• Follow Us on

Home NUG မှ ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်း နေအိမ်နှင့် NUG ၏ ပြည်ထဲရေးဝန်ကြီး ဦလွင်ကိုလတ်တို့၏ နေအိမ် ချိပ်ပိတ်ခံရ

NUG မှ ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်း နေအိမ်နှင့် NUG ၏ ပြည်ထဲရေးဝန်ကြီး ဦလွင်ကိုလတ်တို့၏ နေအိမ် ချိပ်ပိတ်ခံရ

Share this post

မြဝတီ၊ ဒီဇင်ဘာ ၁၇ (People Media)

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲထော်သလေးရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း နေအိမ်နှင့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ NUG ၏ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်တို့၏ နေအိမ်များ ချိပ်ပိတ် သိမ်းဆည်းခြင်းခံခဲ့ရသည်။

 

“နေအိမ်တွေ ချိတ်ပိတ်ခံရတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့လာပြီတော့ လာပိတ်သွားတာပါ။ ဆိုင်တချို့လည်း လာပိတ်တဲ့ အထဲမှာ ပါပါတယ်။ အခု အပိတ်ခံရတဲ့အိမ်တွေမှာ လူမနေတာကတော့ ကြာပါပြီ။ မိသားစုဝင်တွေ လည်း မရှိပါဘူး” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အလားတူ ဒီဇင်ဘာ ၁၅ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သန်လျှက်မှော် အနောက် ရပ်ကွက်ရှိ NUG ၏ တရားရေးဝန်ကြီး ဦးသိန်းဦးနေအိမ် ချိပ်ပိတ်ခဲ့ရသည်။

 

ထို့အတူ ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း NUG ၏ သယံဇာတဝန်ကြီးဖြစ်သူ ဒေါက်တာတူးခေါင်း၏ နေအိမ် လည်း ချိပ်ပိတ်ခံခဲ့ရသည်။

 

လက်ရှိအချိန်၌ န-စ-ကအစိုးရသည် NUG/CRPH/PDF အဖွဲ့နှင့် သက်ဆိုင်သူများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများ ကို ချိပ်ပိတ်သိမ်းဆည်းလျက်ရှိသည်။

 

#PeopleMedia #NUG

 

(unicode)


……………………………………………………

 


 


 


 


 


 


 

#PeopleMedia #NUG


Share this post