• Follow Us on

Home တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ မြို့နယ်များတွင် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ ယနေ့အထိ ကျင်းပပြုလုပ်လျက်ရှိနေ

တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ မြို့နယ်များတွင် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ ယနေ့အထိ ကျင်းပပြုလုပ်လျက်ရှိနေ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၉ (People Media)

 

တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ မြို့နယ်များတွင် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ ယနေ့အထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

 

ယနေ့ အောက်တိုဘာ ၂၉ ရက်နေ့တွင် ဖျာပုံမြို့၊ မော်လမြိုင်ကျွန်းမြို့နှင့် တောင်ကြီးတို့တွင် တပ်မတော် ထောက်ခံပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ထောက်ခံပွဲ၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မြန်မာ့တပ်မတော် ထောက်ခံပွဲဆိုသည့် ဆိုင်းဘုတ်များကိုင်ဆောင်၍ လှည့်လည်ထောက်ခံပွဲပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

 

ထို့အပြင် အောက်တိုဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြင်ဦးလွင်၊ မြစ်ကြီးနား၊ မော်လမြိုင်၊ မိတ္ထီလာ၊ မတ္တရာ၊ စလင်းမြို့၊ ကံမမြို့ စသည့်မြို့နယ်အပါအဝင် နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည် စသည့်ဒေသများ၌ ပြုလုပ် လျှက်ရှိသည်။

 

အလားတူ အောက်တိုဘာ ၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ တပ်မတော်ထောက်ခံပွဲ ပြုလုပ်အပြီး ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လုံခြုံရေးအဖွဲ့ဝင်အချို့ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။

 

#PeopleMedia #တပ်မတော် #ထောက်ခံပွဲ

 

(unicode)


…………………………………………………………………………

 


 


 


 


 


 



Share this post