• Follow Us on

Home e-ID စနစ်ဖြင့် မှတ်ပုံတင်ခြင်းစီမံကိန်းကို ရရှိသည့်အချိန်ကာလအတွင်း အကောင်အထည်ဖော် ဆောင် ရွက်နေကြောင်း လဝက၀န်ကြီးဦးခင်ရီ ပြော

e-ID စနစ်ဖြင့် မှတ်ပုံတင်ခြင်းစီမံကိန်းကို ရရှိသည့်အချိန်ကာလအတွင်း အကောင်အထည်ဖော် ဆောင် ရွက်နေကြောင်း လဝက၀န်ကြီးဦးခင်ရီ ပြော

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၇ (People Media)

 

e-ID စနစ်ဖြင့် မှတ်ပုံတင်ခြင်းစီမံကိန်းကို ရရှိသည့်အချိန်ကာလအတွင်း အကောင်အထည်ဖော် ဆောင် ရွက်နေကြောင်း လဝက၀န်ကြီးဦးခင်ရီမှ ပြောသည်။

 

မြန်မာနိုင်ငံ၏ e-Government စနစ် အကောင်အထည်ဖော်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ်လုပ်ငန်းကော်မတီ၊ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီမှ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါအစည်းအဝေးတွင် ၎င်းတို့ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံများ၏ စနစ်များ ကိုလည်း လေ့လာခဲ့ရာ မြန်မာနိုင်ငံ၌ e-ID စနစ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပထမဆင့်အနေဖြင့် နိုင်ငံတွင်းနေထိုင်သူအားလုံးကို electronic နည်းပညာအသုံးပြု၍ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အ လက်နှင့် လက်ဗွေ၊ မျက်လုံးသူငယ်အိမ်၊ မျက်နှာဓာတ်ပုံများကောက်ယူကာ Database တွင်သိမ်းဆည်းပြီး လူတစ်ဦးချင်းစီအတွက် Unique ID Number ကို Random ဖြင့် သတ်မှတ်ပေး၍ မှတ်ပုံတင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စီမံချက်ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့အပြင် နိုင်ငံတွင်းနေထိုင်သူအားလုံး၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များကို ကောက်ယူခြင်းလုပ်ငန်းသည် လုပ်ငန်းပမာဏကြီးမားပြီး ကုန်ကျစရိတ် ကြီးမြင့်မည်ဖြစ်ပါကြောင်း လုပ်ငန်း တစ်ခုလုံးအောင်မြင်ရေးအတွက် လုပ်ငန်းဆိုင်ရာအတွေ့အကြုံရှိသည့် ပြည်တွင်း၊ ပြည်ပအကြံပေးပညာရှင် များ၏ အကြံဉာဏ်များရယူကာ ၎င်းပညာရှင်များ၏ အကြံပြုချက်များအပေါ် အခြေခံ၍ အသေးစိတ်လုပ်ငန်း စီမံချက်ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ယင်းအစည်းအဝေးသို့ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး မတက်ရောက်နိုင်သည့် ကော်မတီဝင်အချို့မှာ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

#PeopleMedia #လဝက #ဝန်ကြီး #ဦးခင်ရီ #e-ID စနစ်

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post