Latest International News in Myanmar
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဆန့်ကျင်သည့်အကြောင်းအရာများကို ဖယ်ရှားမည်မဟုတ်ဟု မာ့က် ဇက်ကာဘာ့ဂ်ျပြော
ဝါရှင်တန်၊ စက်တင်ဘာ ၁၁ COVID-19 နှင့်ပတ်သက်၍သတင်းမှားများကိုဖျက်ချနိုင်ရန်လုပ်ဆောင်နေသော်လည်း ကာကွယ်ဆေး ဆန့်ကျင်သောလှုပ်ရှားမှုများမှ ကာကွယ်ဆေးများကိုဝေဖန်သောအကြောင်းအရာများနှင့်ပတ်သက်၍ ပိုပြီးချီတုံချတုံဖြစ်နေကြောင်း ဖေ့စ်ဘွတ်ကုမ္ပဏီအမှုဆောင်အရာရှိချုပ် မာ့က် ဇက်ကာဘာ့ဂ်ျကတွေ့ ဆုံမေးမြန်းမှုတစ်ခုတွင်ပြောသည်။ လူအများသိထားသည့်လူ့အသိုက်အ၀န်းကို သူ၏လူမှုကွန်ရက်ပလက်ဖောင်းက မဖျက်ဆီးဟုယုံကြည်ေ ကြာင်းလည်းပြောသည်။ Axios သတင်းဌာနနှင့်ဗုဒ္ဓဟူးနေ့ကတွေ့ဆုံမေးမြန်းမှုတွင် ဖေ့စ်ဘွတ်က […]
Read Moreအင်ဒိုနီးရှားလေတပ်သို့ တိုင်ဖွန်းတိုက်လေယာဉ် ၁၅ စင်း ရောင်းချရန် သြစတြီးယား သဘောတူ
နိုင်ငံတကာ၊ စက်တင်ဘာ ၁၁ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီယန်တို၏ အီးအက်ဖ်-၂၀၀၀ တိုင်ဖွန်းတိုက်လေယာဉ် ၁၅ စင်း ဝယ်ယူရန်အဆိုပြုမှု စာတစ်စောင်ကို သြစတြီးယား ကာကွယ်ရေးဝန်ကြီး ကလော်ဒီယာတန်နာက အပြု သဘောဆောင်စွာ တုံ့ပြန်ခဲ့ကြောင်း သိရသည်။ သြစတြီးယားနိုင်ငံက […]
Read MoreCOVID-19 တုံ့ပြန်ရေး ထောက်ပံ့ငွေထပ်တိုးရန် ကုလသမဂ္ဂတောင်းဆို
ဂျီနီဗာ၊ စက်တင်ဘာ ၁၀ ကမ္ဘာ့ကပ်ရောဂါစတင်ပြီး ၆ လအကြာတွင် ကမ္ဘာတ၀န်းသေဆုံးသူ ၉ သိန်းကျော်သွားပြီးနောက် ကိုရိုနာဗိုင်းရပ်စ်သစ်ကိုတိုက်ခိုက်ရာတွင် ငွေကြေးထောက်ပံ့မှုပိုများလာစေရန် ကုလသမဂ္ဂအဖွဲ့က ကြာသပတေးနေ့တွင်တောင်းဆိုသည်။ ကူးစက်သေဆုံးသူများမြင့်တက်လာသဖြင့် သတိပေးနေပြီး ကိုရိုနာဗိုင်းရပ်စ်အစီအမံများတင်းကြပ်ရေး ဆုံးဖြတ်ရန် အရေးကြီးအစည်းအဝေးမတိုင်မီ ပြီးခဲ့သည့် ၂၄ […]
Read Moreနယ်စပ်တပ်ဖွဲ့များရုတ်သိမ်းရန် တရုတ်နှင့်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများသဘောတူ
နယူးဒေလီ၊ စက်တင်ဘာ ၁၁ နယ်စပ်ထိပ်တိုက်ရင်ဆိုင်နေသည့်တပ်ဖွဲ့များကို အမြန်ဆုံးဖြုတ်သိမ်းရမည်ဟု သဘောတူခဲ့ကြောင်း အိန္ဒိယနှင့်တရုတ်နိုင်ငံတို့၏နိုင်ငံခြားရေးဝန်ကြီးများ၏သောကြာနေ့ပူးတွဲထုတ်ပြန်ချက်တွင်ပါဝင်သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ် ယီတို့ ကြာသပတေးနေ့တွင် ရုရှားနိုင်ငံမြို့တော်မော်စကိုမြို့မှညီလာခံတစ်ခု၏ကြားဖြတ်ဆွေးနွေးမှုများတွင် သဘောတူခဲ့ပြီး ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်းအဆိုးဆုံးဖြစ်နေသည့် နယ်မြေမသတ်မှတ်နိုင်သောနယ်စပ်တွင် လပေါင်းများစွာ […]
Read Moreတောင်တရုတ်ပင်လယ်တွင် စစ်လက်နက်တပ်ဆင်ရေးမောင်းနှင်သူ အမေရိကန်ဖြစ်လာ
ဟောင်ကောင်၊ စက်တင်ဘာ ၁၀ အမေရိကန်ပြည်ထောင်စုသည် ကိုယ်ပိုင်နိုင်ငံရေးလိုအပ်ချက်ကြောင့် တောင်တရုတ်ပင်လယ်မှ နယ်မြေနှင့်ရေပိုင်နက်အငြင်းပွားမှုများတွင် တိုက်ရိုက်ကြားဖြတ်စွက်ဖက်နေသည်ဟု တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။ ဒေသတွင်းစစ်လက်နက်တပ်ဆင်ရေးအဓိကမောင်းနှင်သူလည်း ဖြစ်လာသည်ဟု ၀မ်ကပြောသည်။ အာဆီယံနှင့်တရုတ် နိုင်ငံခြားရေးဝန်ကြီးများဗီဒီယိုညီလာခံတွင် ၀မ်က ယခုကဲ့သို့မှတ်ချက်ပြုခြင်းဖြစ်သည်။ “ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဟာ တောင်တရုတ်ပင်လယ်မှာ […]
Read More




