• Follow Us on
Latest News

Home အာဏာသိမ္းရန္ ႀကိဳးပမ္းမႈတြင္ပါ၀င္ခဲ့ေသာ စစ္မႈထမ္း ၁၃၀ ေက်ာ္ကို ဖမ္းဆီးရန္ တူရကီညႊန္ၾကား

အာဏာသိမ္းရန္ ႀကိဳးပမ္းမႈတြင္ပါ၀င္ခဲ့ေသာ စစ္မႈထမ္း ၁၃၀ ေက်ာ္ကို ဖမ္းဆီးရန္ တူရကီညႊန္ၾကား

Share this post

တူရကီႏိုင္ငံ၊ အစၥမီးရားၿမိဳ႕က အစိုးရေရွ႕ေနေတြဟာ ဖက္ဟူလာအၾကမ္းဖက္အဖြဲ႕(FETO)အဖြဲ႕၀င္ေတြကို ႏွိမ္ႏွင္းတဲ့စစ္ေဆးေရး အစိတ္အပိုင္းတစ္ခုအေနနဲ႔ တူရကီစစ္မႈထမ္း ၁၃၃ ဦးကို ဖမ္းဆီးဖို႔ အမိန္႔ထုတ္ျပန္ လိုက္ပါတယ္။

FETO အဖြဲ႕ကို တူရကီအစိုးရက ၂၀၁၆ ခုႏွစ္ ဇူလိုင္လမွာ အာဏာသိမ္းဖို႔ ႀကိဳးပမ္းမႈနဲ႔ ေ၀ဖန္ျပစ္တင္ထား ပါတယ္။ တူရကီလံုၿခံဳေရးတပ္ဖြဲ႕၀င္ေတြဟာ ႏိုင္ငံတစ္၀ွမ္းျပည္နယ္ ၄၄ ခုမွာ အၾကမ္းဖက္ႏွိမ္နင္းေရး စစ္ ဆင္ေရးကိုေဆာင္ရြက္ခဲ့ၿပီး ဖမ္းဆီးခဲ့သူေတြထဲမွာ ၈၂ ဦးဟာ တူရကီစစ္တပ္မွာ တာ၀န္ထမ္းေဆာင္ေနသူ ေတြျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္၊ ဇူလိုင္ ၁၅ ရက္ေန႔က တူရကီအစိုးရအရာရွိတခ်ိဳ႕နဲ႔ စစ္တပ္အင္အားတစ္စုဟာ သမၼတအာဒိုဂန္ ကို ျဖဳတ္ခ်ဖို႔ ႀကိဳးစားခဲ့ပါတယ္။ အခုလို ႀကိဳးပမ္းမႈဟာ ၿမိဳ႕ေတာ္အန္ကာရာနဲ႔ အစၥတန္ဘူလ္မွာ ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈေတြအတြင္း လူ ၂၅၀ ၀န္းက်င္းေသဆံုးခဲ့ၿပီး လူ ၂၀၀၀ ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။

Ref; https://tass.com/

#PeopleMedia #International

(Unicode)
အာဏာသိမ်းရန် ကြိုးပမ်းမှုတွင်ပါဝင်ခဲ့သော စစ်မှုထမ်း ၁၃၀ ကျော်ကို ဖမ်းဆီးရန် တူရကီညွှန်ကြား
………………………………………………………………

တူရကီနိုင်ငံ၊ အစ္စမီးရားမြို့က အစိုးရရှေ့နေတွေဟာ ဖက်ဟူလာအကြမ်းဖက်အဖွဲ့(FETO)အဖွဲ့ဝင်တွေကို နှိမ်နှင်းတဲ့စစ်ဆေးရေး အစိတ်အပိုင်းတစ်ခုအနေနဲ့ တူရကီစစ်မှုထမ်း ၁၃၃ ဦးကို ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန် လိုက်ပါတယ်။

FETO အဖွဲ့ကို တူရကီအစိုးရက ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ ဝေဖန်ပြစ်တင်ထား ပါတယ်။ တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတစ်ဝှမ်းပြည်နယ် ၄၄ ခုမှာ အကြမ်းဖက်နှိမ်နင်းရေး စစ် ဆင်ရေးကိုဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးခဲ့သူတွေထဲမှာ ၈၂ ဦးဟာ တူရကီစစ်တပ်မှာ တာဝန်ထမ်းဆောင်နေသူ တွေဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁၅ ရက်နေ့က တူရကီအစိုးရအရာရှိတချို့နဲ့ စစ်တပ်အင်အားတစ်စုဟာ သမ္မတအာဒိုဂန် ကို ဖြုတ်ချဖို့ ကြိုးစားခဲ့ပါတယ်။ အခုလို ကြိုးပမ်းမှုဟာ မြို့တော်အန်ကာရာနဲ့ အစ္စတန်ဘူလ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေအတွင်း လူ ၂၅၀ ဝန်းကျင်းသေဆုံးခဲ့ပြီး လူ ၂၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Ref; https://tass.com/

#PeopleMedia #International


Share this post