• Follow Us on

Home NLD ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို Zoom Meeting မွတစ္ဆင့္ သင္တန္းပို႔ခ်မည္

NLD ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို Zoom Meeting မွတစ္ဆင့္ သင္တန္းပို႔ခ်မည္

Share this post

“အြန္လိုင္းကလုပ္မယ္ဆိုေတာ့ Zoom Meeting သေဘာမ်ဳိးေပါ့။ လူဦးေရနဲ႔ အကန္႔အသတ္ေပၚမွာ မူ တည္ပါတယ္ခင္ဗ်” ဦးေနမ်ဳိးထြန္း(ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္)

NLD ပါတီအဖြဲ႕ခ်ဳပ္မွ ဒီဇင္ဘာလ ၁၂ ရက္ေန႔တြင္ က်င္းပျပဳလုပ္ခဲ့သည့္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕၏ အစည္းအေ၀းဆံုးျဖတ္ခ်က္အရ လႊတ္ေတာ္ကိုယ္စားလွယ္ေလ့က်င့္ေရးအဖြဲ႕(ဗဟို)ကို အဖြဲ႕၀င္ ၆ ဦးျဖင့္ ဖြဲ႕စည္းတာ၀န္ေပးအပ္ေၾကာင္း ဒီဇင္ဘာ ၁၆ ရက္ေန႔တြင္ ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့သည္။

ထိုကဲ့သို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလ့က်င့္ေပးေရးအဖြဲ႕(ဗဟို)၌ အဖြဲ႕ဝင္တစ္ဦးအျဖစ္ ပါဝင္သည့္ ဦးေနမ်ဳိး ထြန္း(ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္)

People Media – လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ေလ့က်င့္ေရးကဘယ္ေတာ့စမွာလဲ၊ ဘယ္လိုပံုစံနဲ႔သြားမလဲ။
ဦးေနမ်ဳိးထြန္း – သင္တန္းဆိုတဲ့သေဘာမ်ဳိးေတာ့လည္း မဟုတ္ပါဘူး။ အဓိကက ကၽြန္ေတာ္တို႔အေနနဲ႔ ဗဟိုကခ်မွတ္လိုက္တဲ့အထဲမွာ ကၽြန္ေတာ္ပါ၀င္တာေပါ့ေနာ္။ အေတြ႕အႀကံဳပိုင္းနဲ႔ပတ္သက္လို႔ ကၽြန္ ေတာ္ဆိုရင္ ဥပေဒၾကမ္းနဲ႔ပတ္သက္လို႔ ျပည္သူ႔လႊတ္ေတာ္ဥပေဒၾကမ္းေကာ္မတီ ျပည္ေထာင္စုလႊတ္ ေတာ္ဥပေဒၾကမ္းပူးေပါင္းေကာ္မတီမွာ ပါ၀င္ခဲ့တာေပါ့။ လုပ္ေဆာင္ခဲ့ရတဲ့ ဥပေဒေရးဆြဲတဲ့ ျပ႒ာန္းတဲ့ အေတြ႕အၾကံဳေတြ၊ ငါးႏွစ္တာအေတြ႕အၾကံဳေတြကို ျပန္လည္ၿပီးေတာ့ သိတာေတြကို ျပန္လည္ၿပီး ေတာ့ မွ်ေ၀တဲ့သေဘာပါပဲ။ အြန္လိုင္းကပဲ သြားမယ့္သေဘာပါ။ ကၽြန္ေတာ္တို႔က ရက္ခြဲထားတယ္။ အသုတ္လိုက္ခြဲထားတယ္။ ထပ္မံၿပီးေတာ့ ေၾကညာမယ့္သေဘာရွိပါတယ္။ ေနာက္လဆန္းထဲမွာ ကၽြန္ေတာ္တို႔စၿပီးေတာ့ လုပ္ျဖစ္မယ္လို႔ထင္ပါတယ္။

People Media – တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြကိုေရာ ဘယ္လိုမ်ဳိးအပိုင္းလိုက္လုပ္ေပးသြားဖို႔ရွိလဲ။ ဘယ္လိုေခါင္းစဥ္ေတြနဲ႔ ခ်ေပးသြားဖို႔ စီမံထားလဲ။
ဦးေနမ်ဳိးထြန္း – အဲဒါကေလ ကၽြန္ေတာ္တာ၀န္ယူတဲ့အပိုင္းပဲ ကၽြန္ေတာ္သိပါတယ္ခင္ဗ်။ ကၽြန္ေတာ္ တာ၀န္ယူရမယ့္အပိုင္းကေတာ့ ဥပေဒေရးဆြဲပံုလုပ္ငန္းစဥ္အဆင့္ဆင့္၊ ဥပေဒတစ္ရပ္ျပင္ဆင္တာတို႔ ျဖည့္စြက္တာတို႔ ပယ္ဖ်က္တာတို႔ေပါ့ေနာ္။ ႐ုတ္သိမ္းတာတို႔အဲဒါေတြရဲ႕ ဥပေဒရဲ႕လုပ္ငန္းစဥ္ေတြကို ကၽြန္ေတာ္ေတြ႕ၾကံဳခဲ့ရတဲ့ အေတြ႕အၾကံဳေတြကို ျပန္ၿပီးေတာ့ မွ်ေ၀မွာျဖစ္ပါတယ္။ ကၽြန္ေတာ့္အပိုင္းကေတာ့ အဲဒါပါပဲ။

People Media – ပထမတစ္ႀကိမ္လႊတ္ေတာ္သက္တမ္းတုန္းကလည္း အလားတူသင္တန္းေပးခဲ့ဖူးတယ္ေပါ့ ေနာ္၊ အခုက ဘယ္လိုမ်ဳိးကြာျခားမႈေတြရွိမလဲ။

ဦးေနမ်ဳိးထြန္း – ဒီသက္တမ္းရယ္လို႔ေတာ့မဟုတ္ပါဘူး။ အေဟာင္းေတြ အသစ္ေတြေတာ့ရွိတာေပါ့။ အဓိကကေတာ့ အသစ္ေတြကလည္း သူတို႔ေလ့လာထားသေလာက္ကို ရွိမွာပါ။ လက္ေတြ႕လုပ္ ေဆာင္တဲ့အပိုင္းကိုေတာ့ လက္ေတြ႕လုပ္ေဆာင္ခဲ့တဲ့ ငါးႏွစ္တာအေတြ႕အၾကံဳေတြကိုလည္း သူတို႔က ဒီမွာရသြားမွာေပါ့ေနာ္။ လက္ရွိအေဟာင္းေတြကလည္း အေဟာင္းေတြအမ်ားစု ျပန္ပါ၀င္တာကိုး။ အေဟာင္းေတြကလည္း သိၿပီးသားျဖစ္တဲ့အတြက္ လႊတ္ေတာ္မတက္ခင္သက္တမ္းမွာ ကိုယ္စားလွယ္ တစ္ေယာက္ရဲ႕ လုပ္ငန္းစဥ္ေတြေပါ့။ ကၽြန္ေတာ္တို႔ ေျခာက္ေယာက္ကေတာ့ ဥပေဒျပဳတဲ့အပိုင္းေပါ့ အကုန္လံုးျခံဳငံုၿပီးေတာ့ သြားၾကမွာေပါ့။ ကၽြန္ေတာ္တို႔က ဒီလုပ္ငန္းစဥ္ေတြ ကိုယ္လုပ္ခဲ့တာေတြကို ျပန္လည္ၿပီးေတာ့ အမွတ္ရၿပီး ပိုပိုၿပီးေတာ့ ရွင္းလင္းစြာသူတို႔လည္း ၀င္ေရာက္ေဆြးေႏြးလို႔ရပါတယ္။ ရွင္းလင္းစြာျမင္ႏိုင္တာေပါ့ေလ ပိုၿပီးေတာ့။

People Media – အခု ဗဟိုကဖြဲ႕စည္းခဲ့တဲ့ အဖြဲ႕က သင္တန္းသေဘာမ်ဳိးဆိုေတာ့ ဘယ္သူက သင္တန္းျပေပး မွာလဲ၊ ဘယ္လိုမ်ဳိးသင္ၾကားသြားၾကမွာလဲ။
ဦးေနမ်ဳိးထြန္း – ဗဟိုေလ့က်င့္ေရးအဖြဲ႕ ဖြဲ႕လိုက္တာေပါ့ဗ်ာ။ အားလံုးေပါင္း ေျခာက္ေယာက္။ ဦးဟံသာျမင့္ ရယ္၊ ဦးေက်ာ္ဟိုး၊ ဦးေက်ာ္ေထြး၊ ေဒါက္တာျမတ္ဉာဏစိုး၊ ဦးေအာင္မင္း၊ ၿပီးေတာ့ ကၽြန္ေတာ္ရယ္ေပါ့။ ကၽြန္ေတာ္တို႔ကေနၿပီးေတာ့ က်န္တဲ့သူေတြကို ကၽြန္ေတာ္တို႔ေတြ႕ႀကံဳရတဲ့ အေတြ႕အႀကံဳေတြကို ျပန္လည္ေျပာမွာေပါ့။ သင္တန္းလို႔မွတ္ယူရင္လည္း ေခါင္းစဥ္ကအဲဒီလိုပဲမွတ္ယူႏိုင္တယ္။ အဲဒီသေဘာပါပဲ။ က်န္တဲ့သူေတြကလည္း သူတို႔နဲ႔သက္ဆိုင္တဲ့ ေခါင္းစဥ္ေတြနဲ႔ အဲဒီလိုပဲသြားမွာေလ။ အြန္လိုင္းကလုပ္မယ္ဆို ေတာ့ Zoom Meeting သေဘာမ်ဳိးေပါ့။ လူဦးေရနဲ႔ အကန္႔အသတ္ေပၚမွာ မူတည္ပါတယ္ခင္ဗ်။ ျပန္လည္ေျပာဆိုေဆြးေႏြးဖို႔ၾကေတာ့ေလ။ ခ်ဳပ္ေျပာရရင္ ျပန္လည္မွ်ေ၀တဲ့ သေဘာပါ။

Photo – NLD

#PeopleMedia #NLD #ဦးေနမ်ဳိးထြန္း

(unicode)
NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်များကို Zoom Meeting မှတစ်ဆင့် သင်တန်းပို့ချမည်

“အွန်လိုင်းကလုပ်မယ်ဆိုတော့ Zoom Meeting သဘောမျိုးပေါ့။ လူဦးရေနဲ့ အကန့်အသတ်ပေါ်မှာ မူ တည်ပါတယ်ခင်ဗျ” ဦးနေမျိုးထွန်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

NLD ပါတီအဖွဲ့ချုပ်မှ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ လွှတ်တော်ကိုယ်စားလှယ်လေ့ကျင့်ရေးအဖွဲ့(ဗဟို)ကို အဖွဲ့ဝင် ၆ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်လေ့ကျင့်ပေးရေးအဖွဲ့(ဗဟို)၌ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်သည့် ဦးနေမျိုး ထွန်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

People Media – လွှတ်တော်ကိုယ်စားလှယ်များကို လေ့ကျင့်ရေးကဘယ်တော့စမှာလဲ၊ ဘယ်လိုပုံစံနဲ့သွားမလဲ။
ဦးနေမျိုးထွန်း – သင်တန်းဆိုတဲ့သဘောမျိုးတော့လည်း မဟုတ်ပါဘူး။ အဓိကက ကျွန်တော်တို့အနေနဲ့ ဗဟိုကချမှတ်လိုက်တဲ့အထဲမှာ ကျွန်တော်ပါဝင်တာပေါ့နော်။ အတွေ့အကြုံပိုင်းနဲ့ပတ်သက်လို့ ကျွန် တော်ဆိုရင် ဥပဒေကြမ်းနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ပြည်ထောင်စုလွှတ် တော်ဥပဒေကြမ်းပူးပေါင်းကော်မတီမှာ ပါဝင်ခဲ့တာပေါ့။ လုပ်ဆောင်ခဲ့ရတဲ့ ဥပဒေရေးဆွဲတဲ့ ပြဋ္ဌာန်းတဲ့ အတွေ့အကြုံတွေ၊ ငါးနှစ်တာအတွေ့အကြုံတွေကို ပြန်လည်ပြီးတော့ သိတာတွေကို ပြန်လည်ပြီး တော့ မျှဝေတဲ့သဘောပါပဲ။ အွန်လိုင်းကပဲ သွားမယ့်သဘောပါ။ ကျွန်တော်တို့က ရက်ခွဲထားတယ်။ အသုတ်လိုက်ခွဲထားတယ်။ ထပ်မံပြီးတော့ ကြေညာမယ့်သဘောရှိပါတယ်။ နောက်လဆန်းထဲမှာ ကျွန်တော်တို့စပြီးတော့ လုပ်ဖြစ်မယ်လို့ထင်ပါတယ်။

People Media – တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုရော ဘယ်လိုမျိုးအပိုင်းလိုက်လုပ်ပေးသွားဖို့ရှိလဲ။ ဘယ်လိုခေါင်းစဉ်တွေနဲ့ ချပေးသွားဖို့ စီမံထားလဲ။
ဦးနေမျိုးထွန်း – အဲဒါကလေ ကျွန်တော်တာဝန်ယူတဲ့အပိုင်းပဲ ကျွန်တော်သိပါတယ်ခင်ဗျ။ ကျွန်တော် တာဝန်ယူရမယ့်အပိုင်းကတော့ ဥပဒေရေးဆွဲပုံလုပ်ငန်းစဉ်အဆင့်ဆင့်၊ ဥပဒေတစ်ရပ်ပြင်ဆင်တာတို့ ဖြည့်စွက်တာတို့ ပယ်ဖျက်တာတို့ပေါ့နော်။ ရုတ်သိမ်းတာတို့အဲဒါတွေရဲ့ ဥပဒေရဲ့လုပ်ငန်းစဉ်တွေကို ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်ပြီးတော့ မျှဝေမှာဖြစ်ပါတယ်။ ကျွန်တော့်အပိုင်းကတော့ အဲဒါပါပဲ။

People Media – ပထမတစ်ကြိမ်လွှတ်တော်သက်တမ်းတုန်းကလည်း အလားတူသင်တန်းပေးခဲ့ဖူးတယ်ပေါ့ နော်၊ အခုက ဘယ်လိုမျိုးကွာခြားမှုတွေရှိမလဲ။

ဦးနေမျိုးထွန်း – ဒီသက်တမ်းရယ်လို့တော့မဟုတ်ပါဘူး။ အဟောင်းတွေ အသစ်တွေတော့ရှိတာပေါ့။ အဓိကကတော့ အသစ်တွေကလည်း သူတို့လေ့လာထားသလောက်ကို ရှိမှာပါ။ လက်တွေ့လုပ် ဆောင်တဲ့အပိုင်းကိုတော့ လက်တွေ့လုပ်ဆောင်ခဲ့တဲ့ ငါးနှစ်တာအတွေ့အကြုံတွေကိုလည်း သူတို့က ဒီမှာရသွားမှာပေါ့နော်။ လက်ရှိအဟောင်းတွေကလည်း အဟောင်းတွေအများစု ပြန်ပါဝင်တာကိုး။ အဟောင်းတွေကလည်း သိပြီးသားဖြစ်တဲ့အတွက် လွှတ်တော်မတက်ခင်သက်တမ်းမှာ ကိုယ်စားလှယ် တစ်ယောက်ရဲ့ လုပ်ငန်းစဉ်တွေပေါ့။ ကျွန်တော်တို့ ခြောက်ယောက်ကတော့ ဥပဒေပြုတဲ့အပိုင်းပေါ့ အကုန်လုံးခြုံငုံပြီးတော့ သွားကြမှာပေါ့။ ကျွန်တော်တို့က ဒီလုပ်ငန်းစဉ်တွေ ကိုယ်လုပ်ခဲ့တာတွေကို ပြန်လည်ပြီးတော့ အမှတ်ရပြီး ပိုပိုပြီးတော့ ရှင်းလင်းစွာသူတို့လည်း ဝင်ရောက်ဆွေးနွေးလို့ရပါတယ်။ ရှင်းလင်းစွာမြင်နိုင်တာပေါ့လေ ပိုပြီးတော့။

People Media – အခု ဗဟိုကဖွဲ့စည်းခဲ့တဲ့ အဖွဲ့က သင်တန်းသဘောမျိုးဆိုတော့ ဘယ်သူက သင်တန်းပြပေး မှာလဲ၊ ဘယ်လိုမျိုးသင်ကြားသွားကြမှာလဲ။
ဦးနေမျိုးထွန်း – ဗဟိုလေ့ကျင့်ရေးအဖွဲ့ ဖွဲ့လိုက်တာပေါ့ဗျာ။ အားလုံးပေါင်း ခြောက်ယောက်။ ဦးဟံသာမြင့် ရယ်၊ ဦးကျော်ဟိုး၊ ဦးကျော်ထွေး၊ ဒေါက်တာမြတ်ဉာဏစိုး၊ ဦးအောင်မင်း၊ ပြီးတော့ ကျွန်တော်ရယ်ပေါ့။ ကျွန်တော်တို့ကနေပြီးတော့ ကျန်တဲ့သူတွေကို ကျွန်တော်တို့တွေ့ကြုံရတဲ့ အတွေ့အကြုံတွေကို ပြန်လည်ပြောမှာပေါ့။ သင်တန်းလို့မှတ်ယူရင်လည်း ခေါင်းစဉ်ကအဲဒီလိုပဲမှတ်ယူနိုင်တယ်။ အဲဒီသဘောပါပဲ။ ကျန်တဲ့သူတွေကလည်း သူတို့နဲ့သက်ဆိုင်တဲ့ ခေါင်းစဉ်တွေနဲ့ အဲဒီလိုပဲသွားမှာလေ။ အွန်လိုင်းကလုပ်မယ်ဆို တော့ Zoom Meeting သဘောမျိုးပေါ့။ လူဦးရေနဲ့ အကန့်အသတ်ပေါ်မှာ မူတည်ပါတယ်ခင်ဗျ။ ပြန်လည်ပြောဆိုဆွေးနွေးဖို့ကြတော့လေ။ ချုပ်ပြောရရင် ပြန်လည်မျှဝေတဲ့ သဘောပါ။

Photo – NLD

#PeopleMedia #NLD #ဦးနေမျိုးထွန်း


Share this post