• Follow Us on

Home NLD ပါတီ ၂၀၂၀ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရပ်မိရပ်ဖများပါဝင်သည့်ရွေး ကောက်ပွဲ အောင်နိုင်ရေးအဖွဲ့များ ဖွဲ့စည်းမည်ဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ပြောကြား

NLD ပါတီ ၂၀၂၀ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရပ်မိရပ်ဖများပါဝင်သည့်ရွေး ကောက်ပွဲ အောင်နိုင်ရေးအဖွဲ့များ ဖွဲ့စည်းမည်ဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ပြောကြား

Share this post

NLD ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရပ်မိရပ်ဖများ ပါဝင် သည့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကပြောသည်။

“အရင်တုန်းက အောင်နိုင်ရေးကို မြို့နယ်အလုပ်အမှုဆောင်ကိုပဲ လွှဲလိုက်တာ။ အခု အဲလိုမဟုတ်ဘူး။ အောင်နိုင်ရေးပြန်ဖွဲ့မယ်။ ၉၀ လိုပဲ ရပ်မိရပ်ဖတွေပါတဲ့ အောင်နိုင်ရေး ပြန်ဖွဲ့မယ်။ အောင်နိုင်ရေးကို သီးသန့်လုပ်မယ်”ဟု ဒေါက်တာဇော်မြင့်မောင်ကပြော သည်။ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အားနည်းချက်များရှိခဲ့ခြင်းကြောင့် ပြန်လည်သုံးသပ်မှုများပြုလုပ်ကာ ယခုလို ရပ်မိ ရပ်ဖိများပါဝင်သည့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းရန် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

“ကိုယ့်အချင်းချင်းဟာကို ပြန်သုသပ်တယ်။အားနည်းတယ်။လွှတ်တော်ကိုယ်စား လှယ်တွေ အားနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အားတယ်ဆိုတာ ကိုယ့်မဲဆန္ဒ နယ်မှာ မပါတဲ့ဟာ တစ်ခြားမဲဆန္ဒနယ်မှာ သွားစည်းရုံးရမယ်။ စည်းရုံးရေး လုပ်ပေးရမှာ မလုပ်ဘူး။အစိုးရ ဝန်ကြီးချုပ်တို့ အစိုးရအဖွဲ့ဝင်တွေက ရှုံးတဲ့နေရာတွေသွားပေးရမှာ မသွားဘူး။အဲဒါတွေကို သင်္ခန်းစာယူတယ်ဆိုတာကို ပြောတာပါ။”ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် လည်း မူဝါဒအသစ်များ ရေးဆွဲထားသလို လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လည်း ရပ်မိ ရပ်ဖများကသာ ရွေးချယ်သွားမည်ဖြစ်သည်။

(ရိုက်ကူး-အောင်အောင်)


Share this post
https://www.facebook.com/1120229281493723/videos/2402650769803481/