• Follow Us on

Home ကခ်င္တစ္ျပည္နယ္လုံးတြင္ ၂၀၂၀ တကၠသိုလ္ဝင္တန္း စာေမးပြဲ ေအာင္ခ်က္မရွိသည့္ ေက်ာင္း ၁၁ ေက်ာင္း အထိရွိ

ကခ်င္တစ္ျပည္နယ္လုံးတြင္ ၂၀၂၀ တကၠသိုလ္ဝင္တန္း စာေမးပြဲ ေအာင္ခ်က္မရွိသည့္ ေက်ာင္း ၁၁ ေက်ာင္း အထိရွိ

Share this post

ျမစ္ႀကီးနား၊ ၾသဂုတ္ ၁၀

ကခ်င္တစ္ျပည္နယ္လုံးတြင္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ တကၠသိုလ္ ဝင္တန္းစာေမးပြဲ၌ ေအာင္ခ်က္ မရွိသည့္ ေက်ာင္း (၁၁)ေက်ာင္း အထိ ရွိေၾကာင္း ကခ်င္ျပည္နယ္ပညာေရးမႉး႐ုံးမွ သိရသည္။

ကခ်င္ျပည္နယ္ ပညာေရးမႉး႐ုံး၏ စာရင္းမ်ားအရ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တကၠသိုလ္ဝင္တန္းေအာင္ခ်က္ သုဝ ရာခိုင္ႏႈန္းေက်ာင္းမ်ားမွာ ျမစ္ႀကီးနားၿမိဳ႕နယ္မွ အထက တန္ဖရဲေက်ာင္း၊ ဝိုင္းေမာ္ၿမိဳ႕နယ္မွ အ.ထ.က (ခြဲ) ေဂြထုႏွင့္ အ.ထ.က (ခြဲ) ေဝါ့ခ်ဳံးႏွင့္ အ.ထ.က (ကန္ပိုင္တီ) တနိုင္းၿမိဳ႕နယ္မွ အ.ထ.က (ခြဲ) တ႐ုံ၊ ဖားကန့္​​ၿမိဳ႕နယ္မွ အ.ထ.က (ခြဲ) ကံဆီ၊ ဗန္းေမာ္ၿမိဳ႕နယ္မွ အ.ထ.က (ခြဲ) လ(၃)၊ မိုးေမာက္ၿမိဳ႕နယ္မွ အ.ထ.က (ခြဲ) နားလုံ၊ ေနာင္မြန္းၿမိဳ႕နယ္မွ အ.ထ.က(ခြဲ) ရပ္ဆေဘာ့ေက်ာင္းႏွင့္ ေခါင္မူးၿမိဳ႕နယ္မွ အ.ထ.က ေခါင္းဖူးႏွင့္ အ.ထ.က( ခြဲ) ရွိန္းေခါင္ေက်ာင္းတို႔ျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်ာင္း (၁၁)ေက်ာင္းလုံးတြင္ ေက်ာင္းသားေက်ာင္းသူ စုစုေပါင္း(၂၃၃)ရွိသည့္အနက္ ၂၀၅ ဦး ဝင္ေရာက္ေျဖဆိုခဲ့ၿပီးေအာင္ျမင္သူ မရွိခဲ့သည့္အေပၚ ကခ်င္ျပည္နယ္ ပညာေရးမႉး႐ုံးမွ ဒုတိယၫြန္ၾကားေရးမႉး ေဒၚသက္သက္က ယခုကဲ့သို႔သုံးသပ္ေျပာဆိုသည္။

”ဘာေၾကာင့္ ေအာင္ခ်က္မရွိတာလည္းဆိုတာေတာ့ သုံးသပ္ခ်က္ေတြကို ေတာင္းထားတယ္ မပို႔လာေသးဘူး။ အဓိကေတာ့ကြၽန္မတို႔ သိသေလာက္ကေတာ့ ဘာသာျပဆရာမေတြနည္းလို႔လည္း ျဖစ္နိုင္တယ္ ေနာက္တစ္ခုက မိဘရဲ႕ပံ့ပိုးမႈနဲ႕ ေက်ာင္း သားေတြရဲ႕ ႀကိဳးစားအားထုတ္မႈ အရမ္းနည္းတယ္ ၿပီးေတာ့ ေတာင္ေပၚေဒသကဆိုရင္လည္း စားဝတ္ေနေရး ခက္ခဲတာေတြရွိလို႔ျဖစ္တယ္” ဟု ဒုတိယၫြန္ၾကားေရးမႉး ​ေဒၚသက္သက္က ေျပာသည္။

ကခ်င္တစ္ျပည္နယ္လုံးတြင္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္မႈ ရာခိုင္ႏႈန္းမွာ (၂၉.၉၉) ရာခိုင္ႏႈန္းျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္မွာ (၂၉.၂၈)ရာခိုင္ႏႈန္းသာ ရွိခဲ့သျဖင့္ ေအာင္ခ်က္ အနည္းမွ်ဆို႐ုံသာ တိုးလာသည္။

လြမ္းေအာင္

[Unicode]
ကချင်တစ်ပြည်နယ်လုံးတွင် ၂၀၂၀ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်မရှိသည့် ကျောင်း ၁၁ ကျောင်း အထိရှိ
…………………………………………………………………………….

မြစ်ကြီးနား၊ သြဂုတ် ၁၀

ကချင်တစ်ပြည်နယ်လုံးတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ၌ အောင်ချက် မရှိသည့် ကျောင်း (၁၁)ကျောင်း အထိ ရှိကြောင်း ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကချင်ပြည်နယ် ပညာရေးမှူးရုံး၏ စာရင်းများအရ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်ချက် သုဝ ရာခိုင်နှုန်းကျောင်းများမှာ မြစ်ကြီးနားမြို့နယ်မှ အထက တန်ဖရဲကျောင်း၊ ဝိုင်းမော်မြို့နယ်မှ အ.ထ.က (ခွဲ) ဂွေထုနှင့် အ.ထ.က (ခွဲ) ဝေါ့ချုံးနှင့် အ.ထ.က (ကန်ပိုင်တီ) တနိုင်းမြို့နယ်မှ အ.ထ.က (ခွဲ) တရုံ၊ ဖားကန့်​​မြို့နယ်မှ အ.ထ.က (ခွဲ) ကံဆီ၊ ဗန်းမော်မြို့နယ်မှ အ.ထ.က (ခွဲ) လ(၃)၊ မိုးမောက်မြို့နယ်မှ အ.ထ.က (ခွဲ) နားလုံ၊ နောင်မွန်းမြို့နယ်မှ အ.ထ.က(ခွဲ) ရပ်ဆဘော့ကျောင်းနှင့် ခေါင်မူးမြို့နယ်မှ အ.ထ.က ခေါင်းဖူးနှင့် အ.ထ.က( ခွဲ) ရှိန်းခေါင်ကျောင်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်း (၁၁)ကျောင်းလုံးတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း(၂၃၃)ရှိသည့်အနက် ၂၀၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီးအောင်မြင်သူ မရှိခဲ့သည့်အပေါ် ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်သက်သက်က ယခုကဲ့သို့သုံးသပ်ပြောဆိုသည်။

”ဘာကြောင့် အောင်ချက်မရှိတာလည်းဆိုတာတော့ သုံးသပ်ချက်တွေကို တောင်းထားတယ် မပို့လာသေးဘူး။ အဓိကတော့ကျွန်မတို့ သိသလောက်ကတော့ ဘာသာပြဆရာမတွေနည်းလို့လည်း ဖြစ်နိုင်တယ် နောက်တစ်ခုက မိဘရဲ့ပံ့ပိုးမှုနဲ့ ကျောင်း သားတွေရဲ့ ကြိုးစားအားထုတ်မှု အရမ်းနည်းတယ် ပြီးတော့ တောင်ပေါ်ဒေသကဆိုရင်လည်း စားဝတ်နေရေး ခက်ခဲတာတွေရှိလို့ဖြစ်တယ်” ဟု ဒုတိယညွန်ကြားရေးမှူး ​ေဒါ်သက်သက်က ပြောသည်။

ကချင်တစ်ပြည်နယ်လုံးတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်မှု ရာခိုင်နှုန်းမှာ (၂၉.၉၉) ရာခိုင်နှုန်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ (၂၉.၂၈)ရာခိုင်နှုန်းသာ ရှိခဲ့သဖြင့် အောင်ချက် အနည်းမျှဆိုရုံသာ တိုးလာသည်။

လွမ်းအောင်


Share this post