• Follow Us on

Home အိုင္စီစီတရား႐ံုးဆီ ျမန္မာစစ္သား ၂ ေယာက္ကို တ႐ုတ္ႏိုင္ငံဘယ္လိုပို႔ခဲ့သလဲ

အိုင္စီစီတရား႐ံုးဆီ ျမန္မာစစ္သား ၂ ေယာက္ကို တ႐ုတ္ႏိုင္ငံဘယ္လိုပို႔ခဲ့သလဲ

Share this post

နယူးေဒလီ၊ ႏို၀င္ဘာ ၁၀

ျမန္မာႏိုင္ငံထဲမွာ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)ေတြအေပၚသူတို႔က်ဴးလြန္ခဲ့တဲ့ျပစ္မႈေတြကို ႏိုင္ငံတကာရာဇ၀တ္တရား႐ံုး(အိုင္စီစီ)ဆီ ၀န္ခံခဲ့တဲ့ျမန္မာစစ္သား ၂ ေယာက္ကို လႊဲေျပာင္းေပးရာမွာ တ႐ုတ္ႏိုင္ငံက အဓိကအခန္းက႑တရပ္ကေနပါ၀င္ေနပါတယ္။

အသက္ ၃၃ ႏွစ္႐ွိေနတဲ့မ်ိဳး၀င္းထြန္းနဲ႔ အသက္ ၃၀ ႐ွိေနတဲ့ေဇာ္ႏိုင္ထြန္းတို႔ဟာ ျမန္မာႏိုင္ငံအေနာက္ပိုင္းရခိုင္ျပည္နယ္က ဘဂၤါလီလူနည္းစုေတြအေပၚရက္စက္မႈေတြမွာ ျမန္မာစစ္တပ္ပါ၀င္ေနတယ္ဆိုတာ၀န္ခံဖို႔ အိုင္စီစီထံေရာက္ေနပါတယ္။

သူတို႔ ၂ ေယာက္၀န္ခံတဲ့႐ုပ္သံဖိုင္ကို အစိုးရမဟုတ္တဲ့အဖြဲ႔အစည္းတခုျဖစ္တဲ့ Fortify Rights က ထုတ္လႊင့္ခဲ့ပါတယ္။

အဲဒီစစ္သား ၂ ေယာက္ဟာ တပ္ေျပးေတြျဖစ္ၿပီး အတင္းအၾကပ္ထြက္ဆိုခိုင္းလို႔ထြက္ဆိုတာလို႔ ျမန္မာတပ္မေတာ္ေျပာခြင့္ရသူ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေျပာပါတယ္။

ႏိုင္ငံတကာတရား႐ံုး(အိုင္စီေဂ်)မွာ ျမန္မာႏိုင္ငံကို လူမ်ိဳးတုန္းသတ္ျဖတ္မႈနဲ႔တရားစြဲထားတဲ့အမႈအတြက္ အဲဒီ ၂ ေယာက္ထြက္ဆိုခ်က္ကို ဂမ္ဘီယာႏိုင္ငံက အသံုးျပဳႏိုင္ေခ်႐ွိပါတယ္။

သတင္းရင္းျမစ္ေတြရဲ႕အေျပာအရေတာ့ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံကအဲဒီစစ္သားေတြကို ၾသဂုတ္လလယ္ေလာက္မွာ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆီပို႔ၿပီး ေနာက္ပိုင္းမွာ နယ္သာလန္ႏိုင္ငံကိုပို႔ေဆာင္ခဲ့ပါတယ္။

အဲဒီစစ္သား ၂ ေယာက္နဲ႔ပတ္သက္ၿပီး အိုင္စီစီက လူသိ႐ွင္ၾကားမွတ္ခ်က္ျပဳထားတာမ်ိဳးမ႐ွိပါဘူး။

ရခိုင္ျပည္နယ္ကေသာင္းက်န္းသူအဖြဲ႔ ေအေအနဲ႔အခ်ိတ္အဆက္တခုကလည္း ထြက္ေပၚလာၿပီး ျမန္မာစစ္တပ္ကတပ္ေျပး ၂ ေယာက္ကိုေတြ႕ခဲ့တဲ့ေနရာေတြပါတဲ့သူတို႔လႈပ္႐ွားတဲ့ေနရာေတြထဲကအခ်ိဳ႕မွာ ၀မ္းေျမာက္မႈေတြ႐ွိေနတယ္လို႔ေဖာ္ျပေနပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ေထာက္လွမ္းေရးေအဂ်င္စီျဖစ္တဲ့ ႏိုင္ငံေတာ္လံုျခံဳေရး၀န္ႀကီးဌာနက ေအေအကိုကူညီခဲ့တာျဖစ္ႏိုင္တယ္လို႔ သတင္းရင္းျမစ္ေတြကေထာက္ျပေနပါတယ္။

ျမန္မာစစ္တပ္ထိပ္ပိုင္းက တ႐ုတ္ႏိုင္ငံကိုဆန္႔က်င္တဲ့မွတ္ခ်က္ေတြေျပာေနတဲ့အခ်ိန္မွာ အခုျဖစ္ရပ္ျဖစ္လာတာပါ။

႐ု႐ွားတီဗြီကို ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ေတြ႕ဆံုေမးျမန္းခြင့္ျပဳရာမွာ “အင္အားႀကီးႏိုင္ငံတႏိုင္ငံက ျမန္မာႏိုင္ငံထဲက တိုင္းရင္းသားလက္နက္ကိုင္ေတြကို လက္နက္ေတြနဲ႔ပစၥည္းေတြေထာက္ပံ့ေနတယ္။

ဒီအခ်က္က ႏိုင္ငံရဲ႕လက္႐ွိၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ေနာက္ျပန္ဆုတ္ေအာင္လုပ္ေနတာျဖစ္တယ္” လို႔ ေျပာပါတယ္။

ဒါ့အျပင္ အခုႏွစ္အေစာပိုင္းက တ႐ုတ္သမၼတ ႐ွီက်င့္ပင္ရဲ႕ျမန္မာႏိုင္ငံခရီးစဥ္မွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြအေပၚေထာက္ခံမႈေတြကိုလည္း ျမန္မာစစ္တပ္ေခါင္းေဆာင္ပိုင္းက ေဆြးေႏြးခဲ့ပါတယ္။

Ref : How China played a key role in handing over Myanmar soldiers to international criminal court

#PeopleMedia

(unicode)
အိုင်စီစီတရားရုံးဆီ မြန်မာစစ်သား ၂ ယောက်ကို တရုတ်နိုင်ငံဘယ်လိုပို့ခဲ့သလဲ
…………………………………………………..

နယူးဒေလီ၊ နိုဝင်ဘာ ၁၀

မြန်မာနိုင်ငံထဲမှာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)တွေအပေါ်သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို နိုင်ငံတကာရာဇဝတ်တရားရုံး(အိုင်စီစီ)ဆီ ဝန်ခံခဲ့တဲ့မြန်မာစစ်သား ၂ ယောက်ကို လွှဲပြောင်းပေးရာမှာ တရုတ်နိုင်ငံက အဓိကအခန်းကဏ္ဍတရပ်ကနေပါဝင်နေပါတယ်။

အသက် ၃၃ နှစ်ရှိနေတဲ့မျိုးဝင်းထွန်းနဲ့ အသက် ၃၀ ရှိနေတဲ့ဇော်နိုင်ထွန်းတို့ဟာ မြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်က ဘင်္ဂါလီလူနည်းစုတွေအပေါ်ရက်စက်မှုတွေမှာ မြန်မာစစ်တပ်ပါဝင်နေတယ်ဆိုတာဝန်ခံဖို့ အိုင်စီစီထံရောက်နေပါတယ်။

သူတို့ ၂ ယောက်ဝန်ခံတဲ့ရုပ်သံဖိုင်ကို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုဖြစ်တဲ့ Fortify Rights က ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီစစ်သား ၂ ယောက်ဟာ တပ်ပြေးတွေဖြစ်ပြီး အတင်းအကြပ်ထွက်ဆိုခိုင်းလို့ထွက်ဆိုတာလို့ မြန်မာတပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)မှာ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့တရားစွဲထားတဲ့အမှုအတွက် အဲဒီ ၂ ယောက်ထွက်ဆိုချက်ကို ဂမ်ဘီယာနိုင်ငံက အသုံးပြုနိုင်ချေရှိပါတယ်။

သတင်းရင်းမြစ်တွေရဲ့အပြောအရတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံကအဲဒီစစ်သားတွေကို သြဂုတ်လလယ်လောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီပို့ပြီး နောက်ပိုင်းမှာ နယ်သာလန်နိုင်ငံကိုပို့ဆောင်ခဲ့ပါတယ်။

အဲဒီစစ်သား ၂ ယောက်နဲ့ပတ်သက်ပြီး အိုင်စီစီက လူသိရှင်ကြားမှတ်ချက်ပြုထားတာမျိုးမရှိပါဘူး။

ရခိုင်ပြည်နယ်ကသောင်းကျန်းသူအဖွဲ့ အေအေနဲ့အချိတ်အဆက်တခုကလည်း ထွက်ပေါ်လာပြီး မြန်မာစစ်တပ်ကတပ်ပြေး ၂ ယောက်ကိုတွေ့ခဲ့တဲ့နေရာတွေပါတဲ့သူတို့လှုပ်ရှားတဲ့နေရာတွေထဲကအချို့မှာ ဝမ်းမြောက်မှုတွေရှိနေတယ်လို့ဖော်ပြနေပါတယ်။

တရုတ်နိုင်ငံရဲ့ထောက်လှမ်းရေးအေဂျင်စီဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက အေအေကိုကူညီခဲ့တာဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်တွေကထောက်ပြနေပါတယ်။

မြန်မာစစ်တပ်ထိပ်ပိုင်းက တရုတ်နိုင်ငံကိုဆန့်ကျင်တဲ့မှတ်ချက်တွေပြောနေတဲ့အချိန်မှာ အခုဖြစ်ရပ်ဖြစ်လာတာပါ။

ရုရှားတီဗွီကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံမေးမြန်းခွင့်ပြုရာမှာ “အင်အားကြီးနိုင်ငံတနိုင်ငံက မြန်မာနိုင်ငံထဲက တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်တွေနဲ့ပစ္စည်းတွေထောက်ပံ့နေတယ်။

ဒီအချက်က နိုင်ငံရဲ့လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောက်ပြန်ဆုတ်အောင်လုပ်နေတာဖြစ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အခုနှစ်အစောပိုင်းက တရုတ်သမ္မတ ရှီကျင့်ပင်ရဲ့မြန်မာနိုင်ငံခရီးစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ်ထောက်ခံမှုတွေကိုလည်း မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းက ဆွေးနွေးခဲ့ပါတယ်။

Ref : How China played a key role in handing over Myanmar soldiers to international criminal court

#PeopleMedia


Share this post