• Follow Us on

Home COVID-19 ရောဂါကူးစက်ထားသူတွေ့ရှိပြီးနောက် ရှင်ဂျန်းဒေသမှ မြို့တစ်မြို့လုံးကို တရုတ်နိုင်ငံ စစ်ဆေး မှုများပြုလုပ်


Share this post

ဘေကျင်း၊ အောက်တိုဘာ ၂၆
 
 
 
 
 
 
 
 
 
#PeopleMedia
 
(unicode)
COVID-19 ရောဂါကူးစက်ထားသူတွေ့ရှိပြီးနောက် ရှင်ဂျန်းဒေသမှ မြို့တစ်မြို့လုံးကို တရုတ်နိုင်ငံ စစ်ဆေး မှုများပြုလုပ်
…………………………………………………
 
ဘေကျင်း၊ အောက်တိုဘာ ၂၆
 
ရှင်ဂျန်းပြည်နယ်တွင် COVID-19 ရောဂါကူးစက်မှုရှိပြီးနောက် တစ်မြို့လုံးကို ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများ တရုတ်နိုင်ငံကအကြီးအကျယ်ပြုလုပ်နေသည်။
 
ကာရှ်ဂါမြို့ခံလူ ၄.၇ သန်းကိုစစ်ဆေးထားပြီး ရောဂါလက္ခဏာမပြထားသည့်ကူးစက်လူနာ ၁၃၈ ယောက်ကို တွေ့ရှိထားသည်။
 
ကူးစက်မှုနှုန်းကိုအကြီးအကျယ်ထိန်းချုပ်ထားနိုင်သည့်တရုတ်နိုင်ငံတွင် ပမာဏနည်းနည်းကိုကူးစက်မှုများ ရှိနေသည်။
 
ရှင်ဂျန်းသည် တရုတ်နိုင်ငံမှာမွတ်ဆလင်အများစုပါဝင်သောဝီဂါမျိုးနွယ်စုများနေထိုင်ရာဖြစ်သည်။
 
ကာရှ်ဂါမြို့မှကျောင်းများကို ပိတ်ထားပြီး ကူးစက်မှုမရှိဟုရလဒ်မထွက်ပါက မြို့ထဲမှထွက်ခွာခွင့်မပြုချေ။
 
ထိုမြို့မှကူးစက်ခံရသည့်ပထမဆုံးလူနာမှာ အထည်ချုပ်စက်ရုံတွင်အလုပ်လုပ်နေသည့် ရောဂါလက္ခဏာ မပြသောအမျိုးသမီးတယောက်ဖြစ်သည်။
 
ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် ရောဂါကူးစက်ကြောင်းအတည်ပြုပြီးနောက် သူသည် ပြီးခဲ့သည့် ၁၀ ရက် ဝန်းကျင်တွင် တရုတ်နိုင်ငံ၌ ပထမဆုံးပြည်တွင်းကူးစက်မှုဖြစ်သည်။
 
Ref : Covid-19: China tests entire city of Kashgar in Xinjiang
 
#PeopleMedia

Share this post