• Follow Us on

Home EF 88 ႐ိုင္ဖယ္ အလက္ ၈၅၀၀ ဩစေတးလ်ဝယ္ယူမည္

EF 88 ႐ိုင္ဖယ္ အလက္ ၈၅၀၀ ဩစေတးလ်ဝယ္ယူမည္

Share this post

၂၀၂၀၊ ဇူလိုင္ ၁၅

ၾသစေၾတးလ် ကာကြယ္ေရးတပ္ဖြဲ႕ (ADF) ၏ စြမ္းေဆာင္ရည္ျမႇင့္တင္ရန္ ျသစေၾတးလ်အစိုးရက EF 88 ႐ိုင္ဖယ္ အလက္ ၈၅၀၀ ဝယ္ယူမည္ျဖစ္သည္။

ၾသစေၾတးလ်ႏိုင္ငံလုပ္ အဆိုပါ႐ိုင္ဖယ္မ်ားကို ျသစေၾတးလ်တပ္မေတာ္သို႔ ႐ိုင္ဖယ္အလက္ ၃၀၀၀၀ ေပး အပ္ရန္ ကန္ထ႐ိုက္အပ္ႏွံထားသည့္ Thales Australia ကုမၸဏီက ထုတ္လုပ္သြားမည္ျဖစ္သည္။

“ဒီ႐ိုင္ဖယ္ေတြကို လူ ၁၃၀ ခန္႔ အလုပ္ခန္႔အပ္ထားတဲ့ နယူးေဆာက္ေဝးျပည္နယ္၊ လစ္ဂိုးၿမိဳ႕က Thales Australia ကုမၸဏီရဲ႕စက္႐ုံမွာ ထုတ္လုပ္သြားမွာျဖစ္ပါတယ္” ဟု ျသစေၾတးလ် ကာကြယ္ေရးဝန္ႀကီး လင္ဒါေရး ႏိုးစ္က ေျပာသည္။

ယခုကဲ့သို႔ လက္နက္ဝယ္ယူမႈက ကာကြယ္ေရးက႑ အထူးသျဖင့္ ေက်းလက္ႏွင့္ ၿမိဳ႕ျပ ျသစေၾတးလ်ႏိုင္ ငံတြင္ ဝန္ႀကီးခ်ဳပ္ စေကာ့ေမာရစ္ဆင္ဦးေဆာင္ေသာ အစိုးရအဖြဲ႕၏ တစ္ႏိုင္ငံလုံးအတိုင္းအတာ အက်ိဳးျဖစ္ထြန္း ေစသည့္ စံနမူနာ ရင္းႏွီးျမႇဳပ္ႏွံမႈျဖစ္ေၾကာင္း ၄င္းက ဆိုသည္။

ေသနတ္ေဟာင္းမ်ာေနရာတြင္ အစားထိုးမည့္ EF 88 ႐ိုင္ဖယ္ေသနတ္မ်ားတြင္ ထိေရာက္ေသာတိက်မႈ၊ အကြာအေဝးေရာက္ရွိမႈႏွင့္ ေပါ႔ပါးေသာ အေလးခ်ိန္ရွိသည္။

အဆိုပါ႐ိုင္ဖယ္သစ္မ်ားေၾကာင့္ တပ္ဖြဲ႕ဝင္မ်ား၏စြမ္းေဆာင္ရည္ တိုးတက္လာယုံသာမက ေလ့က်င့္မႈ၊ ကုန္က်စရိတ္ႏွင့္ ျပဳျပင္ထိန္းသိမ္းစရိတ္ သက္သာလာမည္ျဖစ္သည္။

ျသစေၾတးလ်ႏိုင္ငံက တပ္ဖြဲ႕ဝင္မ်ား အဆင့္ျမႇင့္တင္ေရးအစီအစဉ္အရ ႐ိုင္ဖယ္သစ္မ်ား ဝယ္ယူျခင္းျဖစ္ သည္။ ယခုဝယ္ယူမည့္ ႐ိုင္ဖယ္မ်ားကို အခ်ိန္ျပည့္၊ အခ်ိန္ပိုင္းတပ္ဖြဲ႕မ်ား အထူးသျဖင့္ ျသစေၾတးလ်တပ္မေတာ္ ၏ အမွတ္ ၂ တပ္မဟာသို႔ ေပးအပ္မည္ျဖစ္သည္။

“ဒါဟာ အင္အားေတာင့္တင္းၿပီး ခံႏိုင္ရည္ရွိတဲ့ ကာကြယ္ေရးပစၥည္း ထုတ္လုပ္ေရးလုပ္ငန္း တည္ ေဆာက္မဲ့ ကတိကဝတ္ကို ေဖာ္ျပျခင္းျဖစ္ပါတယ္” ဟု ေရးႏိုးစ္က ဆိုသည္။

ျသစေၾတးလ်အစိုးရက ကိုဗစ္-၁၉ ေရာဂါေဘးသင့္ တိုင္းျပည္၏စီးပြားေရး ျပန္လည္နာလန္ထူရန္ အ ေကာင္းမြန္ဆုံး လုပ္ေဆာင္ေနၿပီး EF 88 ႐ိုင္ဖယ္ေသနတ္မ်ား ဝယ္ယူမႈက တိုင္းျပည္အတြင္း အတိုင္းအတာတစ္ ခုအထိ အ လုပ္အကိုင္ေနရာမ်ား ဖန္တီးေပးမည္ဟု ၄င္းက ဆိုသည္။

သီးျခားအေနျဖင့္ ရာေဖးလ္ျသစေၾတးလ်ကုမၸဏီက ဘရစၥဘိန္းၿမိဳ႕ေတာ္အေျခစိုက္ အင္ဂ်င္နီယာကုမၸဏီ Naeco ႏွင့္ မိတ္ဖက္ေဆာင္ရြက္လိုက္ၿပီျဖစ္သည္။ ဘရစၥဘိန္းၿမိဳ႕အေျခစိုက္ Naeco ကုမၸဏီက ေရဒါမ်ား၊ ဆက္ သြယ္ေရးႏွင့္ အီလက္ထေရာနစ္ စစ္ဆင္ေရးသုံး ပစၥည္းကိရိယာမ်ား ထုတ္လုပ္သည္။

အေမရိကန္ေဒၚလာ ၁ ဒသမ ၃ သန္းတန္ေၾကးရွိ မိတ္ဖက္ေဆာင္ရြက္မႈအရ ျသစေၾတးလ်ႏိုင္ငံအတြက္ ပို႔ကုန္အခြင့္အလမ္းသစ္မ်ား၊ အလုပ္အကိုင္မ်ား ဖန္တီေပးမည္ျဖစ္သည္။

ကိုးကား ။ ။ အာမီတကၠေနာ္ေလာ္ဂ်ီ

Ref; Australia to purchase EF88 weapon systems to boost ADF’s capability

#PeopleMedia #International

(unicode)
EF 88 ရိုင်ဖယ် အလက် ၈၅၀၀ ဩစတေးလျဝယ်ယူမည်
………………………………………………

၂၀၂၀၊ ဇူလိုင် ၁၅

ဩစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့ (ADF) ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် သြစတြေးလျအစိုးရက EF 88 ရိုင်ဖယ် အလက် ၈၅၀၀ ဝယ်ယူမည်ဖြစ်သည်။

ဩစတြေးလျနိုင်ငံလုပ် အဆိုပါရိုင်ဖယ်များကို သြစတြေးလျတပ်မတော်သို့ ရိုင်ဖယ်အလက် ၃၀၀၀၀ ပေး အပ်ရန် ကန်ထရိုက်အပ်နှံထားသည့် Thales Australia ကုမ္ပဏီက ထုတ်လုပ်သွားမည်ဖြစ်သည်။

“ဒီရိုင်ဖယ်တွေကို လူ ၁၃၀ ခန့် အလုပ်ခန့်အပ်ထားတဲ့ နယူးဆောက်ဝေးပြည်နယ်၊ လစ်ဂိုးမြို့က Thales Australia ကုမ္ပဏီရဲ့စက်ရုံမှာ ထုတ်လုပ်သွားမှာဖြစ်ပါတယ်” ဟု သြစတြေးလျ ကာကွယ်ရေးဝန်ကြီး လင်ဒါရေး နိုးစ်က ပြောသည်။

ယခုကဲ့သို့ လက်နက်ဝယ်ယူမှုက ကာကွယ်ရေးကဏ္ဍ အထူးသဖြင့် ကျေးလက်နှင့် မြို့ပြ သြစတြေးလျနိုင် ငံတွင် ဝန်ကြီးချုပ် စကော့မောရစ်ဆင်ဦးဆောင်သော အစိုးရအဖွဲ့၏ တစ်နိုင်ငံလုံးအတိုင်းအတာ အကျိုးဖြစ်ထွန်း စေသည့် စံနမူနာ ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ၄င်းက ဆိုသည်။

သေနတ်ဟောင်းမျာနေရာတွင် အစားထိုးမည့် EF 88 ရိုင်ဖယ်သေနတ်များတွင် ထိရောက်သောတိကျမှု၊ အကွာအဝေးရောက်ရှိမှုနှင့် ပေါ့ပါးသော အလေးချိန်ရှိသည်။

အဆိုပါရိုင်ဖယ်သစ်များကြောင့် တပ်ဖွဲ့ဝင်များ၏စွမ်းဆောင်ရည် တိုးတက်လာယုံသာမက လေ့ကျင့်မှု၊ ကုန်ကျစရိတ်နှင့် ပြုပြင်ထိန်းသိမ်းစရိတ် သက်သာလာမည်ဖြစ်သည်။

သြစတြေးလျနိုင်ငံက တပ်ဖွဲ့ဝင်များ အဆင့်မြှင့်တင်ရေးအစီအစဉ်အရ ရိုင်ဖယ်သစ်များ ဝယ်ယူခြင်းဖြစ် သည်။ ယခုဝယ်ယူမည့် ရိုင်ဖယ်များကို အချိန်ပြည့်၊ အချိန်ပိုင်းတပ်ဖွဲ့များ အထူးသဖြင့် သြစတြေးလျတပ်မတော် ၏ အမှတ် ၂ တပ်မဟာသို့ ပေးအပ်မည်ဖြစ်သည်။

“ဒါဟာ အင်အားတောင့်တင်းပြီး ခံနိုင်ရည်ရှိတဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း တည် ဆောက်မဲ့ ကတိကဝတ်ကို ဖော်ပြခြင်းဖြစ်ပါတယ်” ဟု ရေးနိုးစ်က ဆိုသည်။

သြစတြေးလျအစိုးရက ကိုဗစ်-၁၉ ရောဂါဘေးသင့် တိုင်းပြည်၏စီးပွားရေး ပြန်လည်နာလန်ထူရန် အ ကောင်းမွန်ဆုံး လုပ်ဆောင်နေပြီး EF 88 ရိုင်ဖယ်သေနတ်များ ဝယ်ယူမှုက တိုင်းပြည်အတွင်း အတိုင်းအတာတစ် ခုအထိ အ လုပ်အကိုင်နေရာများ ဖန်တီးပေးမည်ဟု ၄င်းက ဆိုသည်။

သီးခြားအနေဖြင့် ရာဖေးလ်သြစတြေးလျကုမ္ပဏီက ဘရစ္စဘိန်းမြို့တော်အခြေစိုက် အင်ဂျင်နီယာကုမ္ပဏီ Naeco နှင့် မိတ်ဖက်ဆောင်ရွက်လိုက်ပြီဖြစ်သည်။ ဘရစ္စဘိန်းမြို့အခြေစိုက် Naeco ကုမ္ပဏီက ရေဒါများ၊ ဆက် သွယ်ရေးနှင့် အီလက်ထရောနစ် စစ်ဆင်ရေးသုံး ပစ္စည်းကိရိယာများ ထုတ်လုပ်သည်။

အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းတန်ကြေးရှိ မိတ်ဖက်ဆောင်ရွက်မှုအရ သြစတြေးလျနိုင်ငံအတွက် ပို့ကုန်အခွင့်အလမ်းသစ်များ၊ အလုပ်အကိုင်များ ဖန်တီပေးမည်ဖြစ်သည်။

ကိုးကား ။ ။ အာမီတက္ကနော်လော်ဂျီ

Ref; Australia to purchase EF88 weapon systems to boost ADF’s capability

#PeopleMedia #International


Share this post