• Follow Us on

Home ကမ္ဘာ့ကပ်ရောဂါဖြစ်နိုင်ချေရှိတဲ့ ဝက်တုပ်ကွေးရောဂါတစ်မျိုးကို တရုတ် နိုင်ငံမှာတွေ့ရှိ


Share this post

ဘေကျင်း၊ ဇွန် ၃၀







#PeopleMedia

(unicode)
ကမ္ဘာ့ကပ်ရောဂါဖြစ်နိုင်ချေရှိတဲ့ ဝက်တုပ်ကွေးရောဂါတစ်မျိုးကို တရုတ် နိုင်ငံမှာတွေ့ရှိ
………………………………………………

ဘေကျင်း၊ ဇွန် ၃၀

ကမ္ဘာ့ကပ်ရောဂါဖြစ်လာနိုင်တဲ့ဗိုင်းရပ်စ်ပိုးတစ်မျိုးကို တရုတ်နိုင်ငံမှာ သိပ္ပံပညာရှင်တွေတွေ့ရှိ ဖော်ထုတ်ခဲ့ပါ တယ်။

မကြာသေးခင်ကပေါ်ထွက်လာတာဖြစ်ပြီး ဝက်များကသယ်ဆောင်လာပေမဲ့ လူတွေကို ကူးစက်နိုင်တယ်လို့ လည်းသိရပါတယ်။

ဗိုင်းရပ်စ်ပိုးဗီဇပြောင်းပြီး လူလူချင်းအလွယ်တကူကူးစက်နိုင်တဲ့ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်လာမှာကို သိပ္ပံပညာ ရှင်တွေက စိုးရိမ်နေကြပါတယ်။

ချက်ချင်းတွေ့ကြုံနိုင်တဲ့ပြဿနာမဟုတ်သေးပေမဲ့ လူတွေကိုကိုကူးစက်နိုင်ချေမြင့်မားနိုင်တဲ့အချက်အလက် တွေ တွေ့နေရပြီး ဂရုတစိုက်စောင့်ကြည့်သင့်တယ်လို့လည်း သူတို့က အသိပေးပါတယ်။

ဗိုင်းရပ်စ်အသစ်ဖြစ်လို့ လူသားတွေမှာ ရောဂါခုခံနိုင်စွမ်းမရှိတာကို တွေ့ကြုံရနိုင်ပါတယ်။

Ref : Flu virus with ‘pandemic potential’ found in China

#PeopleMedia


Share this post