• Follow Us on

Home တိုင္းျပည္ေကာင္းဖို႔ဆိုရင္ မည္သူပဲလုပ္လုပ္၊ တိုင္းျပည္ေကာင္းေအာင္လုပ္ဖို႔သာ အေရးႀကီးပါေၾကာင္း ဦးသိန္း စိန္(နိုင္ငံေတာ္သမၼတ-ၿငိမ္း)ေျပာၾကား

တိုင္းျပည္ေကာင္းဖို႔ဆိုရင္ မည္သူပဲလုပ္လုပ္၊ တိုင္းျပည္ေကာင္းေအာင္လုပ္ဖို႔သာ အေရးႀကီးပါေၾကာင္း ဦးသိန္း စိန္(နိုင္ငံေတာ္သမၼတ-ၿငိမ္း)ေျပာၾကား

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၂၂
 
တိုင္းျပည္ေကာင္းဖို႔ဆိုရင္ မည္သူပဲလုပ္လုပ္၊ တိုင္းျပည္ေကာင္းေအာင္လုပ္ဖို႔သာ အေရးႀကီးပါေၾကာင္း ဦးသိန္း စိန္(နိုင္ငံေတာ္သမၼတ-ၿငိမ္း)ေျပာၾကားလုိက္ပါတယ္။
 
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ပါတီဝင္မ်ားႏွင့္ ပါတီဝန္းရံသူမ်ားက ပါတီဥကၠ႒ေဟာင္း ဦးသိန္းစိန္ (နိုင္ငံေတာ္သမၼတ-ၿငိမ္း)ထံ တင္ျပေတာင္းဆိုခ်က္အရ ဦးသိန္းစိန္(ပါတီဥကၠ႒ေဟာင္း)ထံမွ ေပးပို႔သည့္ သတင္းစကား၌ အထက္ပါအတုိင္း ေဖာ္ျပထားပါတယ္။
 
ေ႐ြးေကာက္ပြဲက အေတာ္ပင္နီးေနၿပီ ျဖစ္ပါေၾကာင္း၊ သန႔္သန႔္ရွင္းရွင္းနဲ႔ ယွဥ္ၿပိဳင္ၾကဖို႔ပဲ လိုအပ္ပါေၾကာင္း၊ ရႈံးတာနိုင္တာကေတာ့ ရွိမွာပင္ျဖစ္ေၾကာင္း၊ နိုင္ရင္လည္းဝမ္းမသာနဲ႔ ရႈံးရင္လည္း စိတ္မပ်က္နဲ႔လို႔ ေျပာလိုေၾကာင္း၊ တိုင္းျပည္ေကာင္းဖို႔ဆိုရင္ မည္သူပဲလုပ္လုပ္၊ တိုင္းျပည္ေကာင္းေအာင္လုပ္ဖို႔သာ အေရးႀကီးပါေၾကာင္း ဦးသိန္းစိန္(နိုင္ငံေတာ္သမၼတ-ၿငိမ္း)က ဆုိပါတယ္။
 
ထုိ႔အတူ ကိုဗစ္ကပ္ေရာဂါနဲ႔ ႀကဳံေတြ႕ေနရခ်ိန္မွာ ေ႐ြးေကာက္ပြဲနဲ႔ တိုက္ဆိုင္ေနတာကေတာ့ ကံဆိုးတာဟု ေျပာရမွာျဖစ္ေၾကာင္း၊ ျပည္သူေတြ မဲသြားေပးခ်င္ေပမဲ့ ေရာဂါကူးစက္မွာကို ေၾကာက္ေနၾကပါေၾကာင္း၊ မတတ္နိုင္ပါ။
 
ျပည္သူေတြရဲ႕ ဆႏၵအတိုင္းသာျဖစ္ပါေၾကာင္း၊ မဲသြားေပးမယ္ဆိုရင္ေတာ့ ေရာဂါမကူးစက္နိုင္ေအာင္ ကိုယ့္ကိုကိုယ္ ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္မ်ားနဲ႔အညီ စနစ္တက်ကာကြယ္ၾကရန္ အထူးလိုအပ္ ပါေၾကာင္း၊ ဤေရာဂါသည္ လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြး၊ အ႐ြယ္မေ႐ြး၊ ရဟန္းရွင္ လူမေ႐ြးအသက္ေတြကို ႏႈတ္ယူသြားတာျဖစ္လို႔ အလြန္ေၾကာက္ဖို႔ေကာင္းပါေၾကာင္း သတိထား၍ ေဆာင္႐ြက္ၾကပါဟု ေျပာၾကား လိုပါေၾကာင္း ဆုိပါတယ္။
 
အလားတူ ႏုိင္ငံေတာ္သမၼတ(ၿငိမ္း)ဦးသိန္းစိန္က နိုင္ငံသူ၊ နိုင္ငံသားမ်ားႏွင့္ ပါတီဝင္/ပါတီဝန္းရံသူမ်ားအားလုံး ကိုဗစ္ကပ္ေရာဂါမွ ကင္းေဝးပါေစဟု ေန႔စဥ္ ဆုေတာင္းေမတၱာပို႔သလ်က္ရွိပါေၾကာင္း ဆုိပါတယ္။
 
#PeopleMedia #2020election #USDP
 
(unicode)
တိုင်းပြည်ကောင်းဖို့ဆိုရင် မည်သူပဲလုပ်လုပ်၊ တိုင်းပြည်ကောင်းအောင်လုပ်ဖို့သာ အရေးကြီးပါကြောင်း ဦးသိန်း စိန်(နိုင်ငံတော်သမ္မတ-ငြိမ်း)ပြောကြား
………………………………………….
 
ရန်ကုန်၊ အောက်တိုဘာ – ၂၂
 
တိုင်းပြည်ကောင်းဖို့ဆိုရင် မည်သူပဲလုပ်လုပ်၊ တိုင်းပြည်ကောင်းအောင်လုပ်ဖို့သာ အရေးကြီးပါကြောင်း ဦးသိန်း စိန်(နိုင်ငံတော်သမ္မတ-ငြိမ်း)ပြောကြားလိုက်ပါတယ်။
 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင်များနှင့် ပါတီဝန်းရံသူများက ပါတီဥက္ကဋ္ဌဟောင်း ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ-ငြိမ်း)ထံ တင်ပြတောင်းဆိုချက်အရ ဦးသိန်းစိန်(ပါတီဥက္ကဋ္ဌဟောင်း)ထံမှ ပေးပို့သည့် သတင်းစကား၌ အထက်ပါအတိုင်း ဖော်ပြထားပါတယ်။
 
ရွေးကောက်ပွဲက အတော်ပင်နီးနေပြီ ဖြစ်ပါကြောင်း၊ သန့်သန့်ရှင်းရှင်းနဲ့ ယှဉ်ပြိုင်ကြဖို့ပဲ လိုအပ်ပါကြောင်း၊ ရှုံးတာနိုင်တာကတော့ ရှိမှာပင်ဖြစ်ကြောင်း၊ နိုင်ရင်လည်းဝမ်းမသာနဲ့ ရှုံးရင်လည်း စိတ်မပျက်နဲ့လို့ ပြောလိုကြောင်း၊ တိုင်းပြည်ကောင်းဖို့ဆိုရင် မည်သူပဲလုပ်လုပ်၊ တိုင်းပြည်ကောင်းအောင်လုပ်ဖို့သာ အရေးကြီးပါကြောင်း ဦးသိန်းစိန်(နိုင်ငံတော်သမ္မတ-ငြိမ်း)က ဆိုပါတယ်။
 
ထို့အတူ ကိုဗစ်ကပ်ရောဂါနဲ့ ကြုံတွေ့နေရချိန်မှာ ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်နေတာကတော့ ကံဆိုးတာဟု ပြောရမှာဖြစ်ကြောင်း၊ ပြည်သူတွေ မဲသွားပေးချင်ပေမဲ့ ရောဂါကူးစက်မှာကို ကြောက်နေကြပါကြောင်း၊ မတတ်နိုင်ပါ။
 
ပြည်သူတွေရဲ့ ဆန္ဒအတိုင်းသာဖြစ်ပါကြောင်း၊ မဲသွားပေးမယ်ဆိုရင်တော့ ရောဂါမကူးစက်နိုင်အောင် ကိုယ့်ကိုကိုယ် ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနဲ့အညီ စနစ်တကျကာကွယ်ကြရန် အထူးလိုအပ် ပါကြောင်း၊ ဤရောဂါသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ အရွယ်မရွေး၊ ရဟန်းရှင် လူမရွေးအသက်တွေကို နှုတ်ယူသွားတာဖြစ်လို့ အလွန်ကြောက်ဖို့ကောင်းပါကြောင်း သတိထား၍ ဆောင်ရွက်ကြပါဟု ပြောကြား လိုပါကြောင်း ဆိုပါတယ်။
 
အလားတူ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်က နိုင်ငံသူ၊ နိုင်ငံသားများနှင့် ပါတီဝင်/ပါတီဝန်းရံသူများအားလုံး ကိုဗစ်ကပ်ရောဂါမှ ကင်းဝေးပါစေဟု နေ့စဉ် ဆုတောင်းမေတ္တာပို့သလျက်ရှိပါကြောင်း ဆိုပါတယ်။
 
#PeopleMedia #2020election #USDP

Share this post