• Follow Us on

Home COVID-19 ေရာဂါအႏၲရာယ္ေၾကာင့္ ျပည္ပခရီးသြားလာမႈကို တ႐ုတ္ႏိုင္ငံဆက္လက္ပိတ္ပင္ထား

COVID-19 ေရာဂါအႏၲရာယ္ေၾကာင့္ ျပည္ပခရီးသြားလာမႈကို တ႐ုတ္ႏိုင္ငံဆက္လက္ပိတ္ပင္ထား

Share this post

႐ွန္ဟိုင္း၊ ေအာက္တိုဘာ ၂၂

ျပည္ပသို႔အုပ္စုလိုက္သြားလာမႈဆက္လက္ရပ္ဆိုင္းထားၿပီး ခရီးသြားေအဂ်င္စီမ်ားကို ျပည္တြင္းခရီးသြား အဖြဲ႔မ်ားခြင့္ျပဳျခင္းတို႔ကိုရပ္ဆိုင္းထားမည္ဟု တ႐ုတ္အာဏာပိုင္မ်ားကေျပာသည္။

ဗုဒၶဟူးေန႔တြင္ တ႐ုတ္ယဥ္ေက်းမႈႏွင့္ခရီးသြား၀န္ႀကီးဌာနက ထုတ္ျပန္ျခင္းျဖစ္သည္။

ဇန္ဝါရီတြင္ ဝူဟန္ၿမိဳ႔၌ ကို႐ိုနာဗိုင္းရပ္စ္စတင္ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံက အတင္းၾကပ္ဆံုးကန္႔ သတ္မႈမ်ားျပဳလုပ္ၿပီး ျပည္တြင္းႏွင့္ႏိုင္ငံျခားခရီးသြားမ်ားကို တားဆီးခဲ့သည္။

ျပည္တြင္းကူးစက္မႈမ်ားသိသိသာသာက်ဆင္းၿပီးေနာက္ ဇူလိုင္တြင္ ျပည္တြင္းခရီးသြားလာမႈကို ျပန္လည္ခြင့္ျပဳခဲ့သည္။

ျပည္ပခရီးသြားမ်ားကိုပိတ္ပင္ထားသျဖင့္ ထိုင္းကဲ့သို႔ေသာတ႐ုတ္ခရီးသြားမ်ားကိုမွီခိုေနသည့္ႏိုင္ငံမ်ား အပါအ၀င္ ခရီးသြားက႑ကိုထိခိုက္ခဲ့သည္။

ဗုဒၶဟူးေန႔အထိ တ႐ုတ္ႏိုင္ငံတြင္ အတည္ျပဳလူနာ ၈၅၇၂၉ ေယာက္႐ွိၿပီး ေသဆံုးသူ ၄၆၃၄ ေယာက္ ႐ွိေနသည္။

Ref : China to maintain ban on outbound tours due to COVID-19 risk

#PeopleMedia

(unicode)
COVID-19 ရောဂါအန္တရာယ်ကြောင့် ပြည်ပခရီးသွားလာမှုကို တရုတ်နိုင်ငံဆက်လက်ပိတ်ပင်ထား
………………………………………

ရှန်ဟိုင်း၊ အောက်တိုဘာ ၂၂

ပြည်ပသို့အုပ်စုလိုက်သွားလာမှုဆက်လက်ရပ်ဆိုင်းထားပြီး ခရီးသွားအေဂျင်စီများကို ပြည်တွင်းခရီးသွား အဖွဲ့များခွင့်ပြုခြင်းတို့ကိုရပ်ဆိုင်းထားမည်ဟု တရုတ်အာဏာပိုင်များကပြောသည်။

ဗုဒ္ဓဟူးနေ့တွင် တရုတ်ယဉ်ကျေးမှုနှင့်ခရီးသွားဝန်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။

ဇန်ဝါရီတွင် ဝူဟန်မြို့၌ ကိုရိုနာဗိုင်းရပ်စ်စတင်ပျံ့နှံ့ခဲ့ပြီးနောက် တရုတ်နိုင်ငံက အတင်းကြပ်ဆုံးကန့် သတ်မှုများပြုလုပ်ပြီး ပြည်တွင်းနှင့်နိုင်ငံခြားခရီးသွားများကို တားဆီးခဲ့သည်။

ပြည်တွင်းကူးစက်မှုများသိသိသာသာကျဆင်းပြီးနောက် ဇူလိုင်တွင် ပြည်တွင်းခရီးသွားလာမှုကို ပြန်လည်ခွင့်ပြုခဲ့သည်။

ပြည်ပခရီးသွားများကိုပိတ်ပင်ထားသဖြင့် ထိုင်းကဲ့သို့သောတရုတ်ခရီးသွားများကိုမှီခိုနေသည့်နိုင်ငံများ အပါအဝင် ခရီးသွားကဏ္ဍကိုထိခိုက်ခဲ့သည်။

ဗုဒ္ဓဟူးနေ့အထိ တရုတ်နိုင်ငံတွင် အတည်ပြုလူနာ ၈၅၇၂၉ ယောက်ရှိပြီး သေဆုံးသူ ၄၆၃၄ ယောက် ရှိနေသည်။

Ref : China to maintain ban on outbound tours due to COVID-19 risk

#PeopleMedia


Share this post