• Follow Us on

Home B-1B ဗုံးကြဲလေယာဉ် ၁၇ စင်းအနက် နောက်ဆုံးလေယာဉ်ကို လေယာဉ်သင်္ချိုင်းသို့ ပို့ဆောင်

B-1B ဗုံးကြဲလေယာဉ် ၁၇ စင်းအနက် နောက်ဆုံးလေယာဉ်ကို လေယာဉ်သင်္ချိုင်းသို့ ပို့ဆောင်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၅ (People Media)

 

အမေရိကန်လေတပ်သည် လေတပ်တွင် သက်တမ်းအရင့်ဆုံးနှင့် ပျက်စီးမှုအများဆုံးဖြစ်သော B-1B လေဆာ ဗုံးကြဲလေယာဉ် ၁၇ စင်းအနက်မှ နောက်ဆုံးတစ်စင်းကို လေယာဉ်သင်္ချိုင်းသို့ပို့လိုက်ကြောင်းသိရသည်။

 

အဆိုပါနောက်ဆုံးလေယာဉ်သည် ကယ်လီဖိုးနီးယားပြည်နယ် အက်ဒ်ဝပ်လေတပ်အခြေစိုက်စခန်းမှ အရီဇိုးနား ပြည်နယ် ဒေးဗစ်မွန်သန်လေတပ်အခြေစိုက်စခန်းရှိလေယာဉ်သင်္ချိုင်းသို့  ကြာသာပတေးနေ့က ပျံသန်းလာခြင်း ဖြစ်သည်။ ယခုလေယာဉ်အုပ်စုတွင်ပါဝင်သည့် ပထမဦးဆုံးအနားပေးခံရသောလေယာဉ်မှာ ဖေဖော်ဝါရီလအ တွင်းက လေယာဉ်သင်္ချိုင်းသို့ ပျံသန်းခဲ့သည်။

 

B-1B ဗုံးကြဲလေယာဉ်များကို အနားပေးခြင်းမှာ လက်ရှိထုတ်လုပ်ဆဲဖြစ်သော B-21 Raider တာဝေးဗုံးကြဲလေ ယာဉ်များကို နေရာပေးရန်အတွက် အမေရိကန်လေတပ်၏ ကြိုးပမ်းမှုထဲမှ အဓိကခြေလှမ်းတစ်ရပ်ဖြစ်သည်။

 

၁၉၈၀ ပြည့်နှစ်များတွင် စတင်အသုံးပြုခဲ့သော B-1B ဗုံးကြဲလေယာဉ်အုပ်စုမှာ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်အ တွင်း စစ်ဆင်ရေးတာဝန်များကိုထမ်းဆောင်ခဲ့သည့် လေယာဉ်များဖြစ်ပြီး ဆက်လက်ပြုပြင်ထိန်းသိမ်းရန် အ ခက်အခဲရှိပြီး စစ်ဆင်ရေးတွင်သုံးစွဲရန် ပြဿနာကြီးကြီးမားမားရှိနေကြောင်းသိရသည်။

 

B-1B ဗုံးကြဲလေယာဉ်များကို အရှေ့အလယ်ပိုင်းတွင် တပ်ဖြန့်ချထားရာ၌ ကုန်ကျစရိတ်အလွန်ကြီးမားလွန်း ကြောင်း အမေရိကန်လေတပ်ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်ရေးဌာနချုပ်အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါအငြိမ်းစားယူပြီးဖြစ်သည့် ဗိုလ်ချုပ်ကြီးတင်မိုသီရေးက ၂၀၁၉ ခုနှစ်တွင် ပြောကြားခဲ့သည်။ နောက် တစ်နှစ်ခန့်အကြာတွင် ထိုစဉ်က B-1B ဗုံးကြဲလေယာဉ် ၆၂ စင်းရှိသည့်အနက် ခြောက်စင်းသာ စစ်ဆင်ရေးတာ ဝန်ပျံသန်းထမ်းဆောင်နိုင်တော့ကြောင်း ထိုစဉ်ကဗိုလ်ချုပ်ကြီးဖြစ်ပြီး ယခု ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌဖြစ် သူ ဂျွန်ဟိုင်တန်ကပြောသည်။

 

B-21 Raider တာဝေးဗုံးကြဲလေယာဉ်များမရသေးချိန်တွင် B-1B ဗုံးကြဲလေယာဉ်များကို စစ်ဆင်ရေးတွင်ပြန် လည်အသုံးပြုနိုင်လောက်သည့်အခြေအနေအထိ ပြုပြင်ရမည်ဆိုပါက လေယာဉ်တစ်စင်းကို ဒေါ်လာ ၁၀ သန်း မှ သန်း ၃၀ အထိ ကုန်ကျမည်ဖြစ်ကြောင်း လေတပ်ကပြောသည်။ ထိုသို့အသုံးပြုမည့်အစား ယင်းလေယာဉ် များကိုအနားပေးလိုက်ခြင်းကြောင့် အမေရိကန်လေတပ်ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်ရေးဌာနအနေဖြင့်  ကျန်ရှိ နေသောဗုံးကြဲလေယာဉ်များ ဆက်လက်ပြုပြင်ထိန်းသိမ်းရေးကို ပိုမိုအာရုံစိုက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

အမေရိကန်လေတပ်သည် B-1B ဗုံးကြဲလေယာဉ်များနှင့် B-2 Spirit ဗုံးကြဲလေယာဉ်များကို ၂၀၃၀ ပြည့်နှစ် မ တိုင်မီ အနားပေးရန်စီစဉ်ထားပြီး B-21 Raider တာဝေးဗုံးကြဲလေယာဉ်များ ဆက်လက်ထုတ်လုပ်သွားရန်နှင့် B-52 Stratofortresses ဗုံးကြဲလေယာဉ်များကို အဆင့်မြှင့်တင်ထားသော အင်ဂျင်များနှင့် ပြန်လည်တည် ဆောက်သွားရန် စီစဉ်ထားသည်။

 

Ref: Last of 17 Retired B-1s Sent to Boneyard as Air Force Preps for B-21s

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Last of 17 Retired B-1s Sent to Boneyard as Air Force Preps for B-21s

 

#PeopleMedia


Share this post