• Follow Us on

Home တ႐ုတ္ဒံုးပ်ံမ်ားကို ေၾကာက္စရာမ႐ွိဟု အေမရိကန္ေရတပ္ေျပာ

တ႐ုတ္ဒံုးပ်ံမ်ားကို ေၾကာက္စရာမ႐ွိဟု အေမရိကန္ေရတပ္ေျပာ

Share this post

ဝါ႐ွင္တန္ဒီစီ၊ ဇူလိုင္ ၇

ပိုင္နက္အျငင္းပြားေနသည့္ ေတာင္တ႐ုတ္ပင္လယ္ျပင္သို႔ ေလယာဥ္တင္သေဘၤာႏွစ္စင္းပါသည့္ တိုက္ခိုက္ေရး တပ္ဖြဲ႕မ်ား ေစလႊတ္ထားခ်ိန္တြင္ တ႐ုတ္ဒုံးပ်ံမ်ားကို ေၾကာက္စရာမ႐ွိဟု အေမရိကန္ေရတပ္က ထုတ္ေျပာ သည္။

ေတာင္တ႐ုတ္ပင္လယ္တြင္ အေမရိကန္ေလယာဥ္တင္ေဘၤာမ်ား႐ွိေနခ်ိန္ သေဘၤာဖ်က္ဒံုးပ်ံမ်ား၏ တိုက္ခိုက္ ေရးစြမ္းရည္ကို တ႐ုတ္အစိုးရပိုင္ Global Times သတင္းစာကေဖာ္ျပခဲ့ၿပီးေနာက္ ယခုကဲ့သို႔ေျပာဆိုျခင္း ျဖစ္ သည္။

တ႐ုတ္လက္နက္မ်ားသည္ အေမရိကန္အတြက္ၿခိမ္းေျခာက္မႈတစ္ခုမဟုတ္သကဲ့သို႔ ေတာင္တ႐ုတ္ပင္လယ္မွ လည္း တပ္ဆုတ္မည္မဟုတ္ေၾကာင္း အေမရိကန္ေရတပ္က ဇူလိုင္ ၅ ရက္တြင္ တြစ္တာ၌ေျပာသည္။

ၿပီးခဲ့သည့္တစ္ပတ္မွစ၍ အေမရိကန္ေရတပ္မွေလယာဥ္တင္သေဘၤာ USS Nimitz ႏွင့္ USS Ronald Reagen ဦးေဆာင္သည့္တိုက္ခိုက္ေရးတပ္ဖြဲ႔က ေတာင္တ႐ုတ္ပင္လယ္တြင္ စစ္ေရးေလ့က်င္မႈလုပ္ေနသည္။

ယခုလအေစာပိုင္းတြင္ တ႐ုတ္ႏိုင္ငံက ဗီယက္နမ္ႏွင့္ပိုင္ဆိုင္မႈအျငင္းပြားေနသည့္ကၽြန္းတစ္ကၽြန္းအနီးတြင္ စစ္ေရးေလ့က်င့္မႈလုပ္ေနၿပီးေနာက္ အေမရိကန္သေဘၤာမ်ားစစ္ေရးေလ့က်င့္မႈလုပ္ေနျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ၆ ႏွစ္နီးပါးက ထိုသေဘၤာ ၂ စင္း ေတာင္တ႐ုတ္ပင္လယ္တြင္ စစ္ေရးေလ့က်င့္မႈလုပ္ၿပီးေနာက္ ယခုတစ္ႀကိမ္သည္ ထိုသေဘၤာမ်ား၏ပထမဆံုးေလ့က်င့္မႈျဖစ္သည္။ စစ္ေရးေလ့က်င့္မႈမ်ားတြင္ ေလေၾကာင္း ရန္ကာကြယ္ေရးေလ့က်င့္မႈမ်ား၊ နည္းဗ်ဴဟာေျမာက္ထိုးေဖာက္၀င္ေရာက္မႈေလ့က်င့္မႈမ်ား၊ တိုက္ခိုက္ရာတြင္ အဆင္သင့္ျဖစ္ေနေစရန္ႏွင့္ ေရေၾကာင္းစိုးမိုးမႈ႐ွိေစရန္ တာေ၀းေရေၾကာင္းတိုက္ခိုက္မႈဇာတ္တိုက္ေလ့ က်င့္မႈမ်ားႏွင့္ ေလေၾကာင္းႏွင့္ေရျပင္ပူးေပါင္းေလ့က်င့္မႈမ်ားပါ၀င္သည္ဟု အေမရိကန္ေရတပ္က ထုတ္ျပန္ သည္။

ဇူလိုင္ ၄ ရက္တြင္ လူဝီစီယားနားျပည္နယ္မွ B-52 Stratofortress ဗံုးႀကဲေလယာဥ္တစ္စင္းလည္း စစ္ေရး ေလ့က်င့္မႈတြင္ ပူးေပါင္းပါ၀င္လာသည္။

Ref : US Navy says it’s ‘not intimidated’ by China’s missiles as Beijing bristles over US aircraft carriers in South China Sea

#PeopleMedia

(unicode)
တရုတ်ဒုံးပျံများကို ကြောက်စရာမရှိဟု အမေရိကန်ရေတပ်ပြော
…………………………………………………………

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၇

ပိုင်နက်အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်ပြင်သို့ လေယာဉ်တင်သင်္ဘောနှစ်စင်းပါသည့် တိုက်ခိုက်ရေး တပ်ဖွဲ့များ စေလွှတ်ထားချိန်တွင် တရုတ်ဒုံးပျံများကို ကြောက်စရာမရှိဟု အမေရိကန်ရေတပ်က ထုတ်ပြော သည်။

တောင်တရုတ်ပင်လယ်တွင် အမေရိကန်လေယာဉ်တင်င်္ဘောများရှိနေချိန် သင်္ဘောဖျက်ဒုံးပျံများ၏ တိုက်ခိုက် ရေးစွမ်းရည်ကို တရုတ်အစိုးရပိုင် Global Times သတင်းစာကဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ပြောဆိုခြင်း ဖြစ် သည်။

တရုတ်လက်နက်များသည် အမေရိကန်အတွက်ခြိမ်းခြောက်မှုတစ်ခုမဟုတ်သကဲ့သို့ တောင်တရုတ်ပင်လယ်မှ လည်း တပ်ဆုတ်မည်မဟုတ်ကြောင်း အမေရိကန်ရေတပ်က ဇူလိုင် ၅ ရက်တွင် တွစ်တာ၌ပြောသည်။

ပြီးခဲ့သည့်တစ်ပတ်မှစ၍ အမေရိကန်ရေတပ်မှလေယာဉ်တင်သင်္ဘော USS Nimitz နှင့် USS Ronald Reagen ဦးဆောင်သည့်တိုက်ခိုက်ရေးတပ်ဖွဲ့က တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင်မှုလုပ်နေသည်။

ယခုလအစောပိုင်းတွင် တရုတ်နိုင်ငံက ဗီယက်နမ်နှင့်ပိုင်ဆိုင်မှုအငြင်းပွားနေသည့်ကျွန်းတစ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုလုပ်နေပြီးနောက် အမေရိကန်သင်္ဘောများစစ်ရေးလေ့ကျင့်မှုလုပ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၆ နှစ်နီးပါးက ထိုသင်္ဘော ၂ စင်း တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုလုပ်ပြီးနောက် ယခုတစ်ကြိမ်သည် ထိုသင်္ဘောများ၏ပထမဆုံးလေ့ကျင့်မှုဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုများတွင် လေကြောင်း ရန်ကာကွယ်ရေးလေ့ကျင့်မှုများ၊ နည်းဗျူဟာမြောက်ထိုးဖောက်ဝင်ရောက်မှုလေ့ကျင့်မှုများ၊ တိုက်ခိုက်ရာတွင် အဆင်သင့်ဖြစ်နေစေရန်နှင့် ရေကြောင်းစိုးမိုးမှုရှိစေရန် တာဝေးရေကြောင်းတိုက်ခိုက်မှုဇာတ်တိုက်လေ့ ကျင့်မှုများနှင့် လေကြောင်းနှင့်ရေပြင်ပူးပေါင်းလေ့ကျင့်မှုများပါဝင်သည်ဟု အမေရိကန်ရေတပ်က ထုတ်ပြန် သည်။

ဇူလိုင် ၄ ရက်တွင် လူဝီစီယားနားပြည်နယ်မှ B-52 Stratofortress ဗုံးကြဲလေယာဉ်တစ်စင်းလည်း စစ်ရေး လေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်လာသည်။

Ref : US Navy says it’s ‘not intimidated’ by China’s missiles as Beijing bristles over US aircraft carriers in South China Sea

#PeopleMedia


Share this post