• Follow Us on

Home ကင္ဂ်ံဳအြန္ရဲ႕ညီမျဖစ္သူစြပ္စြဲခ်က္ေတြကို လက္ခံေတာ့မွာမဟုတ္ဘူးလို႔ ေတာင္ကိုရီးယားသမၼတ႐ံုးေျပာ

ကင္ဂ်ံဳအြန္ရဲ႕ညီမျဖစ္သူစြပ္စြဲခ်က္ေတြကို လက္ခံေတာ့မွာမဟုတ္ဘူးလို႔ ေတာင္ကိုရီးယားသမၼတ႐ံုးေျပာ

Share this post

ဆိုးလ္၊ ဇြန္ ၁၇

ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ မၾကာေသးခင္က သမၼတမြန္းေဂ်အင္းအေပၚ ေ၀ဖန္မႈေတြဟာ ဆင္ျခင္ဉာဏ္ကင္းမဲ့ၿပီး ေျမာက္ကိုရီး ယားႏိုင္ငံရဲ႕က်ိဳးေၾကာင္း မညီၫြတ္တဲ့အျပဳအမူေတြကို လက္ခံမွာမဟုတ္ဘူးလို႔ ေတာင္ကိုရီးယားသမၼတအိမ္ျပာေတာ္က ဒီေန႔မွာေျပာပါတယ္။

မေန႔က ေျမာက္ကိုရီးယားပိုင္နက္ထဲမွာ႐ွိတဲ့ ေတာင္-ေျမာက္ကိုရီးယားဆက္သြယ္ၫွိႏႈိင္းေရး႐ံုးကို ေျမာက္ကိုရီးယားက ေဖာက္ခြဲခဲ့ၿပီးတဲ့ေနာက္ ေတာင္ကိုရီးယားသမၼတအိမ္ေတာ္က အခုလိုမွတ္ခ်က္ျပဳခဲ့တာပါ။

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအန္ရဲ႕ညီမျဖစ္သူကင္ယိုဂၽြန္းရဲ႕ ေတာင္ကိုရီးယားသမၼတအေပၚေ၀ဖန္မႈေတြဟာ ႐ိုင္းပ်၊ ဆင္ျခင္ဉာဏ္ကင္းမဲ့ၿပီး ေခါင္းေဆာင္ႏွစ္ေယာက္တည္ေဆာက္ထားတဲ့ယံုၾကည္မႈရဲ႕အေျခခံကို ထိခိုက္ေစတယ္လို႔ ေတာင္ ကိုရီးယားသမၼတအိမ္ေတာ္ေျပာခြင့္ရသူယြန္ဒိုဟန္ကေျပာပါတယ္။

ေျမာက္ကိုရီးယားရဲ႕ေဖာက္ခြဲတဲ့လုပ္ရပ္ေၾကာင့္ ေတာင္-ေျမာက္ကိုရီးယားဆက္ဆံေရးတာ၀န္ယူရတဲ့ ေတာင္ကိုရီးယားျပန္လည္ ေပါင္းစည္းေရး၀န္ႀကီး ကင္ေယာင္ေခ်ာလည္း ရာထူးကေနႏုတ္ထြက္သြားပါတယ္။ ႏွစ္ႏိုင္ငံဆက္ဆံေရးပိုဆိုးလာလို႔ တာ၀န္ယူ တဲ့အေနနဲ႔ ႏုတ္ထြက္တာလို႔ ကင္ေယာင္ေခ်ာကေျပာပါတယ္။

ဒီေန႔မနက္ပိုင္း ေျမာက္ကိုရီးယားအစိုးရပိုင္မီဒီယာရဲ႕ေဖာ္ျပခ်က္မွာေတာ့ ေတာင္ကိုရီးယားႏိုင္ငံဟာ ၂၀၁၈ ကိုရီးယား ၂ ႏိုင္ငံ သေဘာတူညီခ်က္ေတြကိုခ်ိဳးေဖာက္ေနတယ္လို႔ စြပ္စြဲေျပာဆိုထားၿပီး ကင္ယိုဂၽြန္းကေတာ့ မြန္းေဂ်အင္းဟာ အေမရိကန္ရဲ႕ ကပ္ေႁမွာင္လို႔ စြပ္စြဲေျပာဆိုပါတယ္။

ေတာင္ကိုရီးယားဘက္က ေဆြးေႏြးမႈေတြလုပ္ဖို႔ တံခါးဖြင့္ထားေသးတယ္လို႔ ေျပာပါတယ္။ ေျမာက္ကိုရီးယားကေန ေတာင္ကိုရီး ယားႏိုင္ငံကိုထြက္ေျပးသူေတြက ေျမာက္ကိုရီးယားဘက္ကို မိုးပ်ံပူေဖာင္းေတြနဲ႔ဝါဒျဖန္႔စာေတြပို႔ေနတာေၾကာင့္ ၿပီးခဲ့တဲ့ သီတင္း ပတ္ေတြအတြင္း ကိုရီးယားႏွစ္ႏိုင္ငံဆက္ဆံေရးတင္းမာေနပါတယ္။

Ref : South Korea says will no longer accept unreasonable behavior by North Korea

#PeopleMedia

(unicode)
ကင်ဂျုံအွန်ရဲ့ညီမဖြစ်သူစွပ်စွဲချက်တွေကို လက်ခံတော့မှာမဟုတ်ဘူးလို့ တောင်ကိုရီးယားသမ္မတရုံးပြော
………………………………………………………

ဆိုးလ်၊ ဇွန် ၁၇

မြောက်ကိုရီးယားနိုင်ငံရဲ့ မကြာသေးခင်က သမ္မတမွန်းဂျေအင်းအပေါ် ဝေဖန်မှုတွေဟာ ဆင်ခြင်ဉာဏ်ကင်းမဲ့ပြီး မြောက်ကိုရီး ယားနိုင်ငံရဲ့ကျိုးကြောင်း မညီညွတ်တဲ့အပြုအမူတွေကို လက်ခံမှာမဟုတ်ဘူးလို့ တောင်ကိုရီးယားသမ္မတအိမ်ပြာတော်က ဒီနေ့မှာပြောပါတယ်။

မနေ့က မြောက်ကိုရီးယားပိုင်နက်ထဲမှာရှိတဲ့ တောင်-မြောက်ကိုရီးယားဆက်သွယ်ညှိနှိုင်းရေးရုံးကို မြောက်ကိုရီးယားက ဖောက်ခွဲခဲ့ပြီးတဲ့နောက် တောင်ကိုရီးယားသမ္မတအိမ်တော်က အခုလိုမှတ်ချက်ပြုခဲ့တာပါ။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ရဲ့ညီမဖြစ်သူကင်ယိုဂျွန်းရဲ့ တောင်ကိုရီးယားသမ္မတအပေါ်ဝေဖန်မှုတွေဟာ ရိုင်းပျ၊ ဆင်ခြင်ဉာဏ်ကင်းမဲ့ပြီး ခေါင်းဆောင်နှစ်ယောက်တည်ဆောက်ထားတဲ့ယုံကြည်မှုရဲ့အခြေခံကို ထိခိုက်စေတယ်လို့ တောင် ကိုရီးယားသမ္မတအိမ်တော်ပြောခွင့်ရသူယွန်ဒိုဟန်ကပြောပါတယ်။

မြောက်ကိုရီးယားရဲ့ဖောက်ခွဲတဲ့လုပ်ရပ်ကြောင့် တောင်-မြောက်ကိုရီးယားဆက်ဆံရေးတာဝန်ယူရတဲ့ တောင်ကိုရီးယားပြန်လည် ပေါင်းစည်းရေးဝန်ကြီး ကင်ယောင်ချောလည်း ရာထူးကနေနုတ်ထွက်သွားပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးပိုဆိုးလာလို့ တာဝန်ယူ တဲ့အနေနဲ့ နုတ်ထွက်တာလို့ ကင်ယောင်ချောကပြောပါတယ်။

ဒီနေ့မနက်ပိုင်း မြောက်ကိုရီးယားအစိုးရပိုင်မီဒီယာရဲ့ဖော်ပြချက်မှာတော့ တောင်ကိုရီးယားနိုင်ငံဟာ ၂၀၁၈ ကိုရီးယား ၂ နိုင်ငံ သဘောတူညီချက်တွေကိုချိုးဖောက်နေတယ်လို့ စွပ်စွဲပြောဆိုထားပြီး ကင်ယိုဂျွန်းကတော့ မွန်းဂျေအင်းဟာ အမေရိကန်ရဲ့ ကပ်မြှောင်လို့ စွပ်စွဲပြောဆိုပါတယ်။

တောင်ကိုရီးယားဘက်က ဆွေးနွေးမှုတွေလုပ်ဖို့ တံခါးဖွင့်ထားသေးတယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားကနေ တောင်ကိုရီး ယားနိုင်ငံကိုထွက်ပြေးသူတွေက မြောက်ကိုရီးယားဘက်ကို မိုးပျံပူဖောင်းတွေနဲ့ဝါဒဖြန့်စာတွေပို့နေတာကြောင့် ပြီးခဲ့တဲ့ သီတင်း ပတ်တွေအတွင်း ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးတင်းမာနေပါတယ်။

Ref : South Korea says will no longer accept unreasonable behavior by North Korea

#PeopleMedia


Share this post