• Follow Us on

Home ကတ္ရွ္မီးယားတြင္ ေရခဲျပင္ၿပိဳက်မႈေၾကာင့္ အိႏၵိယစစ္တပ္မွ ၆ ဦးေသဆံုး

ကတ္ရွ္မီးယားတြင္ ေရခဲျပင္ၿပိဳက်မႈေၾကာင့္ အိႏၵိယစစ္တပ္မွ ၆ ဦးေသဆံုး

Share this post

အိႏၵိယထိန္းခ်ဳပ္ထားတဲ့ ကတ္ရွ္မီးယားေဒသမွာ ေရခဲျပင္ၿပိဳက်မႈေၾကာင့္ အိႏၵိယစစ္သား ၄ ဦးနဲ႔ အရပ္သား ၀န္ထမ္းသူ ၂ ဦးေသဆံုးခဲ့တယ္လို႔ အိႏၵိယစစ္တပ္က ေျပာပါတယ္။

ေရခဲျပင္ၿပိဳက်မႈဟာ စီရာခ်န္ေရခဲျမစ္ေျမာက္ပိုင္း အျမင့္ေပ ၁၇၉၉၅ မွာျဖစ္ပြားခဲ့ၿပီး ကယ္ဆယ္ေရးအဖြဲ႕ေတြ ဟာ ႏွင္းေတြၾကားက စစ္သား ၆ ဦးနဲ႔ ၀န္ထမ္းသူ ၂ ဦးတို႔ကို ဆြဲထုတ္ႏုိင္ခဲ့ပါတယ္။

၄င္းတို႔ ၈ ေယာက္ကို ရဟတ္ယာဥ္နဲ႔ စစ္ေဆး႐ုံကို ေခၚေဆာင္သြားခဲ့ၿပီး စစ္သား ၄ ဦးနဲ႔ ၀န္ထမ္းသူ ၂ ဦး ေသဆံုးခဲ့ၿပီး အသက္ရွင္က်န္ရစ္သူႏွစ္ဦးကို ေဆး၀ါးကုသလ်က္ရွိေနပါတယ္။

အိႏၵိယတပ္ဖြဲ႕၀င္ေတြဟာ စခန္းအနီးမွာ ကင္းလွည့္ေနခ်ိန္ အခုလို မေတာ္တဆမႈနဲ႔ ႀကံဳေတြ႕ခဲ့ရတာျဖစ္ ပါတယ္။

Ref; AP

#PeopleMedia #International

(Unicode)
ကတ်ရှ်မီးယားတွင် ရေခဲပြင်ပြိုကျမှုကြောင့် အိန္ဒိယစစ်တပ်မှ ၆ ဦးသေဆုံး
………………………………………………………………

အိန္ဒိယထိန်းချုပ်ထားတဲ့ ကတ်ရှ်မီးယားဒေသမှာ ရေခဲပြင်ပြိုကျမှုကြောင့် အိန္ဒိယစစ်သား ၄ ဦးနဲ့ အရပ်သား ဝန်ထမ်းသူ ၂ ဦးသေဆုံးခဲ့တယ်လို့ အိန္ဒိယစစ်တပ်က ပြောပါတယ်။

ရေခဲပြင်ပြိုကျမှုဟာ စီရာချန်ရေခဲမြစ်မြောက်ပိုင်း အမြင့်ပေ ၁၇၉၉၅ မှာဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေ ဟာ နှင်းတွေကြားက စစ်သား ၆ ဦးနဲ့ ဝန်ထမ်းသူ ၂ ဦးတို့ကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။

၄င်းတို့ ၈ ယောက်ကို ရဟတ်ယာဉ်နဲ့ စစ်ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပြီး စစ်သား ၄ ဦးနဲ့ ဝန်ထမ်းသူ ၂ ဦး သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူနှစ်ဦးကို ဆေးဝါးကုသလျက်ရှိနေပါတယ်။

အိန္ဒိယတပ်ဖွဲ့ဝင်တွေဟာ စခန်းအနီးမှာ ကင်းလှည့်နေချိန် အခုလို မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ် ပါတယ်။

Ref; AP

#PeopleMedia #International


Share this post