• Follow Us on

Home ဆႏၵျပမႈမ်ားပိတ္ပင္ထားျခင္းကို ထိုင္း၀န္ႀကီးခ်ဳပ္ရပ္ဆိုင္း

ဆႏၵျပမႈမ်ားပိတ္ပင္ထားျခင္းကို ထိုင္း၀န္ႀကီးခ်ဳပ္ရပ္ဆိုင္း

Share this post

ဘန္ေကာက္၊ ေအာက္တိုဘာ ၂၂
 
သံုးလေက်ာ္ၾကာေနသည့္ဆႏၵျပမႈမ်ားရပ္တန္႔ရန္ ၿပီးခဲ့သည့္တပတ္ကခ်မွတ္ခဲ့ေသာအေရးေပၚအေျခ အေနေၾကညာမႈကို ထိုင္း၀န္ႀကီးခ်ဳပ္ ပရာ႐ြတ္ ခ်န္အိုခ်ာက ဗုဒၶဟူးေန႔တြင္ ႐ုတ္သိမ္းခဲ့သည္။
 
ဆႏၵျပမႈမ်ားပိတ္ပင္ၿပီးေနာက္ ထိုင္းအစိုးရႏွင့္ထိုင္းဘုရင္အေပၚဆႏၵျပမႈမ်ား ပိုမိုျပင္းထန္လာသည္။
 
ယခင္ထိုင္းစစ္အစိုးရေခါင္းေဆာင္ေဟာင္းက ႐ုပ္သံမိန္႔ခြန္းေျပာေနစဥ္ ကန္႔သတ္မႈမ်ားရပ္ဆိုင္းျခင္းသည္ မလံုေလာက္ဟု ဆႏၵျပသူအမ်ားအျပားကေျပာသည္။
 
ဆႏၵျပသူေသာင္းခ်ီက သူ႔႐ံုး႐ွိရာသို႔ခ်ီတက္လာၿပီး ႏုတ္ထြက္ရန္၊ အေရးေပၚအေျခအေနေၾကညာခ်က္မ်ား ကို႐ုတ္သိမ္းရန္ႏွင့္ ဆႏၵျပပြဲၿဖိဳခြင္းမႈမ်ားတြင္ဖမ္းဆီးထားသည့္ တက္ႂကြလႈပ္႐ွားသူမ်ားကိုလႊတ္ေပးေရး ေတာင္းဆိုခဲ့သည္။
 
အစီအမံမ်ားတြင္ လူ ၅ ေယာက္ႏွင့္အထက္ ႏိုင္ငံေရးအရစုေ၀းမႈႏွင့္ အမ်ိဳးသားလံုျခံဳေရးကိုထိခိုက္ေစ သည့္အခ်က္အလက္မ်ားျဖန္႔ခ်ိမႈတို႔ကို ပိတ္ပင္ထားသည္။
 
ဆႏၵျပပြဲမ်ားသည္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ထိုင္းႏိုင္ငံဖြဲ႔စည္းတည္ေထာင္မႈအေပၚအႀကီးဆံုး စိန္ေခၚ မႈမ်ားျဖစ္လာၿပီး ထိုင္းေတာ္၀င္မိသားစုမ်ားကိုေစာ္ကားပါက ေထာင္ဒဏ္ ၁၅ ႏွစ္အထိက်ခံႏိုင္ေၾကာင္း ဥပေဒျပင္ဆင္ထားေစေသာ္လည္း ထိုင္းမဟာေသြးမ်ားကို အပြင့္လင္းဆံုးဆန္႔က်င္မႈမ်ားျဖစ္လာသည္။
 
ထိုင္းအစိုးရႏွင့္ေတာ္၀င္မိသားစုကို ဆႏၵျပမႈမ်ား႐ွိေနခ်ိန္တြင္ ဗုဒၶဟူးေန႔ေန႔လည္ပိုင္းက ထိုင္းမဟာမိသားစုကို ေထာက္ခံသူမ်ားကလည္း ဆႏၵထုတ္ေဖာ္ခဲ့သည္။
 
Ref : Thai PM Prayut backs down on protest ban, protesters give 3-day deadline to quit
 
#PeopleMedia #International
 
(unicode)
ဆန္ဒပြမှုများပိတ်ပင်ထားခြင်းကို ထိုင်းဝန်ကြီးချုပ်ရပ်ဆိုင်း
…………………………………
 
ဘန်ကောက်၊ အောက်တိုဘာ ၂၂
 
သုံးလကျော်ကြာနေသည့်ဆန္ဒပြမှုများရပ်တန့်ရန် ပြီးခဲ့သည့်တပတ်ကချမှတ်ခဲ့သောအရေးပေါ်အခြေ အနေကြေညာမှုကို ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက ဗုဒ္ဓဟူးနေ့တွင် ရုတ်သိမ်းခဲ့သည်။
 
ဆန္ဒပြမှုများပိတ်ပင်ပြီးနောက် ထိုင်းအစိုးရနှင့်ထိုင်းဘုရင်အပေါ်ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာသည်။
 
ယခင်ထိုင်းစစ်အစိုးရခေါင်းဆောင်ဟောင်းက ရုပ်သံမိန့်ခွန်းပြောနေစဉ် ကန့်သတ်မှုများရပ်ဆိုင်းခြင်းသည် မလုံလောက်ဟု ဆန္ဒပြသူအများအပြားကပြောသည်။
 
ဆန္ဒပြသူသောင်းချီက သူ့ရုံးရှိရာသို့ချီတက်လာပြီး နုတ်ထွက်ရန်၊ အရေးပေါ်အခြေအနေကြေညာချက်များ ကိုရုတ်သိမ်းရန်နှင့် ဆန္ဒပြပွဲဖြိုခွင်းမှုများတွင်ဖမ်းဆီးထားသည့် တက်ကြွလှုပ်ရှားသူများကိုလွှတ်ပေးရေး တောင်းဆိုခဲ့သည်။
 
အစီအမံများတွင် လူ ၅ ယောက်နှင့်အထက် နိုင်ငံရေးအရစုဝေးမှုနှင့် အမျိုးသားလုံခြုံရေးကိုထိခိုက်စေ သည့်အချက်အလက်များဖြန့်ချိမှုတို့ကို ပိတ်ပင်ထားသည်။
 
ဆန္ဒပြပွဲများသည် ပြီးခဲ့သည့်နှစ်များအတွင်း ထိုင်းနိုင်ငံဖွဲ့စည်းတည်ထောင်မှုအပေါ်အကြီးဆုံး စိန်ခေါ် မှုများဖြစ်လာပြီး ထိုင်းတော်ဝင်မိသားစုများကိုစော်ကားပါက ထောင်ဒဏ် ၁၅ နှစ်အထိကျခံနိုင်ကြောင်း ဥပဒေပြင်ဆင်ထားစေသော်လည်း ထိုင်းမဟာသွေးများကို အပွင့်လင်းဆုံးဆန့်ကျင်မှုများဖြစ်လာသည်။
 
ထိုင်းအစိုးရနှင့်တော်ဝင်မိသားစုကို ဆန္ဒပြမှုများရှိနေချိန်တွင် ဗုဒ္ဓဟူးနေ့နေ့လည်ပိုင်းက ထိုင်းမဟာမိသားစုကို ထောက်ခံသူများကလည်း ဆန္ဒထုတ်ဖော်ခဲ့သည်။
 
Ref : Thai PM Prayut backs down on protest ban, protesters give 3-day deadline to quit
 
#PeopleMedia #International

Share this post