• Follow Us on

Home NLD အမတ် ဒေါ်စန္ဒာမင်း ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ရွေးကောက်ပွဲ ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည်


Share this post

ရန်ကုန်၊ ဇွန် – ၁၇






#PeopleMedia

(unicode)
NLD အမတ် ဒေါ်စန္ဒာမင်း ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ရွေးကောက်ပွဲ ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည် …………………………………………………………

ရန်ကုန်၊ ဇွန် – ၁၇

ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းသည် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆိပ်ကြီး ခနောင်တိုမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကလည်း ဆိပ်ကြီး၊ ခနောင်တို မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာလည်း ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဒေါ်စန္ဒာ မင်းက ပြောသည်။

“ဝင်ရောက်ယှဉ်ပြိုင်ပါမယ်၊ ဆိပ်ကြီးခနောင်တိုကပဲ ယှဉ်ပြိုင်သွားမှာပါ”ဟု ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌဒေါ်စန္ဒာမင်းကပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။

လက်ရှိတွင်အစိုးရ၏ စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး ထောက်ပြဝေဖန်နေသူတစ်ဦးလည်းဖြစ်သည်။

#PeopleMedia


Share this post