Latest International News in Myanmar
အမေရိကန်သမ္မတက ကိုရိုနာဗိုင်းရပ်စ်ထောက်ပံ့ရေးဥပဒေကို လွှတ်တော်တွင်ပြန်ဆွေးနွေးခိုင်းပြီးနောက် လွှတ်တော်နှစ်ရပ်တွင် အဓိကပါတီ ၂ ခုအကြီးအကျယ်ငြင်းခုံနေ
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၅ ကွန်ဂရက်လွှတ်တော်ကအတည်ပြုခဲ့သည့်ကိုရိုနာဗိုင်းရပ်စ်ထောက်ပံ့ရေးဥပဒေကို ပြောင်းလဲမှုများပြုလုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က လက်မှတ်ထိုးအတည်မပြုဘဲ လွှတ်တော်သို့ပြန်ပို့ခဲ့ပြီးနောက် စီးပွားရေးနှိုးဆွမည့်အမေရိကန်ဒေါ်လာ သန်း ၉၀၀၀၀၀ တန်ဖိုးရှိဥပဒေကြမ်းကိုပြင်ဆင်ရန် အာဏာရရီပတ်ဘလစ်ကန်နှင့် အတိုက်အခံဒီမိုကရတ်များက တဖက်၏ကြိုးစားမှုကို တဖက်က လိုက်လံပိတ်ဆို့နေသည်။ ကိုရိုနာဗိုင်းရပ်စ်စီးပွားရေးထောက်ပံ့ရေးဥပဒေကြမ်းသည် […]
Read Moreဥရောပသမဂ္ဂမှဗြိတိန်နုတ်ထွက်မှုနောက်ပိုင်း နှစ်ဖက်ကုန်သွယ်ရေးသဘောတူညီမှုရရှိ
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၅ ဥရောပသမဂ္ဂမှဗြိတိန်နုတ်ထွက်မှုကြောင့် စီးပွားရေးအထိပ်တလန့်ဖြစ်မှုကိုလျော့ပါးစေရန် ၁၀ လကြာ အကြိတ်အနယ်ဆွေးနွေးခဲ့ပြီးနောက်ပိုင်း ကုန်သွယ်ရေးသဘောတူညီချက်တခုကို ဗြိတိန်နှင့်ဥရောပသမဂ္ဂ(အီးယူ)တို့ ဒီဇင်ဘာ ၂၄ ရက်တွင် သဘောတူနိုင်ခဲ့သည်။ သဘောတူညီချက်အရ ယခုနှစ်အကုန်တွင် အီးယူဈေးကွက်မှဗြိတိန်ထွက်သွားပါက ရာစုနှစ်တဝက်နီးပါးရင်းနှီးသည့်ဆက်ဆံရေးရှိသည့်ဗြိတိန်နှင့်အီးယူတို့ကြားအကွဲအပြဲများရှိမည်ဖြစ်သော်လည်း ကုန်စည်များအပေါ် စည်းကြပ်မှုများကြုံရမည်မဟုတ်ချေ။ […]
Read Moreအစိုးရရုံးအပါအဝင် ထိုင်းမှနေရာအများအပြားတွင် မီးရှို့မှုများဖြစ်ပွား
ပတ်တာနီ၊ ဒီဇင်ဘာ ၂၅ ထိုင်းနိုင်ငံ၊ ဆိုင်ဘူရီမြို့တွင် စိုက်ပျိုးရေးခြံသုံးထရပ်ကား ၂ စီး၊ ဒေသအစိုးရရုံးနှင့် လုံခြုံရေးကင်မရာ ၁၀ လုံးကို သောကြာနေ့မနက်ပိုင်းတွင် မီးရှို့မှုများဖြစ်ပွားခဲ့သည်။ မနက် ၂ နာရီခန့်တွင် နရာသီဝတ်ခရိုင်ရှိ […]
Read Moreခရစ္စမတ်အကြိုညတွင် မလေးရှား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၁ သိန်းကျော်နေ
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚) မလေးရှားနိုင်ငံတွင် ကြာသပတေးနေ့၌ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁၅၈၁ ယောက်ထပ်တိုးလာပြီးနောက် ကူးစက်မှု ၁ သိန်းကျော်ရှိနေသည်။ ၂ ယောက်က ပြည်ပပြန်များဖြစ်ပြီး ၁၅၇၉ ယောက်သည် ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်း မလေးရှားကျန်း […]
Read Moreနောက်ထပ်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတခု နိုင်ဂျီရီးယားတွင်တွေ့ရ
နိုင်ရိုဘီ၊ ဒီဇင်ဘာ ၂၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚) နိုဗယ်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတမျိုးကို နိုင်ဂျီရီးယားနိုင်ငံတွင်တွေ့ရှိကြောင်း အာဖရိကတိုက်ရောဂါထိန်းချုပ်ရေး ဗဟိုဌာနအကြီးအကဲ ဂျွန် နန်ဂါဆောင် က ဒီဇင်ဘာ ၂၄ ရက်တွင်ပြောပြီး နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်ရန်လိုအပ်ကြောင်းလည်း သတိပေးသည်။ ဗြိတိန်နှင့်တောင်အာဖရိကတို့တွင် ပိုမိုကူးစက်မြန်သည့်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ […]
Read More




