• Follow Us on

Home ဒေါ်အောင်ဆန်းစုကြည်မပါဘဲ နိုင်ငံတကာရာဇဝတ်တရားရုံးမှာ မြန်မာနိုင်ငံက ရင်ဆိုင်သွားမယ်

ဒေါ်အောင်ဆန်းစုကြည်မပါဘဲ နိုင်ငံတကာရာဇဝတ်တရားရုံးမှာ မြန်မာနိုင်ငံက ရင်ဆိုင်သွားမယ်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁ (People Media)

 

ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့စွပ်စွဲထားတဲ့အမှုကို ပယ်ဖျက်ဖို့နည်းလမ်းရှာဖွေတဲ့အ နေနဲ့ မြန်မာစစ်အစိုးရဟာ ကုသမဂ္ဂထိပ်တန်းတရားရုံးတစ်ခုဖြစ်တဲ့ နိုင်ငံတကာရာဇဝတ်တရားရုံးမှာ ဖေဖော်ဝါရီ လ ၂၁ ရက်နေ့မှာ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အစား လူစားထိုးစေလွှတ်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံအပေါ်စွပ်စွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက နိုင်ငံတကာရာဇဝတ်တ ရားရုံး (ICJ) မှာ ကြားနာစစ်ဆေးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဘက်ကနေပြီး ဖြေရှင်း တင်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ဒေါ်အောင် ဆန်းစုကြည်ကို ဖြုတ်ချခဲ့ပါတယ်။

 

အဲဒီအမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ခုခံကာကွယ်ခဲ့လို့ လူ့အခွင့်အရေးအုပ်စုတွေက ဝေဖန်တာကိုခံနေရ တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအချိန်မှာ နေအိမ်အကျယ်ချုပ်ကျခံနေရပြီး သည်ဟိတ်မြို့မှာ ၎င်းခုခံကာကွယ်ပေးခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေကပဲ ၎င်းကို တရားစွဲဆိုထားတာဖြစ်ပါတယ်။

 

ဒီအမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်တရားရုံးအနေနဲ့ စီရင်ပိုင်ခွင့် လုံးဝမရှိကြောင်းနဲ့ ဒီအမှုကို ဒီ့ထက်ပိုပြီး အဆင့်မြင့်တဲ့ကြားနာစစ်ဆေးမှုတွေမလုပ်ခင်မှာ ပယ်ဖျက်ပစ်ရမှာဖြစ်ကြောင်း တနင်္လာနေ့မှာတင်ပြမယ့် ကနဦး ပယ်ချချက်တွေထဲမှာ မြန်မာနိုင်ငံက ခုခံချေပသွားမှာဖြစ်ပါတယ်။

 

မြန်မာစစ်အစိုးရက နိုင်ငံတကာရာဇဝတ်တရားရုံးမှာ အထက်ကအမှုကို ရင်ဆိုင်ဖို့အတွက် အွန်လိုင်းကတစ်ဆင့် တက်ရောက်ခုခံချေပဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ်ဒေါ်သီတာဦးတို့ ကို ရွေးချယ်ထားကြောင်း မြန်မာမီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။

 

ဦးကိုကိုလှိုင်နဲ့ ဒေါ်သီတာဦးတို့ နှစ်ယောက်စလုံးဟာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အမေရိကန်က အရေး ယူပိတ်ဆို့တာကို ခံထားရတဲ့သူနှစ်ဦးဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ စွပ်စွဲခံထားရတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ပြန်လည်ခုခံချေပဖို့အတွက် ဥပဒေဘောင်အတွင်းက တတ်နိုင်သမျှအားလုံးဆောင်ရွက်ဖို့ နိုင်ငံတကာရာဇဝတ်တရားရုံးက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ ကြားဖြတ်အမိန့်ချမှတ်ထားပါတယ်။

 

ဂမ်ဘီယာနိုင်ငံက ဗုဒ္ဓဟူးနေ့မှာ အပြန်အလှန်စွဲချက်တင်သွားမှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံက ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာလူမျိုး ၆၀၀,၀၀၀ ကျန်ရှိနေပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ က ဒုက္ခသည်စခန်းတွေမှာတော့ ရိုဟင်ဂျာလူမျိုး ၈၅၀,၀၀၀ ဟာ ဆင်းရဲဒုက္ခခံစားနေကြရပါတယ်။

 

နိုင်ငံတကာရာဇဝတ်တရားရုံး ICJ ကို ဒုတိယကမ္ဘာစစ်အပြီးမှာ ကုသမဂ္ဂနိုင်ငံတွေအချင်းချင်းကြား အငြင်းပွားမှု တွေကို ကြားဝင်ဆောင်ရွက်ဆုံးဖြတ်ပေးဖို့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။ ICJ ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဥပဒေသဘောအရ စည်းနှောင်မှုရှိပေမဲ့လည်း (တရားဝင်ပေမဲ့လည်း) အဲဒီအမိန့်အတိုင်း လက်တွေ့အရေး  ယူနိုင်ရေးအကောင်အထည်ဖော်ဖို့ နည်းလမ်းများမရှိပါဘူးလို့ သိရပါတယ်။

 

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကိုဖြုတ်ချလိုက်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ICJ မှာ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာအရေးက ရှုပ်ထွေးလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လောလောဆယ် မှာ ထောင်ဒဏ်နှစ်ပေါင်း ၁၅၀ ကျော်လောက်အထိ ကျခံရနိုင်တဲ့ အမှုပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။

 

ဖြုတ်ချခံလိုက်ရတဲ့ဒေါ်အောင်ဆန်းစုကြည်ပါတီက လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ကလည်း မြန်မာစစ်အစိုးရဟာ ဒီအမှုနဲ့ပတ်သက်ပြီး ICJ မှာရင်ဆိုင်ရမယ့် ကိုယ်စားလှယ် မ ဟုတ်ဘူးလို့ ပြောပါတယ်။

 

NUG အစိုးရက မြန်မာနိုင်ငံက ကနဦးပယ်ဖျက်ချက်တွေကို ပယ်ချလိုက်ပြီး ဒီအမှုအတွက် ကြားနာစစ်ဆေးခဲ့ တာတွေကို ဖယ်ဖျက်သင့်ကြောင်းပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ICJ အနေနဲ့ အရေးကြီးတဲ့တကယ့်အဖြစ်မှန် တွေကို စတင်ကြားနာစစ်ဆေးသင့်ပြီဖြစ်ကြောင်း ပြောပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရခေါ် NUG အစိုးရဟာ နယ်မြေပိုင်ဆိုင်မှုမရှိသလို ပြည်ပနိုင်ငံများကလည်း အသိ အမှတ်ပြုထားတာမရှိတဲ့အစိုးရဖြစ်ပါတယ်။ ဒါ့အပြင် NUG အစိုးရကို မြန်မာစစ်အစိုးရက အကြမ်းဖက်အဖွဲ့ အ စည်းတစ်ခုအဖြစ် ထုတ်ပြန်ကြေညာထားပါတယ်။

 

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ကုလသမဂ္ဂလူမျိုးတုံးသတ်ဖြတ်မှုသဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲ ထားပါတယ်။

 

ဒီအမှုနဲ့ပတ်သက်ပြီး အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံ ၊ ကနေဒါနဲ့ နယ်သာလန်နိုင်ငံတို့က ဝိုင်းဝန်းပူးပေါင်းထောက်ပံ့ထားကြကြောင်းသိရပါတယ်။

 

Myanmar to contest ICJ Rohingya case, without Aung San Suu Kyi

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

Myanmar to contest ICJ Rohingya case, without Aung San Suu Kyi

 

#PeopleMedia


Share this post