• Follow Us on

Home SP မုန႔္တိုက္ပိုင္ရွင္ဦးေက်ာ္ဝင္းကို ျပန္ေပးဆြဲသည့္အဖြဲ႕သည္ TNLA ျဖစ္ေၾကာင္း ေဒသခံမ်ားေျပာဆို၊ SP မုန္တိုက္ပိုင္ရွင္ ျပန္ေပးဆြဲခံရမႈကို မသိရွိေၾကာင္း TNLA ျငင္းဆို

SP မုန႔္တိုက္ပိုင္ရွင္ဦးေက်ာ္ဝင္းကို ျပန္ေပးဆြဲသည့္အဖြဲ႕သည္ TNLA ျဖစ္ေၾကာင္း ေဒသခံမ်ားေျပာဆို၊ SP မုန္တိုက္ပိုင္ရွင္ ျပန္ေပးဆြဲခံရမႈကို မသိရွိေၾကာင္း TNLA ျငင္းဆို

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၄ (People Media)
 
မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕နယ္ရွိ နာမည္ႀကီးစီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သည့္ SP မုန႔္တိုက္ပိုင္ရွင္ ဦးေက်ာ္ဝင္းကို ျပန္ေပးဆြဲသည့္အဖြဲ႕သည္ TNLA လက္ကိုင္အဖြဲ႕အစည္းျဖစ္နိုင္ေၾကာင္း ေဒသခံမ်ားက ေျပာ ဆိုၾကသည္။
 
ဆက္ေၾကးမေပးမႈေၾကာင့္ ေအာင္ခ်မ္းသာရပ္ကြက္တြင္ ေနထိုင္သည့္ SP မုန႔္တိုက္ပိုင္ရွင္ ဦးေက်ာ္ဝင္းကို ဒီဇင္ဘာ ၄ ရက္ေန႔ မနက္ ၈ နာရီခြဲအခ်ိန္တြင္ အရပ္ဝတ္ ၀တ္ဆင္ထားသည့္ TNLA အဖြဲ႕ေတြက ဖမ္းဆီး သြားျခင္းျဖစ္ေၾကာင္း အထက္ပါေဒသခံမ်ားက ဆိုသည္။
 
လက္ရွိ ဦးေက်ာ္ဝင္းမိသားစုဝင္မ်ားထံ ျပန္ေပးေငြေတာင္းခံျခင္းမရွိေသးသလို ဆက္သြယ္မႈလည္းမရွိေသးပါ။
 
SP မုန႔္တိုက္သည္ ရန္ကုန္၊ မႏၲေလး၊ မိုးကုတ္ၿမိဳ႕၌ ဆိုင္ခြဲမ်ား ဖြင့္လွစ္၍ ေအာင္ျမင္မႈရရွိသည့္ မုန႔္တိုက္ျဖစ္ သည္။
 
ထို႔အတူ SP မုန႔္တိုက္ပိုင္ရွင္ ျပန္ေပးမဆြဲခံရမီ၌ မိုးကုတ္နယ္ေျမမ်ား၌ TNLA အဖြဲ႕သည္ စစ္ေရးလႈပ္ရွားမႈ ေၾကာင့္ တပ္မေတာ္ႏွင့္ ထိေတြ႕တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္။
 
အလားတူ ေဒသခံမ်ားသည္ နီးစပ္ရာသို႔ စစ္ေဘးေရွာင္ခဲ့သည္။
 
မိုးကုတ္ၿမိဳ႕နယ္သည္ TNLA လႈပ္ရွားမႈရွိသည့္ နယ္ေျမတစ္ခုျဖစ္သည္။
 
SP မုန႔္တိုက္ပိုင္ရွင္ ျပန္ေပးဆြဲခံမႈအေပၚ People Media က TNLA က ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္ထံ ဆက္သြယ္ ေမးျမန္းရာ “ဒီကိစၥ ကၽြန္ေတာ္မသိရေသးဘူး” လို႔ ေျပာဆိုသည္။
 
#PeopleMedia #SP မုန႔္တိုက္
 
(unicode)
SP မုန့်တိုက်ပိုင်ရှင်ဦးကျော်ဝင်းကို ပြန်ပေးဆွဲသည့်အဖွဲ့သည် TNLA ဖြစ်ကြောင်း ဒေသခံများပြောဆို၊ SP မုန်တိုက်ပိုင်ရှင် ပြန်ပေးဆွဲခံရမှုကို မသိရှိကြောင်း TNLA ငြင်းဆို
…………………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ ၄ (People Media)
 
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ရှိ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို ပြန်ပေးဆွဲသည့်အဖွဲ့သည် TNLA လက်ကိုင်အဖွဲ့အစည်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြော ဆိုကြသည်။
 
ဆက်ကြေးမပေးမှုကြောင့် အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သည့် SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန်တွင် အရပ်ဝတ် ဝတ်ဆင်ထားသည့် TNLA အဖွဲ့တွေက ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း အထက်ပါဒေသခံများက ဆိုသည်။
 
လက်ရှိ ဦးကျော်ဝင်းမိသားစုဝင်များထံ ပြန်ပေးငွေတောင်းခံခြင်းမရှိသေးသလို ဆက်သွယ်မှုလည်းမရှိသေးပါ။
 
SP မုန့်တိုက်သည် ရန်ကုန်၊ မန္တလေး၊ မိုးကုတ်မြို့၌ ဆိုင်ခွဲများ ဖွင့်လှစ်၍ အောင်မြင်မှုရရှိသည့် မုန့်တိုက်ဖြစ် သည်။
 
ထို့အတူ SP မုန့်တိုက်ပိုင်ရှင် ပြန်ပေးမဆွဲခံရမီ၌ မိုးကုတ်နယ်မြေများ၌ TNLA အဖွဲ့သည် စစ်ရေးလှုပ်ရှားမှု ကြောင့် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။
 
အလားတူ ဒေသခံများသည် နီးစပ်ရာသို့ စစ်ဘေးရှောင်ခဲ့သည်။
 
မိုးကုတ်မြို့နယ်သည် TNLA လှုပ်ရှားမှုရှိသည့် နယ်မြေတစ်ခုဖြစ်သည်။
 
SP မုန့်တိုက်ပိုင်ရှင် ပြန်ပေးဆွဲခံမှုအပေါ် People Media က TNLA က ဗိုလ်မှူးမိုင်းအိုက်ကျော်ထံ ဆက်သွယ် မေးမြန်းရာ “ဒီကိစ္စ ကျွန်တော်မသိရသေးဘူး” လို့ ပြောဆိုသည်။
 
#PeopleMedia #SP မုန့်တိုက်

Share this post