• Follow Us on

Home AA ႏွင့္ ပတ္သက္ဆက္ႏြယ္မႈရွိၿပီး အားေပးကူညီခဲ့သူ အမာခံ ၈ ဦးအား အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ တရားစြဲဆိုမည္ျဖစ္ေၾကာင္း တပ္မေတာ္ထုတ္ျပန္

AA ႏွင့္ ပတ္သက္ဆက္ႏြယ္မႈရွိၿပီး အားေပးကူညီခဲ့သူ အမာခံ ၈ ဦးအား အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ တရားစြဲဆိုမည္ျဖစ္ေၾကာင္း တပ္မေတာ္ထုတ္ျပန္

Share this post

ရန္ကုန္၊ ဇူလိုင္-၇

AA ႏွင့္ ပတ္သက္ဆက္ႏြယ္မႈရွိၿပီး အားေပးကူညီခဲ့သူ အမာခံ ၈ ဦးအား အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ တရားစြဲဆိုမည္ျဖစ္ေၾကာင္း တပ္မေတာ္ကထုတ္ျပန္ လိုက္သည္။

ထုတ္ျပန္ခ်က္၌ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ ၂၆ ရက္ညဦးပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားသည္ နယ္ေျမလုံၿခဳံေရး လွည့္ကင္းတာ၀န္ထမ္းေဆာင္ေနစဥ္ေက်ာက္ျဖဴၿမိဳ႕နယ္၊ ကပ္သေျပေက်း႐ြာ၊ သိုင္းေခ်ာင္း-သစ္ပုတ္ေတာင္ကားလမ္းေဘးရွိ ကြမ္းယာဆိုင္၌ မသကၤာဖြယ္ လူတစ္စုအားေတြ႕ရွိ
ရ၍ စစ္ေဆးစဥ္ ၎တို႔ထဲမွ ၃ ဦးမွာ ႐ုတ္တရက္ထြက္ေျပးသျဖင့္ ဝိုင္းဝန္းပိတ္ဆို႔ဖမ္းဆီးခဲ့ရာ ကြမ္းယာဆိုင္တြင္ စုေဝးေနသည့္ ကပ္သေျပေက်း႐ြာေန ေမာင္လွျမင့္(ဘ)ဦးသာလွ၊ အသက္ ၂၆ ႏွစ္၊ စံလွေမာင္(ဘ)ဦးေဝႏုေအာင္၊ အသက္ ၃၂ ႏွစ္၊ ေအာင္တင္ေ႐ႊ(ဘ) ဦးေအာင္ခင္ထြန္း၊ အသက္ ၂၈ ႏွစ္၊ လွေမာင္သန္း(ဘ) ဦးေမာင္လွေခ်၊ အသက္ ၂၄ ႏွစ္၊ ေမာင္ငယ္(ဘ)ဦးထြန္းစံဦး၊ အသက္ ၂၉ ႏွစ္၊ လွႏုေအာင္(ဘ)ဦးေဝႏု၊ အသက္ ၃၀ ႏွစ္၊ စိုးလင္း(ခ)ကြန္က်ားေအာင္(ဘ)ဦးထြန္းေမာင္၊ အသက္ ၃၂ ႏွစ္၊ ခင္ဝင္းေမာင္(ဘ)ဦးလူျဖဴ၊ အသက္ ၂၁ ႏွစ္၊ ေမာင္သန္းလွိုင္ (ဘ)ဦးျဖဴႏုေအာင္၊ အသက္ ၂၄ ႏွစ္ႏွင့္ စိုင္ၿခဳံဒြိန္ေက်း႐ြာေန ေမာင္လွျမင့္(ဘ) ဦးေမာင္ေက်ာ္ျဖဴ၊ အသက္ ၆၀ ႏွစ္တို႔အား လက္ကိုင္ဖုန္း ၇ လုံး၊ အရိုး/အသြားပါ ၁၁ လက္မခြဲခန႔္ရွိ ဓားျမႇောင္ ၁ လက္ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

စစ္ေၾကာထြက္ဆိုခ်က္မ်ားအရ လွျမင့္သည္ ကပ္သေျပေက်း႐ြာေန ညိုျဖဴေအာင္ (ခ)ေအာင္ေအာင္ဆိုသူမွ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕သို႔ ဝင္ေရာက္ရန္ စည္း႐ုံးခဲ့ေၾကာင္း၊ ညိုျဖဴေအာင္သည္ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕တြင္ ၄၅ ရက္ခန႔္ သင္တန္းတက္ေရာက္ခဲ့ၿပီး တပ္သားအဆင့္ရွိသူျဖစ္ေၾကာင္း၊ ဧၿပီလ မွစ၍ ကပ္သေျပေက်း႐ြာအတြင္း အိမ္ေထာင္စုတစ္စုလွ်င္ ဆက္ေၾကးေငြ ၃၀၀၀ က်ပ္ ႏွင့္ ဆန္၊ ဆီစေသာ ရိကၡာမ်ားအား လစဥ္ေကာက္ခံေပးရေၾကာင္း၊ ေကာက္ခံရရွိေသာ ေငြႏွင့္ရိကၡာမ်ားအား စိုးလင္း(ခ)ကြန္က်ားေအာင္မွတစ္ဆင့္ ညိုျဖဴေအာင္(ခ)ေအာင္ေအာင္ ထံေပးပို႔ရၿပီး ေက်ာက္ျဖဴၿမိဳ႕နယ္၏နယ္ေျမ စည္း႐ုံးေရးတာဝန္ခံျဖစ္သူ ထြန္းခင္ထံ စာရင္းျပဳစုေပးရေၾကာင္း၊ စိုင္ၿခဳံေက်း႐ြာအုပ္စုစာေရး ဦးစိုးမင္းထြန္း အသတ္ခံရမႈတြင္ ျပစ္မႈက်ဴးလြန္သူမ်ားျဖစ္သည့္ ထြန္းခင္ႏွင့္ညိုျဖဴေအာင္တို႔အဖြဲ႕အား ဆိုင္ကယ္မ်ား ျဖင့္ သိုင္းေခ်ာင္းမွစိုင္ၿခဳံသို႔ လိုက္လံပို႔ေဆာင္ေပးရေၾကာင္း၊ ၎၏ဖုန္းအတြင္း၌ Whats Application တြင္ 002Arakan Dream အမည္ျဖင့္ Group ဖြဲ႕ထားၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏လုပ္ရွားမႈမ်ားအား သတင္းေပးျခင္းမ်ားကို အသံဖိုင္မ်ားျဖင့္ ေပးပို႔မႈမ်ားျပဳလုပ္ထားေၾကာင္း၊ ဖမ္းဆီးထိန္းသိမ္းထားသူမ်ားအနက္ ခင္ဝင္းေမာင္ ႏွင့္ ေမာင္သန္းလွိုင္ တို႔မွအပ က်န္ ၈ ဦးအား ညိုျဖဴေအာင္(ခ)ေအာင္ေအာင္မွ စည္း႐ုံး သိမ္းသြင္းခဲ့ေၾကာင္း၊ ၎တို႔အဖြဲ႕သည္ ၂၀၂၀ ျပည့္ႏွစ္၊ မတ္လတြင္ သိုင္းေခ်ာင္း ေက်း႐ြာ၊ ေမလတြင္ ေခ်ာင္းဖ်ားေက်း႐ြာႏွင့္ စိုင္ၿခဳံေက်း႐ြာတို႔တြင္ စည္း႐ုံးေရး သြားေရာက္ေဆာင္႐ြက္ခဲ့ေၾကာင္း သတင္းေဖာ္ထုတ္ရရွိေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ စစ္ေၾကာေဖာ္ထုတ္ခ်က္မ်ားအရ ခင္ဝင္းေမာင္ႏွင့္ ေမာင္သန္းလွိုင္ မွအပ က်န္ ၈ ဦးသည္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္ ဆက္ႏြယ္မႈရွိၿပီး အားေပးကူညီခဲ့ေၾကာင္း ေဖာ္ထုတ္ရရွိသျဖင့္ ၎တို႔အား ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ ၄ ရက္တြင္ ေက်ာက္ျဖဴၿမိဳ႕မရဲစခန္းသို႔ စနစ္တက်လႊဲေျပာင္း ေပးအပ္ခဲ့ၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒႏွင့္အညီ တရားစြဲဆိုအေရးယူသြား မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

#PeopleMedia

[Unicode]
AA နှင့် ပတ်သက်ဆက်နွယ်မှုရှိပြီး အားပေးကူညီခဲ့သူ အမာခံ ၈ ဦးအား အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်
……………………………………………………………………………….

ရန်ကုန်၊ဇူလိုင်-၇

AA နှင့် ပတ်သက်ဆက်နွယ်မှုရှိပြီး အားပေးကူညီခဲ့သူ အမာခံ ၈ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း တပ်မတော်ကထုတ်ပြန် လိုက်သည်။

ထုတ်ပြန်ချက်၌ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်ညဦးပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေး လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ်ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာ၊ သိုင်းချောင်း-သစ်ပုတ်တောင်ကားလမ်းဘေးရှိ ကွမ်းယာဆိုင်၌ မသင်္ကာဖွယ် လူတစ်စုအားတွေ့ရှိ
ရ၍ စစ်ဆေးစဉ် ၎င်းတို့ထဲမှ ၃ ဦးမှာ ရုတ်တရက်ထွက်ပြေးသဖြင့် ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ ကွမ်းယာဆိုင်တွင် စုဝေးနေသည့် ကပ်သပြေကျေးရွာနေ မောင်လှမြင့်(ဘ)ဦးသာလှ၊ အသက် ၂၆ နှစ်၊ စံလှမောင်(ဘ)ဦးဝေနုအောင်၊ အသက် ၃၂ နှစ်၊ အောင်တင်ရွှေ(ဘ) ဦးအောင်ခင်ထွန်း၊ အသက် ၂၈ နှစ်၊ လှမောင်သန်း(ဘ) ဦးမောင်လှချေ၊ အသက် ၂၄ နှစ်၊ မောင်ငယ်(ဘ)ဦးထွန်းစံဦး၊ အသက် ၂၉ နှစ်၊ လှနုအောင်(ဘ)ဦးဝေနု၊ အသက် ၃၀ နှစ်၊ စိုးလင်း(ခ)ကွန်ကျားအောင်(ဘ)ဦးထွန်းမောင်၊ အသက် ၃၂ နှစ်၊ ခင်ဝင်းမောင်(ဘ)ဦးလူဖြူ၊ အသက် ၂၁ နှစ်၊ မောင်သန်းလှိုင် (ဘ)ဦးဖြူနုအောင်၊ အသက် ၂၄ နှစ်နှင့် စိုင်ခြုံဒွိန်ကျေးရွာနေ မောင်လှမြင့်(ဘ) ဦးမောင်ကျော်ဖြူ၊ အသက် ၆၀ နှစ်တို့အား လက်ကိုင်ဖုန်း ၇ လုံး၊ အရိုး/အသွားပါ ၁၁ လက်မခွဲခန့်ရှိ ဓားမြှောင် ၁ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ကြောထွက်ဆိုချက်များအရ လှမြင့်သည် ကပ်သပြေကျေးရွာနေ ညိုဖြူအောင် (ခ)အောင်အောင်ဆိုသူမှ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သို့ ဝင်ရောက်ရန် စည်းရုံးခဲ့ကြောင်း၊ ညိုဖြူအောင်သည် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွင် ၄၅ ရက်ခန့် သင်တန်းတက်ရောက်ခဲ့ပြီး တပ်သားအဆင့်ရှိသူဖြစ်ကြောင်း၊ ဧပြီလ မှစ၍ ကပ်သပြေကျေးရွာအတွင်း အိမ်ထောင်စုတစ်စုလျှင် ဆက်ကြေးငွေ ၃၀၀၀ ကျပ် နှင့် ဆန်၊ ဆီစသော ရိက္ခာများအား လစဉ်ကောက်ခံပေးရကြောင်း၊ ကောက်ခံရရှိသော ငွေနှင့်ရိက္ခာများအား စိုးလင်း(ခ)ကွန်ကျားအောင်မှတစ်ဆင့် ညိုဖြူအောင်(ခ)အောင်အောင် ထံပေးပို့ရပြီး ကျောက်ဖြူမြို့နယ်၏နယ်မြေ စည်းရုံးရေးတာဝန်ခံဖြစ်သူ ထွန်းခင်ထံ စာရင်းပြုစုပေးရကြောင်း၊ စိုင်ခြုံကျေးရွာအုပ်စုစာရေး ဦးစိုးမင်းထွန်း အသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ထွန်းခင်နှင့်ညိုဖြူအောင်တို့အဖွဲ့အား ဆိုင်ကယ်များ ဖြင့် သိုင်းချောင်းမှစိုင်ခြုံသို့ လိုက်လံပို့ဆောင်ပေးရကြောင်း၊ ၎င်း၏ဖုန်းအတွင်း၌ Whats Application တွင် 002Arakan Dream အမည်ဖြင့် Group ဖွဲ့ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လုပ်ရှားမှုများအား သတင်းပေးခြင်းများကို အသံဖိုင်များဖြင့် ပေးပို့မှုများပြုလုပ်ထားကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူများအနက် ခင်ဝင်းမောင် နှင့် မောင်သန်းလှိုင် တို့မှအပ ကျန် ၈ ဦးအား ညိုဖြူအောင်(ခ)အောင်အောင်မှ စည်းရုံး သိမ်းသွင်းခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် သိုင်းချောင်း ကျေးရွာ၊ မေလတွင် ချောင်းဖျားကျေးရွာနှင့် စိုင်ခြုံကျေးရွာတို့တွင် စည်းရုံးရေး သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သတင်းဖော်ထုတ်ရရှိကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် စစ်ကြောဖော်ထုတ်ချက်များအရ ခင်ဝင်းမောင်နှင့် မောင်သန်းလှိုင် မှအပ ကျန် ၈ ဦးသည် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက် ဆက်နွယ်မှုရှိပြီး အားပေးကူညီခဲ့ကြောင်း ဖော်ထုတ်ရရှိသဖြင့် ၎င်းတို့အား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၄ ရက်တွင် ကျောက်ဖြူမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#PeopleMedia


Share this post