• Follow Us on

Home COVID-19 တံု႔ျပန္ေရး ေထာက္ပံ့ေငြထပ္တိုးရန္ ကုလသမဂၢေတာင္းဆို

COVID-19 တံု႔ျပန္ေရး ေထာက္ပံ့ေငြထပ္တိုးရန္ ကုလသမဂၢေတာင္းဆို

Share this post

ဂ်ီနီဗာ၊ စက္တင္ဘာ ၁၀

ကမာၻ႔ကပ္ေရာဂါစတင္ၿပီး ၆ လအၾကာတြင္ ကမာၻတ၀န္းေသဆံုးသူ ၉ သိန္းေက်ာ္သြားၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္သစ္ကိုတိုက္ခိုက္ရာတြင္ ေငြေၾကးေထာက္ပံ့မႈပိုမ်ားလာေစရန္ ကုလသမဂၢအဖြဲ႔က ၾကာသပေတးေန႔တြင္ေတာင္းဆိုသည္။

ကူးစက္ေသဆံုးသူမ်ားျမင့္တက္လာသျဖင့္ သတိေပးေနၿပီး ကို႐ိုနာဗိုင္းရပ္စ္အစီအမံမ်ားတင္းၾကပ္ေရး ဆံုးျဖတ္ရန္ အေရးႀကီးအစည္းအေ၀းမတိုင္မီ ၿပီးခဲ့သည့္ ၂၄ နာရီအတြင္း ျပင္သစ္ႏိုင္ငံတြင္ ကူးစက္အတည္ျပဳလူနာ ၁၀၀၀၀ နီးပါးျမင့္တက္ခဲ့သည္။

ကမာၻ႕က်န္းမာေရးအဖြဲ႔(W.H.O)က ဦးေဆာင္ၿပီး ကုသမႈႏွင့္ကာကြယ္ေဆးမ်ား႐ွာေဖြရန္ ကမာၻ႔ႏိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္မည့္ ACT-Accelerator အစီအစဥ္ကို ေငြေၾကးေထာက္ပံ့ရန္ လာမည့္ ၃ လအတြင္း အေမရိကန္ေဒၚလာသန္း ၁၅၀၀၀ ႐ွာေဖြၾကရန္ ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္ အန္တိုနီယို ဂူတားရက္စ္က အဖြဲ႔၀င္ႏိုင္ငံမ်ားကိုတိုက္တြန္းသည္။

အေမရိကန္ေဒၚလာသန္း ၃၀၀၀ နီးပါးလွဴဒါန္းၿပီးေသာ္လည္း စတင္မႈမွအ႐ွိန္ႁမွင့္တင္မႈအျဖစ္ေျပာင္းလဲရန္ ေဒၚလာသန္း ၃၅၀၀၀ လိုအပ္ေနၿပီး လာမည့္ ၃ လအတြင္း သန္း ၁၅၀၀၀ လိုအပ္ေနေၾကာင္းလည္း မစၥတာ ဂူတားရက္စ္ကေျပာသည္။

ၿပီးခဲ့သည့္ႏွစ္၊ ဒီဇင္ဘာက တ႐ုတ္ႏိုင္ငံတြင္စတင္ေတြ႕႐ွိၿပီးေနာက္ ကမာၻတ၀န္းတြင္ ဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၉၀၄၅၀၀ ေက်ာ္႐ွိေနၿပီး ကူးစက္ခံရသူ၂၇.၉ သန္း႐ွိေနသည္။

Ref : UN seeks ‘quantum leap’ in funding for COVID-19 fight

#PeopleMedia

(unicode)
COVID-19 တုံ့ပြန်ရေး ထောက်ပံ့ငွေထပ်တိုးရန် ကုလသမဂ္ဂတောင်းဆို
…………………………………………

ဂျီနီဗာ၊ စက်တင်ဘာ ၁၀

ကမ္ဘာ့ကပ်ရောဂါစတင်ပြီး ၆ လအကြာတွင် ကမ္ဘာတဝန်းသေဆုံးသူ ၉ သိန်းကျော်သွားပြီးနောက် ကိုရိုနာဗိုင်းရပ်စ်သစ်ကိုတိုက်ခိုက်ရာတွင် ငွေကြေးထောက်ပံ့မှုပိုများလာစေရန် ကုလသမဂ္ဂအဖွဲ့က ကြာသပတေးနေ့တွင်တောင်းဆိုသည်။

ကူးစက်သေဆုံးသူများမြင့်တက်လာသဖြင့် သတိပေးနေပြီး ကိုရိုနာဗိုင်းရပ်စ်အစီအမံများတင်းကြပ်ရေး ဆုံးဖြတ်ရန် အရေးကြီးအစည်းအဝေးမတိုင်မီ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြင်သစ်နိုင်ငံတွင် ကူးစက်အတည်ပြုလူနာ ၁၀၀၀၀ နီးပါးမြင့်တက်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က ဦးဆောင်ပြီး ကုသမှုနှင့်ကာကွယ်ဆေးများရှာဖွေရန် ကမ္ဘာ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မည့် ACT-Accelerator အစီအစဉ်ကို ငွေကြေးထောက်ပံ့ရန် လာမည့် ၃ လအတွင်း အမေရိကန်ဒေါ်လာသန်း ၁၅၀၀၀ ရှာဖွေကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က အဖွဲ့ဝင်နိုင်ငံများကိုတိုက်တွန်းသည်။

အမေရိကန်ဒေါ်လာသန်း ၃၀၀၀ နီးပါးလှူဒါန်းပြီးသော်လည်း စတင်မှုမှအရှိန်မြှင့်တင်မှုအဖြစ်ပြောင်းလဲရန် ဒေါ်လာသန်း ၃၅၀၀၀ လိုအပ်နေပြီး လာမည့် ၃ လအတွင်း သန်း ၁၅၀၀၀ လိုအပ်နေကြောင်းလည်း မစ္စတာ ဂူတားရက်စ်ကပြောသည်။

ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာက တရုတ်နိုင်ငံတွင်စတင်တွေ့ရှိပြီးနောက် ကမ္ဘာတဝန်းတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀၄၅၀၀ ကျော်ရှိနေပြီး ကူးစက်ခံရသူ၂၇.၉ သန်းရှိနေသည်။

Ref : UN seeks ‘quantum leap’ in funding for COVID-19 fight

#PeopleMedia


Share this post