• Follow Us on

Home NLD ပါတီကို ၂၀၁၅ ေလာက္ အယုံအၾကည္မရွိေတာ့ေၾကာင္း Ation Labor Right အဖြဲ႕မွ ကိုမ်ိဳးညီညီေျပာ

NLD ပါတီကို ၂၀၁၅ ေလာက္ အယုံအၾကည္မရွိေတာ့ေၾကာင္း Ation Labor Right အဖြဲ႕မွ ကိုမ်ိဳးညီညီေျပာ

Share this post

ရန္ကုန္၊ ဇူလိုင္ ၂၈

NLD ပါတီအေနျဖင့္ မည္မွ်ပင္ မဲဆြယ္ မဲဆြယ္ ၂၀၁၅ ေလာက္ေတာ့ အယုံအၾကည္မရွိေတာ့ေၾကာင္း အလုပ္ သမားအေရးေဆာင္ရြက္ေနသည့္ Ation Labor Right အဖြဲ႕မွ စည္း႐ုံးေရးမွဴး သင္တန္းဆရာ ကိုမ်ိဳးညီညီက ေျပာသည္။

NLD ပါတီအား၂၀၁၅ တြင္ ရာႏူန္းျပည့္ယုံၾကည္မႈရွိခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ၆ ၀ရာခိုင္ႏူန္းေလာက္ သာ ယုံၾကည္မႈရွိေတာ့ေၾကာင္း ၎ကဆိုသည္။

“အလုပ္သမားဘက္ကေတာ့ ေလာေလာဆယ္အရမ္းစိတ္ပ်က္မိတယ္။ လက္ရွိအခ်ိန္မွာ အလုပ္သမားထုကို ျပစ္ထားတယ္လို႔ ခံစားေနရတယ္။ ေရြးေကာက္ပြဲလည္းနီးလာၿပီ သူတို႔ဘက္ေန မဲဆြယ္ခ်င္လည္းဆြယ္ မဆြယ္ခ်င္လည္းေန ကြၽန္ေတာ္တို႔ကေတာ့ ၂၀၁၅ ေလာက္ေတာ့ အယုံအၾကည္မရွိေတာ့ဘူး။ ကတိေတြေပးၿပီး တက္လာတဲ့အစိုးရက အလုပ္သမားေတြကို သူတို႔ေျပာသေလာက္လုပ္မေပးႏိုင္တဲ့အတြက္ ကြၽန္ေတာ္တို႔ရဲ႕ ယုံၾကည္မႈက အရင္တုန္းက ၁၀၀ ရာခိုင္ႏူန္းဆိုရင္ အခု ၆၀၊ ၇၀ ရာခိုင္ႏူန္းေလာက္ပဲရွိေတာ့တယ္” ဟု ကိုမ်ိဳးညီညီ(စည္း႐ုံးေရးမႈးသင္တန္းဆရာ)က ေျပာသည္။

လက္ရွိအခ်ိန္၌ Covid -19 ကာလအတြင္း အလုပ္သမားအမ်ားစု အလုပ္လက္မဲ့ျဖစ္ေပၚလ်က္ရွိသည္။ ထို႔အတူ အစိုးဘက္မွ ထုတ္ျပန္ခ်က္သည္ အလုပ္သမားမ်ားအတြက္ျပန္မၾကည့္ဘဲ စက္႐ုံအလုပ္႐ုံမ်ားအေနျဖင့္ လူအင္ အားေလ်ာ့ခ်ႏိုင္သည့္ ၫႊန္ၾကားခ်က္မ်ားသည္ အျငင္းပြားဖြယ္ျဖစ္ေနေၾကာင္း ၎ကေျပာသည္။

#PeopleMedia

(unicode)
NLD ပါတီကို ၂၀၁၅ လောက် အယုံအကြည်မရှိတော့ကြောင်း Ation Labor Right အဖွဲ့မှ ကိုမျိုးညီညီပြော
……………………………………………….

ရန်ကုန်၊ ဇူလိုင် ၂၈

NLD ပါတီအနေဖြင့် မည်မျှပင် မဲဆွယ် မဲဆွယ် ၂၀၁၅ လောက်တော့ အယုံအကြည်မရှိတော့ကြောင်း အလုပ် သမားအရေးဆောင်ရွက်နေသည့် Ation Labor Right အဖွဲ့မှ စည်းရုံးရေးမှူး သင်တန်းဆရာ ကိုမျိုးညီညီက ပြောသည်။

NLD ပါတီအား၂၀၁၅ တွင် ရာနူန်းပြည့်ယုံကြည်မှုရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ၆ ဝရာခိုင်နူန်းလောက် သာ ယုံကြည်မှုရှိတော့ကြောင်း ၎င်းကဆိုသည်။

“အလုပ်သမားဘက်ကတော့ လောလောဆယ်အရမ်းစိတ်ပျက်မိတယ်။ လက်ရှိအချိန်မှာ အလုပ်သမားထုကို ပြစ်ထားတယ်လို့ ခံစားနေရတယ်။ ရွေးကောက်ပွဲလည်းနီးလာပြီ သူတို့ဘက်နေ မဲဆွယ်ချင်လည်းဆွယ် မဆွယ်ချင်လည်းနေ ကျွန်တော်တို့ကတော့ ၂၀၁၅ လောက်တော့ အယုံအကြည်မရှိတော့ဘူး။ ကတိတွေပေးပြီး တက်လာတဲ့အစိုးရက အလုပ်သမားတွေကို သူတို့ပြောသလောက်လုပ်မပေးနိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့ ယုံကြည်မှုက အရင်တုန်းက ၁၀၀ ရာခိုင်နူန်းဆိုရင် အခု ၆၀၊ ၇၀ ရာခိုင်နူန်းလောက်ပဲရှိတော့တယ်” ဟု ကိုမျိုးညီညီ(စည်းရုံးရေးမှုးသင်တန်းဆရာ)က ပြောသည်။

လက်ရှိအချိန်၌ Covid -19 ကာလအတွင်း အလုပ်သမားအများစု အလုပ်လက်မဲ့ဖြစ်ပေါ်လျက်ရှိသည်။ ထို့အတူ အစိုးဘက်မှ ထုတ်ပြန်ချက်သည် အလုပ်သမားများအတွက်ပြန်မကြည့်ဘဲ စက်ရုံအလုပ်ရုံများအနေဖြင့် လူအင် အားလျော့ချနိုင်သည့် ညွှန်ကြားချက်များသည် အငြင်းပွားဖွယ်ဖြစ်နေကြောင်း ၎င်းကပြောသည်။

#PeopleMedia


Share this post