• Follow Us on

Home NLD ပါတီ တံဆိပ္ပါ Mask တပ္ဆင္ခဲ့သည့္ ရဲအရာရွိ(၃)ဦး နယ္ေျပာ င္းေရႊ႕ အေရးယူခံရေၾကာင္း သတင္းမ်ားထြက္ေပၚ

NLD ပါတီ တံဆိပ္ပါ Mask တပ္ဆင္ခဲ့သည့္ ရဲအရာရွိ(၃)ဦး နယ္ေျပာ င္းေရႊ႕ အေရးယူခံရေၾကာင္း သတင္းမ်ားထြက္ေပၚ

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၂၅

NLD ပါတီတံဆိပ္ပါ Mask တပ္ဆင္ခဲ့သည့္ ရဲအရာရွိ (၃)ဦးကုိ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္သုိ႔ နယ္ေျပာင္းေရႊ႕၍ အေရးယူလုိက္ေၾကာင္း ရဲအရာရွိ အသုိင္းအဝုိင္း၌ သတင္းမ်ား ထြက္ေပၚလ်က္ရွိသည္။

အဆုိပါသတင္းျဖစ္စဥ္အေပၚ အတည္ျပဳႏုိင္ရန္ People Media က ၾသဂုတ္လ(၂၅)ရက္ေန႔၌ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ ေျပာေရးဆုိခြင့္ရွိသူ ရဲမွဴးႀကီးေက်ာ္သီဟကုိ ဆက္သြယ္ေမးျမန္းခဲ့သည္။

“ရဲတပ္ဖြဲ႔၀င္ေတြဟာ ႏိုင္ငံ၀န္ထမ္းျဖစ္တဲ့အတြက္ ၀န္ထမ္းစည္းမ်ဥ္း၊ စည္းကမ္းေတြကို လိုက္နာရသလို ရဲစည္းကမ္း ထိန္း သိမ္းေရးဥပေဒေတြကိုလည္းလိုက္နာရပါတယ္။ သတ္မွတ္ျပ႒ာန္းထားေသာစည္းမ်ဥ္း၊ စည္းကမ္းမ်ားက်င့္၀တ္မ်ား၊ ၫႊန္ၾကားခ်က္မ်ားကိုမလိုက္နာပါက အေရးယူျခင္းခံရႏိုင္ပါတယ္’’ဟု ေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ရက္ပုိင္းက ေနျပည္ေတာ္၌ တာဝန္က် ရဲအရာရွိ ၃ ဦးသည္ အလုပ္မွအျပန္ဟုဆိုကာ NLD ပါတီ အမွတ္တံဆိပ္ပါ သည္ Mask တပ္ဆင္၍ F-B သုိ႔ ဓါတ္ပုံမ်ား တင္ခဲ့သည္။

အဆုိပါ ျဖစ္စဥ္အေပၚ People Media က NLD ပါတီ ဗဟုိျပန္ၾကားေရးအဖြဲ႔မွ မုံရြာဦးေအာင္ရွင္ကုိ ဖုန္းျဖင့္ ဆက္သြယ္ေမး ျမန္းခဲ့သည္။

“ဒီကိစၥကေျပာရတာအေၾကာင္း ၂ ခ်က္ရွိတာေပါ့ေလ။ တစ္အခ်က္ကေတာ့ NLD ရဲ႔ႏွာေခါင္းစည္းကိုတပ္တာေပါ့ေလ။ ႏွာေခါင္းစည္းကိုတပ္တာကေတာ့ ဒါသူ႔ရဲ႔လြတ္လပ္ခြင့္ပဲေလ။ အဲဒါကိုမတပ္ရဘူးလို႔ ဘယ္သူကမွတားျမစ္တာ မ်ိဳးမရွိဘူး။ေနာက္တစ္ခုက အဲဒီလိုတပ္ျခင္းအားျဖင့္သူကပါတီႏိုင္ငံေရးကိုလုပ္တယ္လို႔လည္းေျပာလို႔မရဘူး။ သူ႔လြတ္လပ္ခြင့္ပဲ။ေနာက္တစ္ခ်က္ကေတာ့ သူကရဲတပ္ဖြဲ႔၀င္ျဖစ္ေတာ့ျပည္ထဲေရးလက္ေအာက္ခံျဖစ္တယ္ေလ။ ျပည္ထဲေရးဥပေဒအရ အေရးယူတာမ်ိဳးေတာ့လုပ္ရင္ရတာေပါ့ေလ။အျပစ္တစ္ခုအေနနဲ႔အေရးယူရင္ရတာေပါ့ေလ။ ကြ်န္ေတာ္တို႔အျမင္ေတာ့ ဒါသူ႔လြတ္လပ္ခြင့္အရတပ္တာပဲ”လုိ႔ မုံရြာဦးေအာင္ရွင္က ေျပာသည္။

#PeopleMedia #ျပည္ထဲေရးဝန္ၾကီးဌာန #ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ #NLD

(unicode)
NLD ပါတီ တံဆိပ်ပါ Mask တပ်ဆင်ခဲ့သည့် ရဲအရာရှိ(၃)ဦး နယ်ပြော င်းရွှေ့ အရေးယူခံရကြောင်း သတင်းများထွက်ပေါ်
………………………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၅

NLD ပါတီတံဆိပ်ပါ Mask တပ်ဆင်ခဲ့သည့် ရဲအရာရှိ (၃)ဦးကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ နယ်ပြောင်းရွှေ့၍ အရေးယူလိုက်ကြောင်း ရဲအရာရှိ အသိုင်းအဝိုင်း၌ သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါသတင်းဖြစ်စဉ်အပေါ် အတည်ပြုနိုင်ရန် People Media က ဩဂုတ်လ(၂၅)ရက်နေ့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟကို ဆက်သွယ်မေးမြန်းခဲ့သည်။

“ရဲတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံဝန်ထမ်းဖြစ်တဲ့အတွက် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာရသလို ရဲစည်းကမ်း ထိန်း သိမ်းရေးဥပဒေတွေကိုလည်းလိုက်နာရပါတယ်။ သတ်မှတ်ပြဋ္ဌာန်းထားသောစည်းမျဉ်း၊ စည်းကမ်းများကျင့်ဝတ်များ၊ ညွှန်ကြားချက်များကိုမလိုက်နာပါက အရေးယူခြင်းခံရနိုင်ပါတယ်’’ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်၌ တာဝန်ကျ ရဲအရာရှိ ၃ ဦးသည် အလုပ်မှအပြန်ဟုဆိုကာ NLD ပါတီ အမှတ်တံဆိပ်ပါ သည် Mask တပ်ဆင်၍ F-B သို့ ဓါတ်ပုံများ တင်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်အပေါ် People Media က NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့မှ မုံရွာဦးအောင်ရှင်ကို ဖုန်းဖြင့် ဆက်သွယ်မေး မြန်းခဲ့သည်။

“ဒီကိစ္စကပြောရတာအကြောင်း ၂ ချက်ရှိတာပေါ့လေ။ တစ်အချက်ကတော့ NLD ရဲ့နှာခေါင်းစည်းကိုတပ်တာပေါ့လေ။ နှာခေါင်းစည်းကိုတပ်တာကတော့ ဒါသူ့ရဲ့လွတ်လပ်ခွင့်ပဲလေ။ အဲဒါကိုမတပ်ရဘူးလို့ ဘယ်သူကမှတားမြစ်တာ မျိုးမရှိဘူး။နောက်တစ်ခုက အဲဒီလိုတပ်ခြင်းအားဖြင့်သူကပါတီနိုင်ငံရေးကိုလုပ်တယ်လို့လည်းပြောလို့မရဘူး။ သူ့လွတ်လပ်ခွင့်ပဲ။နောက်တစ်ချက်ကတော့ သူကရဲတပ်ဖွဲ့ဝင်ဖြစ်တော့ပြည်ထဲရေးလက်အောက်ခံဖြစ်တယ်လေ။ ပြည်ထဲရေးဥပဒေအရ အရေးယူတာမျိုးတော့လုပ်ရင်ရတာပေါ့လေ။အပြစ်တစ်ခုအနေနဲ့အရေးယူရင်ရတာပေါ့လေ။ ကျွန်တော်တို့အမြင်တော့ ဒါသူ့လွတ်လပ်ခွင့်အရတပ်တာပဲ”လို့ မုံရွာဦးအောင်ရှင်က ပြောသည်။

#PeopleMedia #ပြည်ထဲရေးဝန်ကြီးဌာန #မြန်မာနိုင်ငံရဲတပ်ဖွဲ့ #NLD


Share this post