• Follow Us on

Home NLD မွတစ္ပါးအျခားမရွိဟုဆိုျခင္းသည္ ႏိုင္ငံေရးယဥ္ေက်းမႈမရွိသလို အေျခခံဥပေဒကိုလည္း မထီမဲ့ျမင္ျပဳရာ ေရာက္ေနေၾကာင္း PPP ဒုဥကၠ႒ေထာက္ျပ

NLD မွတစ္ပါးအျခားမရွိဟုဆိုျခင္းသည္ ႏိုင္ငံေရးယဥ္ေက်းမႈမရွိသလို အေျခခံဥပေဒကိုလည္း မထီမဲ့ျမင္ျပဳရာ ေရာက္ေနေၾကာင္း PPP ဒုဥကၠ႒ေထာက္ျပ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၁
ပါတီစုံဒီမိုကေရစီကို သြားေနသည့္အခ်ိန္တြင္ NLD ပါတီမွတစ္ပါးမရွိဟု နိုင္ငံေတာ္သမၼတဦး၀င္းျမင့္အေနျဖင့္ ေျပာဆိုေနျခင္းသည္ နိုင္ငံေရးအရ ယဥ္ေက်းမႈမရွိသလို ဖြဲ႕စည္းပုံအေျခခံဥပေဒကိုလည္း မထီမဲ့ျမင္ ျပဳရာ ေရာက္ေနေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီဒုတိယဥကၠ႒ ဦးေက်ာ္ေဇယ်က ေျပာပါတယ္။
နိုင္ငံေတာ္သမၼတဦး၀င္းျမင့္၏ ေဖ့ဘုတ္စာမ်က္ႏွာတြင္ ယခုရက္ပိုင္းအတြင္း ေရးသားမႈမ်ားႏွင့္ပတ္သက္၍ People Media မွ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဒုဥကၠဌ ဦးေက်ာ္ေဇယ်အား ေမးျမန္းရာ အထက္ပါအတိုင္းေျပာ ဆိုခဲ့ျခင္းျဖစ္ပါတယ္။
“NLD မွ တစ္ပါးအျခားမရွိဘူး ေျပာလိုက္တဲ့စကားလုံးၾကေတာ့ နိုင္ငံေရးယဥ္ေက်းမႈအရလည္း မရွိဘူး၊ အေျခခံဥပေဒကိုလည္း မထီမဲ့ျမင္ျပဳရာေရာက္ေနတဲ့သေဘာကို ေရာက္ေနတယ္” ဦးေက်ာ္ေဇယ်က ေျပာပါတယ္။
NLD ပါတီအေနျဖင့္ ဒီမိုကေရစီပါတီဟု ပါးစပ္ျဖင့္ ေျပာေနရန္ မလိုအပ္ပဲ အလုပ္ျဖင့္ သက္ေသျပပါက ယခုကဲ့သို႔ မဲဆြယ္မႈမ်ား ျပဳလုပ္ရန္ မလိုအပ္ေၾကာင္း ဦးေက်ာ္ေဇယ်က ဆိုပါတယ္။
“နိုင္ငံေတာ္သမၼတႀကီးနဲ႔ အတိုင္ပင္ခံက အသက္ႀကီးတဲ့ပုဂၢိဳလ္ေတြႀကီးပဲ လုပ္ရပ္သာ မွန္ခဲ့ရင္ သူတို႔ႏွစ္ဦးက အိမ္ဦးခန္းမွာ မိန႔္မိန႔္ႀကီးထိုင္ၿပီးေတာ့ ေန႐ုံပဲ မဲဆြယ္စရာမလိုဘူး၊ မဲေတြလည္း ေပးၾကမွာဘဲ၊ ဒါေလးေတြက သူတို႔ ျပန္ၿပီးစဥ္းစားသင့္တယ္၊ ဒီအခ်ိန္မွာက ေျပာစရာကို မလိုဘူး” ဦးေက်ာ္ေဇယ်ကေျပာပါတယ္။
နိုင္ငံေတာ္သမၼတ၏ လူမႈကြန္ယက္တြင္ ယခု ရက္ပိုင္းအတြင္း ေရးသားခ်က္မ်ားႏွင့္ နိုင္ငံေရးပါတီအမ်ားႏွင့္ ျပည္သူမ်ားက ေဝဖန္လ်က္ရွိပါတယ္။
ထိုကဲ့သို႔ နိုင္ငံေတာ္သမၼတဦးဝင္းျမင့္သည္ သူ၏ လူမႈကြန္ယက္မွတစ္ဆင့္ NLD ပါတီအတြက္ မဲဆြယ္မႈသည္ နိုင္ငံေတာ္သမၼတတစ္ေယာက္အေနျဖင့္ ေရးသားမႈမဟုတ္ဘဲ တာေမြၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ေလာင္းအျဖစ္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း မုံရြာဦးေအာင္ရွင္က ေျပာပါတယ္။
#PeopleMedia #PPP #Political
(unicode)
NLD မှတစ်ပါးအခြားမရှိဟုဆိုခြင်းသည် နိုင်ငံရေးယဉ်ကျေးမှုမရှိသလို အခြေခံဥပဒေကိုလည်း မထီမဲ့မြင်ပြုရာ ရောက်နေကြောင်း PPP ဒုဥက္ကဋ္ဌထောက်ပြ
…………………………………………………………….
ရန်ကုန်၊ အောက်တိုဘာ ၂၁
ပါတီစုံဒီမိုကရေစီကို သွားနေသည့်အချိန်တွင် NLD ပါတီမှတစ်ပါးမရှိဟု နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေဖြင့် ပြောဆိုနေခြင်းသည် နိုင်ငံရေးအရ ယဉ်ကျေးမှုမရှိသလို ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း မထီမဲ့မြင် ပြုရာ ရောက်နေကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ဖေ့ဘုတ်စာမျက်နှာတွင် ယခုရက်ပိုင်းအတွင်း ရေးသားမှုများနှင့်ပတ်သက်၍ People Media မှ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဌ ဦးကျော်ဇေယျအား မေးမြန်းရာ အထက်ပါအတိုင်းပြော ဆိုခဲ့ခြင်းဖြစ်ပါတယ်။
“NLD မှ တစ်ပါးအခြားမရှိဘူး ပြောလိုက်တဲ့စကားလုံးကြတော့ နိုင်ငံရေးယဉ်ကျေးမှုအရလည်း မရှိဘူး၊ အခြေခံဥပဒေကိုလည်း မထီမဲ့မြင်ပြုရာရောက်နေတဲ့သဘောကို ရောက်နေတယ်” ဦးကျော်ဇေယျက ပြောပါတယ်။
NLD ပါတီအနေဖြင့် ဒီမိုကရေစီပါတီဟု ပါးစပ်ဖြင့် ပြောနေရန် မလိုအပ်ပဲ အလုပ်ဖြင့် သက်သေပြပါက ယခုကဲ့သို့ မဲဆွယ်မှုများ ပြုလုပ်ရန် မလိုအပ်ကြောင်း ဦးကျော်ဇေယျက ဆိုပါတယ်။
“နိုင်ငံတော်သမ္မတကြီးနဲ့ အတိုင်ပင်ခံက အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကြီးပဲ လုပ်ရပ်သာ မှန်ခဲ့ရင် သူတို့နှစ်ဦးက အိမ်ဦးခန်းမှာ မိန့်မိန့်ကြီးထိုင်ပြီးတော့ နေရုံပဲ မဲဆွယ်စရာမလိုဘူး၊ မဲတွေလည်း ပေးကြမှာဘဲ၊ ဒါလေးတွေက သူတို့ ပြန်ပြီးစဉ်းစားသင့်တယ်၊ ဒီအချိန်မှာက ပြောစရာကို မလိုဘူး” ဦးကျော်ဇေယျကပြောပါတယ်။
နိုင်ငံတော်သမ္မတ၏ လူမှုကွန်ယက်တွင် ယခု ရက်ပိုင်းအတွင်း ရေးသားချက်များနှင့် နိုင်ငံရေးပါတီအများနှင့် ပြည်သူများက ဝေဖန်လျက်ရှိပါတယ်။
ထိုကဲ့သို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် သူ၏ လူမှုကွန်ယက်မှတစ်ဆင့် NLD ပါတီအတွက် မဲဆွယ်မှုသည် နိုင်ငံတော်သမ္မတတစ်ယောက်အနေဖြင့် ရေးသားမှုမဟုတ်ဘဲ တာမွေမြို့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မုံရွာဦးအောင်ရှင်က ပြောပါတယ်။
#PeopleMedia #PPP #Political


Share this post