• Follow Us on

Home Covid-19 အတြက္ လွဴဒါန္းမႈမ်ားရွိေသာ္လည္း စက္ကရိယာပစၥည္းမ်ားလိုအပ္ဆဲျဖစ္ေၾကာင္း ေျမာက္ဥကၠလာပေဆး႐ုံ အုပ္ႀကီးေျပာ

Covid-19 အတြက္ လွဴဒါန္းမႈမ်ားရွိေသာ္လည္း စက္ကရိယာပစၥည္းမ်ားလိုအပ္ဆဲျဖစ္ေၾကာင္း ေျမာက္ဥကၠလာပေဆး႐ုံ အုပ္ႀကီးေျပာ

Share this post

ရန္ကုန္၊ မတ္၁၄

အသက္ရႈလမ္းေၾကာင္းဆိုင္ရာ Covid-19 အတြက္ျပည္သူမ်ားမွ လွဴဒါန္းမႈမ်ားရွိေသာ္လည္း အဆုတ္ေရာဂါသည္မ်ားအတြက္ စက္ကရိယာပစၥည္းမ်ားလိုအပ္ဆဲျဖစ္ေၾကာင္း ေျမာက္ဥကၠလာပေဆး႐ုံအုပ္ႀကီး ေဒါက္တာၾကည္စိုးက People Media သို႔ ေျပာသည္။

ကမ႓ာ့က်န္းမာေရးအဖြဲ႕ WHO မွ Covid-19 ႏွင့္ပတ္သက္ၿပီး ကမ႓ာ့ကပ္ေရာဂါအျဖစ္ေၾကညာၿပီးေနာက္ ေျမာက္ဥကၠလာပ ေဆး႐ုံမွ ဆရာ၀န္တစ္ဦးမွ ေဆး႐ုံမ်ားရွိ က်န္းမာေရးပစၥည္းကရိယာမ်ားမွာ မလံုေလာက္သျဖင့္ ၀န္ႀကီးဌာနကိုသာ အားကိုး ၍မရဘဲ လွဴဒါန္းေပးၾကရန္ လူမႈကြန္ရက္တြင္ေရးသားေျပာဆိုခဲ့သည္။

“အမ်ားစုကေတာ့ Ventilator နဲ႔ Monitor (အသက္ရႈစက္)၊ ေနာက္ၿပီးေတာ့ hand gel တို႔ PPE(၀တ္စံု) ဒါမ်ိဳးေတြပဲ မ်ားမ်ား လို႔တာပါ”ဟုေဆး႐ုံအုပ္ႀကီးေဒါက္တာၾကည္စိုးကေျပာသည္။

ေျမာက္ဥကၠလာပေဆးရံု၌ ျပည္သူအမ်ားလာေရာက္လွဴဒါန္းျခင္းေၾကာင့္ Ventilator ၃ လံုး၊ Patient Monitor ၂ လံုး လက္ခံ ရရွိထားေၾကာင္းလည္း ေဒါက္တာၾကည္စိုးကေျပာသည္။ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ Covid-19 ျဖစ္ပြားပါက အထက္ေဖၚျပ ပါစက္မ်ားမွာ အေရးတႀကီးလိုအပ္မည္ျဖစ္ၿပီး က်ပ္သိန္း ၁၃၀ တန္ဖိုးရွိ Ventilator အသက္ရႈစက္မ်ား တစ္လုံးကို ၂၅ သိန္း တန္ဖိုးရွိ Patient Monitor စက္မ်ား PPE ဝတ္စုံမ်ား အမ်ားအျပားလွဴဒါန္းေပးၾကပါရန္ ေျမာက္ဥကၠလာပအေထြေထြေရာဂါ ကုႏွင့္ သင္ၾကားေရးေဆး႐ုံႀကီးမွ ေဆး႐ုပ္အုပ္ေဒါက္တာ ၀င္းသႏၲာျဖဴက လူမႈကြန္ရက္မွ တစ္ဆင့္ေရးသားေတာင္းဆိုထားခဲ့ျခင္း လည္းျဖစ္သည္။

#PeopleMedia

(unicode)
Covid-19 အတွက် လှူဒါန်းမှုများရှိသော်လည်း စက်ကရိယာပစ္စည်းများလိုအပ်ဆဲဖြစ်ကြောင်း မြောက်ဥက္ကလာပဆေးရုံ အုပ်ကြီးပြော
……………………………………………………

ရန်ကုန်၊ မတ်၁၄

အသက်ရှုလမ်းကြောင်းဆိုင်ရာ Covid-19 အတွက်ပြည်သူများမှ လှူဒါန်းမှုများရှိသော်လည်း အဆုတ်ရောဂါသည်များအတွက် စက်ကရိယာပစ္စည်းများလိုအပ်ဆဲဖြစ်ကြောင်း မြောက်ဥက္ကလာပဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက People Media သို့ ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ Covid-19 နှင့်ပတ်သက်ပြီး ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေညာပြီးနောက် မြောက်ဥက္ကလာပ ဆေးရုံမှ ဆရာဝန်တစ်ဦးမှ ဆေးရုံများရှိ ကျန်းမာရေးပစ္စည်းကရိယာများမှာ မလုံလောက်သဖြင့် ဝန်ကြီးဌာနကိုသာ အားကိုး ၍မရဘဲ လှူဒါန်းပေးကြရန် လူမှုကွန်ရက်တွင်ရေးသားပြောဆိုခဲ့သည်။

“အများစုကတော့ Ventilator နဲ့ Monitor (အသက်ရှုစက်)၊ နောက်ပြီးတော့ hand gel တို့ PPE(ဝတ်စုံ) ဒါမျိုးတွေပဲ များများ လို့တာပါ”ဟုဆေးရုံအုပ်ကြီးဒေါက်တာကြည်စိုးကပြောသည်။

မြောက်ဥက္ကလာပဆေးရုံ၌ ပြည်သူအများလာရောက်လှူဒါန်းခြင်းကြောင့် Ventilator ၃ လုံး၊ Patient Monitor ၂ လုံး လက်ခံ ရရှိထားကြောင်းလည်း ဒေါက်တာကြည်စိုးကပြောသည်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ Covid-19 ဖြစ်ပွားပါက အထက်ဖေါ်ပြ ပါစက်များမှာ အရေးတကြီးလိုအပ်မည်ဖြစ်ပြီး ကျပ်သိန်း ၁၃၀ တန်ဖိုးရှိ Ventilator အသက်ရှုစက်များ တစ်လုံးကို ၂၅ သိန်း တန်ဖိုးရှိ Patient Monitor စက်များ PPE ဝတ်စုံများ အများအပြားလှူဒါန်းပေးကြပါရန် မြောက်ဥက္ကလာပအထွေထွေရောဂါ ကုနှင့် သင်ကြားရေးဆေးရုံကြီးမှ ဆေးရုပ်အုပ်ဒေါက်တာ ဝင်းသန္တာဖြူက လူမှုကွန်ရက်မှ တစ်ဆင့်ရေးသားတောင်းဆိုထားခဲ့ခြင်း လည်းဖြစ်သည်။

#PeopleMedia


Share this post