• Follow Us on

Home ကန့်ဘလူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့မှ အပြစ်မဲ့ပြည်သူတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်

ကန့်ဘလူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့မှ အပြစ်မဲ့ပြည်သူတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်

Share this post

စစ်ကိုင်း၊ မတ် ၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့မှ အပြစ်မဲ့ပြည်သူတစ်ဦးအား ဒလန်ဟု စွပ်စွဲကာဖေဖော်ဝါရီ ၂၈ ရက်နေ့က ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။

 

သေဆုံးသူမှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနေ ဦးဝင်းကြည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေ ၄ နာရီ အချိန်က နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့များက နေအိမ်အတွင်း ဝင်ရောက်ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ် သည်။

 

“သတ်ဖြတ်ခံရတာကတော့ ဟုတ်ပါတယ်။ မနေ့က ပဲသေဆုံးလူနာကို စစ်ဆေးဖို့အတွက် ဆေးရုံကို ပို့လိုက်ပါ တယ်။ ဒီနေ့ သဂြိုလ်မှာလို့လည်း သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေကြီးအတွင်းရှိ မြို့နယ်များနှင့် ကျေးရွာများတွင် PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ သည် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များအပါအဝင် အပြစ်မဲ့ပြည်သူများကို ချောင်းမြောင်း ပစ်ခတ် လုပ်ကြံ သတ်ဖြတ်မှုများပြုလုပ်လျက်ရှိသည်။

 

#PeopleMedia #ကန့်ဘလူ #လုပ်ကြံသတ်ဖြတ်မှု

 

(unicode)


……………………………………………

 


 


 


 


 


 



Share this post