• Follow Us on

Home ထိုင္းေတာ္၀င္မိသားစုကို ေထာက္ခံသူမ်ား ဆႏၵျပ

ထိုင္းေတာ္၀င္မိသားစုကို ေထာက္ခံသူမ်ား ဆႏၵျပ

Share this post

ဘန္ေကာက္၊ ေအာက္တိုဘာ ၂၁
ထိုင္းတြင္ဒီမိုကေရစီအေရးႏွင့္ေတာ္၀င္မိသားစုျပဳျပင္ေျပာင္းလဲေရး လူေထာင္ခ်ီဆႏၵထုတ္ေဖာ္မႈမ်ား ဆက္တိုက္႐ွိခဲ့ၿပီးေနာက္ ထိုင္းေတာ္၀င္မိသားစုကိုေထာက္ခံသူဒါဇင္ခ်ီက ဗုဒၶဟူးေန႔တြင္ဆႏၵထုတ္ေဖာ္သည္။
ဗုဒၶဟူးေန႔မွစတင္၍ ၇ ရက္တိုင္တိုင္ဆႏၵျပရန္လည္း ေထာက္ခံသူမ်ားကို ဆႏၵျပအဖြဲ႔မ်ားက တိုက္တြန္းသည္။
ယခင္ထိုင္းဗိုလ္ခ်ဳပ္ႀကီးျဖစ္သည့္၀န္ႀကီးခ်ဳပ္ ပရာ႐ြတ္ ခ်န္အိုခ်ာ ႏုတ္ထြက္ရန္ေတာင္းဆိုမႈမ်ားအေပၚ စိတ္မခုေသာ္လည္း ဘုရင္ မဟာဝီဇယေလာင္ကြန္းကို မေျပာသင့္ေၾကာင္း ဆႏၵျပသူမ်ားကေျပာသည္။
ထိုင္းဘုရင္၏အေရာင္ျဖစ္ေသာအဝါေရာင္ကို၀တ္ဆင္ထားသည့္ဆႏၵျပသူမ်ားက သူတို႔စုေ၀းမႈသည္ ႏိုင္ငံေရးမပါသျဖင့္ ထိုင္းအစိုးရ၏အေရးေပၚအေျခအေနေၾကညာခ်က္အရ လူ ၅ ေယာက္အထက္ပို၍ စုေ၀းခြင့္မျပဳျခင္းႏွင့္ မသက္ဆိုင္ေၾကာင္းလည္းေျပာသည္။
ဆႏၵျပသူအားလံုးကိုတန္းတူဆက္ဆံမည္ျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႔ေျပာခြင့္ရသူ ယင္ယို႔ သက္ဂ်မ္ႏြန္ကေျပာ သည္။
ၿပီးခဲ့သည့္တပတ္ဗုဒၶဟူးေန႔မွစတင္၍ ထိုင္းတြင္ ဒီမိုကေရစီအေရးႏွင့္ထိုင္းေတာ္၀င္မိသားစုျပဳျပင္ေျပာင္းလဲေရး ဆႏၵျပပြဲမ်ား႐ွိေနသည္။
Ref : Thai royalists rally to counter surging protests
#PeopleMedia
(unicode)
ထိုင်းတော်ဝင်မိသားစုကို ထောက်ခံသူများ ဆန္ဒပြ
……………………….
ဘန်ကောက်၊ အောက်တိုဘာ ၂၁
ထိုင်းတွင်ဒီမိုကရေစီအရေးနှင့်တော်ဝင်မိသားစုပြုပြင်ပြောင်းလဲရေး လူထောင်ချီဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ရှိခဲ့ပြီးနောက် ထိုင်းတော်ဝင်မိသားစုကိုထောက်ခံသူဒါဇင်ချီက ဗုဒ္ဓဟူးနေ့တွင်ဆန္ဒထုတ်ဖော်သည်။
ဗုဒ္ဓဟူးနေ့မှစတင်၍ ၇ ရက်တိုင်တိုင်ဆန္ဒပြရန်လည်း ထောက်ခံသူများကို ဆန္ဒပြအဖွဲ့များက တိုက်တွန်းသည်။
ယခင်ထိုင်းဗိုလ်ချုပ်ကြီးဖြစ်သည့်ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ နုတ်ထွက်ရန်တောင်းဆိုမှုများအပေါ် စိတ်မခုသော်လည်း ဘုရင် မဟာဝီဇယလောင်ကွန်းကို မပြောသင့်ကြောင်း ဆန္ဒပြသူများကပြောသည်။
ထိုင်းဘုရင်၏အရောင်ဖြစ်သောအဝါရောင်ကိုဝတ်ဆင်ထားသည့်ဆန္ဒပြသူများက သူတို့စုဝေးမှုသည် နိုင်ငံရေးမပါသဖြင့် ထိုင်းအစိုးရ၏အရေးပေါ်အခြေအနေကြေညာချက်အရ လူ ၅ ယောက်အထက်ပို၍ စုဝေးခွင့်မပြုခြင်းနှင့် မသက်ဆိုင်ကြောင်းလည်းပြောသည်။
ဆန္ဒပြသူအားလုံးကိုတန်းတူဆက်ဆံမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ပြောခွင့်ရသူ ယင်ယို့ သက်ဂျမ်နွန်ကပြော သည်။
ပြီးခဲ့သည့်တပတ်ဗုဒ္ဓဟူးနေ့မှစတင်၍ ထိုင်းတွင် ဒီမိုကရေစီအရေးနှင့်ထိုင်းတော်ဝင်မိသားစုပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲများရှိနေသည်။
Ref : Thai royalists rally to counter surging protests
#PeopleMedia


Share this post