• Follow Us on

Home ကနီမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နောက်ဆုံးထား၍ CDM ပြုလုပ် ရန်နှင့် မပြုလုပ်ပါက အမြစ်ပြတ်သုတ်သင်သွားမည်ဖြစ်ကြောင်း ကနီ PDF ထုတ်ပြန်

ကနီမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နောက်ဆုံးထား၍ CDM ပြုလုပ် ရန်နှင့် မပြုလုပ်ပါက အမြစ်ပြတ်သုတ်သင်သွားမည်ဖြစ်ကြောင်း ကနီ PDF ထုတ်ပြန်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ CDM ပြုလုပ်ရန်နှင့် မပြုလုပ်ပါက အမြစ်ပြတ်သုတ်သင်သွားမည်ဖြစ်ကြောင်း ကနီ PDF အဖွဲ့မှ ထုတ်ပြန်လိုက်သည်။

 

ထိုသို့ ထုတ်ပြန်ရာတွင် ကနီမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများအားလုံး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည နေ ၄ နာရီအချိန် နောက်ဆုံးထား၍ CDM ပြုလုပ်ချိတ်ဆက်စာရင်းပေးသွင်းရန်၊ CDM မပြုလုပ်နိုင်သော ဝန် ထမ်းများအားလုံး ယနေ့မှစ၍ ကနီမြို့နယ်အတွင်းမှ အမြန်ဆုံးထွက်ခွာရန်၊ ရပ်ကွက်၊ ကျေးရွာအုပ်မှူးများ အားလုံး ထမ်းဆောင်ဆဲတာဝန်များမှ နှုတ်ထွက်ရန်၊ အခြားဒေသများမှ Non CDM ဝန်ထမ်းများ ကနီမြို့နယ် အတွင်း လာရောက်ခိုလှုံခြင်းမပြုရန်နှင့် သတ်မှတ်ရက်အတွင်း CDM ပြုလုပ်ရန်၊ နှုတ်ထွက်ရန် ပျက်ကွက်သူ များကို လူထုတော်လှန်ရေး၏ ဆူးညှောင့်ခလုတ်များဟုမှတ်ယူကာ အမြစ်ပြတ်သုတ်သင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 

#PeopleMedia


Share this post