• Follow Us on

Home လူ႔အခြင့္အေရးခ်ိဳးေဖာက္သည္ဟုဆိုၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ႏွင့္ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔ကို ၿဗိတိန္ပိတ္ဆို႔ အေရးယူ

လူ႔အခြင့္အေရးခ်ိဳးေဖာက္သည္ဟုဆိုၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ႏွင့္ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔ကို ၿဗိတိန္ပိတ္ဆို႔ အေရးယူ

Share this post

လန္ဒန္၊ ဇူလိုင္ ၇

၂၀၁၇ ခုႏွစ္ႏွင့္ ၂၀၁၉ ခုႏွစ္တို႔တြင္ ရခိုင္ျပည္နယ္က လူနည္းစုမြတ္ဆလင္ဘဂၤါလီ(ၿဗိတိန္အစိုးရထုတ္ျပန္ခ်က္ တြင္႐ိုဟင္ဂ်ာဟုသံုး)မ်ားကို ဖိႏွိပ္ခဲ့သည္ဟုဆိုကာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီး မင္း ေအာင္လႈိင္ႏွင့္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုး၀င္းတို႔ကို ၿဗိတိန္အစိုးရက ပိတ္ဆို႔အေရးယူမႈမ်ားျပဳလုပ္ခဲ့သည္။

မၾကာေသးမီႏွစ္မ်ားအတြင္း အဆိုးဆံုးလူ႔အခြင့္အေရးခ်ိဳးေဖာက္ခဲ့သည့္ျဖစ္ရပ္မ်ား ေနာက္ကြယ္မွ လူပုဂၢိဳလ္ႏွင့္ အဖြဲ႔အစည္းစုစုေပါင္း ၄၉ ခုကို ပိတ္ဆို႔အေရးယူရာတြင္ တပ္မေတာ္ေခါင္းေဆာင္မ်ားပါ၀င္ေနျခင္းျဖစ္သည္။

ထိုသူမ်ားကို ၿဗိတိန္ႏိုင္ငံအတြင္း၀င္ခြင့္ပိတ္ျခင္း၊ သူတို႔ပိုင္ဆိုင္သည့္ပစၥည္းမ်ားႏွင့္ အိမ္၊ ေျမမ်ားမွတစ္ဆင့္ ၿဗိတိန္စီးပြားေရးမွ အက်ိဳးအျမတ္ရျခင္း(သို႔မဟုတ္) ႏိုင္ငံအတြင္းေငြေၾကးထည့္သြင္းျခင္းမ်ား ပိတ္ပင္ၿပီး ပိတ္ ဆို႔အေရးယူျခင္းျဖစ္သည္။

ပိတ္ဆို႔အေရးယူခဲ့သူမ်ားမွာ ႏိုင္ငံေရးလုပ္ႀကံမႈမ်ားအပါအ၀င္ဥပေဒျပင္ပသတ္ျဖတ္မႈ၊ ႏွိပ္စက္မႈ၊ ႏွိမ္ခ်ဆက္ ဆံမႈ၊ အတင္းအၾကပ္အလုပ္ခိုင္းေစမႈႏွင့္ ကၽြန္ျပဳမႈမ်ားတြင္ပါ၀င္ေနၾကသည္ဟု ၿဗိတိန္ႏိုင္ငံျခားေရး၀န္ႀကီးဒိုမီနစ္ ရာအက္ဘ္ကေျပာသည္။

ယခုအေရးယူမႈမ်ားကို ၿဗိတိန္က ၂၀၁၈ ခုႏွစ္ ေငြေၾကးခဝါမႈဆန႔္က်င္တိုက္ဖ်က္ေရးႏွင့္ ပိတ္ဆို႔အေရးယူမႈဆိုင္ ရာဥပေဒအရ သတ္မွတ္ျခင္းျဖစ္သည္။

Ref : UK imposes sanctions against human rights abusers

#PeopleMedia

(unicode)
လူ့အခွင့်အရေးချိုးဖောက်သည်ဟုဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကို ဗြိတိန်ပိတ်ဆို့ အရေးယူ
…………………………………………………

လန်ဒန်၊ ဇူလိုင် ၇

၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ရခိုင်ပြည်နယ်က လူနည်းစုမွတ်ဆလင်ဘင်္ဂါလီ(ဗြိတိန်အစိုးရထုတ်ပြန်ချက် တွင်ရိုဟင်ဂျာဟုသုံး)များကို ဖိနှိပ်ခဲ့သည်ဟုဆိုကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ကို ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အဆိုးဆုံးလူ့အခွင့်အရေးချိုးဖောက်ခဲ့သည့်ဖြစ်ရပ်များ နောက်ကွယ်မှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းစုစုပေါင်း ၄၉ ခုကို ပိတ်ဆို့အရေးယူရာတွင် တပ်မတော်ခေါင်းဆောင်များပါဝင်နေခြင်းဖြစ်သည်။

ထိုသူများကို ဗြိတိန်နိုင်ငံအတွင်းဝင်ခွင့်ပိတ်ခြင်း၊ သူတို့ပိုင်ဆိုင်သည့်ပစ္စည်းများနှင့် အိမ်၊ မြေများမှတစ်ဆင့် ဗြိတိန်စီးပွားရေးမှ အကျိုးအမြတ်ရခြင်း(သို့မဟုတ်) နိုင်ငံအတွင်းငွေကြေးထည့်သွင်းခြင်းများ ပိတ်ပင်ပြီး ပိတ် ဆို့အရေးယူခြင်းဖြစ်သည်။

ပိတ်ဆို့အရေးယူခဲ့သူများမှာ နိုင်ငံရေးလုပ်ကြံမှုများအပါအဝင်ဥပဒေပြင်ပသတ်ဖြတ်မှု၊ နှိပ်စက်မှု၊ နှိမ်ချဆက် ဆံမှု၊ အတင်းအကြပ်အလုပ်ခိုင်းစေမှုနှင့် ကျွန်ပြုမှုများတွင်ပါဝင်နေကြသည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဒိုမီနစ် ရာအက်ဘ်ကပြောသည်။

ယခုအရေးယူမှုများကို ဗြိတိန်က ၂၀၁၈ ခုနှစ် ငွေကြေးခဝါမှုဆန့်ကျင်တိုက်ဖျက်ရေးနှင့် ပိတ်ဆို့အရေးယူမှုဆိုင် ရာဥပဒေအရ သတ်မှတ်ခြင်းဖြစ်သည်။

Ref : UK imposes sanctions against human rights abusers

#PeopleMedia


Share this post