• Follow Us on

Home ကချင်ပြည်နယ်အစိုးရအဖွဲ့၌ ပါတီစွဲမရှိဘဲ လူမှန်နေရာမှန်ရှိသူများကို တာဝန်ပေးအပ်လျှင် ပူးပေါင်းရန် အသင့် ရှိကြောင်း KSPP ဥက္ကဋ္ဌ ပြောဆို

ကချင်ပြည်နယ်အစိုးရအဖွဲ့၌ ပါတီစွဲမရှိဘဲ လူမှန်နေရာမှန်ရှိသူများကို တာဝန်ပေးအပ်လျှင် ပူးပေါင်းရန် အသင့် ရှိကြောင်း KSPP ဥက္ကဋ္ဌ ပြောဆို

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအနေဖြင့် ကချင်ပြည်နယ်၌ အစိုးရအဖွဲ့ ဖွဲ့စည်းသည့်အချိန်၌ ပါတီစွဲမရှိဘဲနှင့် လူမှန်နေရာမှန်ရှိသူများကို တာဝန်ပေးအပ်လျှင် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောဆိုလိုက်ပါတယ်။
 
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့နှင့် ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်နယ်ရုံးခန်းမ၌ တွေ့ဆုံခဲ့ကြစဉ် ဒေါက်တာမနမ်တူးဂျာ က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။
 
“လက်ရှိ အာဏာရပါတီအနေနဲ့ သဘောထားကြီးကြီးနဲ့ ညီတူညီမျှပါဝင်နိုင်တဲ့ အစိုးရကောင်း တစ်ရပ်ပေါ်လာ ဖို့ ဝိုင်းဝန်းဖွဲ့စည်းဖို့လိုတယ်။ အထူးသဖြင့် ကချင်ပြည်နယ်မှာဆိုရင် ပြည်တွင်းစစ် အရမ်းခံနေရတာ၊ ဖွံဖြိုးမှု အနိမ့်ကျဆုံးကလည်း ကချင်ပြည်နယ်ဖြစ်နေတယ်၊ ကောင်းမွန်တဲ့ အစိုးရဖွဲ့စည်းရေးကို ဦးတည်ပေးပါ။ ကောင်းမွန်တဲ့အစိုးရအဖွဲ့ကို ပါတီစွဲမရှိဘဲနဲ့ လူမှန်နေရာမှန်ချမှတ်ဆိုရင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့် ဖြစ်တယ်လို့ ပြောလိုက်တယ်”ဟု ဒေါက်တာမနမ်တူးဂျာက ပြောဆိုပါတယ်။
 
ဆက်လက်ပြီး ဒေါက်တာမနမ်တူးဂျာက လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်တာဝန်ကို NLD ပါတီမှ မဟုတ်သည့် အခြားသော ပါတီက လူမှန်နေရာမှန်ရှိသူကို တာဝန်ပေးသင့်ကြောင်း NLD ပါတီနှင့် တွေ့ဆုံစဉ် ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။
 
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် KSPP ပါတီတို့သည် ဇန်နဝါရီ(၁)ရက်နေ့၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ NLD ပါတီ ပြည်နယ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
 
Photo – ကချင်ပြည်နယ် NLD
 
#PeopleMedia #KSPP #NLD #Political
 
(unicode)
…………………………………………………………
 
 
 
 
 
 
 
 
#PeopleMedia #KSPP #NLD #Political

Share this post