိုတော့ အပေါ်မှာက မြေအက်ကြောင်းတွေအများကြီးရှိသေးတယ်။ နောက်ထပ် နတ်မှော်-ကျောက်ကြီးကုန်းနားမှာ လည်း ပြိုကျနိုင်တယ်။ ကောင်စန်ဘုံနန်ဆိုတဲ့ ရွာနားမှာလည်း ပြိုကျနိုင်တယ်။ စကော့ချောင်းဖျား၊ စကော့ရွာ အနောက်ဖက်၊ ဥရုချောင်းအရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းမှာဆိုရင် မမုံနောက်က မြစ်လယ်ချောင်မှာ ပြို ကျနိုင်တယ်။ မဏမှာပြိုကျနိုင်တယ်။ မဏလျှော်ခမှာပြိုကျနိုင်တယ်။ နောက်မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီးတို့ ပေါ့။ နေရာတော်တော်များများကတော့ လတ်တလောကတော့ သတိပေးဆိုင်းဘုတ်ကပ်ထားတာလောက်ပဲ လုပ်နိုင်သေးတယ်’’ဟု ၎င်းကပြောသည်။

ဖားကန့် ဝှေခါမှော်တွင် ဇူလိုင် ၂ ရက်နေ့က မြေပြိုကျမှုကြောင့်ရေမဆေးကျောက်ရှာဖွေသူများ လူဦးရေ ၁၇၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိခဲ့သည်။

အဆိုပါကိစ္စရပ်အား နိုင်ငံတော်သမ္မတမှ ဇူလိုင် ၃ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ရပ်အား ဖွဲ့စည်းပေး ခဲ့ပြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား ဥက္ကဋ္ဌ အဖြစ်တာဝန်ပေးအပ်ခဲ့သည်။

“ကျွန်တော်တို့က ပေါင်းစပ်ညှိနှိုင်းပေးတဲ့အပေါ်မှာပဲ ဆောင်ရွက်တယ်။ အဓိက အမှန်တကယ်ဆောင်ရွက်ရမှာ က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုပေါ့နော်။ အဲဒီမှာ ဌာနကထား ထားတဲ့လုံးခင်း၊ ဖားန့်တူးဖော်ရေးဌာနက အထွေထွေမန်နေဂျာ အဲဒီမှာသူ့ရုံးရှိတယ်။ အဲဒီအဖွဲ့ကနေ သက်ဆိုင် ရာတွေကို ဘယ်လိုဘယ်ပုံဆိုတာကို ကြီးကြပ်ဆောင်ရွက်ပေးရမယ်။ ကျွန်တော်တို့အနေနဲ့က ပေါင်းစပ်ညှိနှိုင်းဖို့ သူတို့ကိုအကြံပြုတယ်။ ဘယ်နေရာ၊ ဘယ်နေရာကတော့ နောက်ထပ်ပြိုကျနိုင်သေးတယ်။ အခုပြိုကျသွားတဲ့ နေရာကိုလည်းကြိမ်ဖန်များစွာ သူတို့ကို ကျွန်တော်တို့ကပြောပြခဲ့ပြီးပြီ။ သို့သော်လည်း သူတို့အနေနဲ့က သမန် ကာလျှံကာအပေါ်ယံလောက်သာလျှင်လုပ်ပြီးတော့ ဘယ်ပုံဘယ်နေ စီမံခန့်ခွဲဖို့လိုအပ်တယ်ဆိုတာကို သူတို့ အနေနဲ့ တိတိကျကျမတွေ့ရဘူး’’ဟု မြေပြိုကျမှုဖြစ်စဉ်အား ဝန်ကြီးဦးဒါရှီလဆိုင်းကပြောသည်။

#PeopleMedia #ဖားကန့် #ကချင်ပြည်နယ်အစိုးရအဖွဲ့


Share this post