• Follow Us on

Home ကယားျပည္နယ္ဝန္ၾကီးခ်ဳပ္ ဝန္ၾကီးခ်ဳပ္တာဝန္ ျဖဳတ္ခ်ခံရ

ကယားျပည္နယ္ဝန္ၾကီးခ်ဳပ္ ဝန္ၾကီးခ်ဳပ္တာဝန္ ျဖဳတ္ခ်ခံရ

Share this post

ရန္ကုန္၊ စက္တင္ဘာ-၁

ယေန႔က်င္းပသည့္ ကယားျပည္နယ္လႊတ္ေတာ္၌ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္မ်ား၏ ဆႏၵမဲျဖင့္ ကယားျပည္နယ္ဝန္ၾကီးခ်ဳပ္ အယ္လ္ေဖာင္းရႈိကုိ တာဝန္မွ ျဖဳတ္ခ်လုိက္ပါတယ္။

ကယားျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ (၂၀)ဦးရွိသည့္အနက္ ဝန္ၾကီးခ်ဳပ္အယ္လ္ေဖာင္ရႈိကုိ စြပ္စြဲျပစ္တင္ရာ၌ ေထာက္ခံသူ(၁၆)ဦး၊ကန္႔ကြက္သူ(၄)ဦးျဖင့္ ဝန္ၾကီးခ်ဳပ္သည္တာဝန္မွဖယ္ရွားခံလုိ က္ရတာျဖစ္ပါတယ္။

တာဝန္မွ ဖယ္ရွားခံလုိက္ရေသာ္လည္း ျပည္နယ္လႊတ္ေတာ္အမတ္အျဖစ္ ဆက္လက္ရွိေနမွာလည္း ျဖစ္ပါတယ္။

ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိသည္ ကယားပြဲေတာ္က်င္းပေရးေျမေနရာ အဆိုေအာင္ထားသည့္ေနရာတြင္ အျခားလုပ္ငန္းမ်ားေဆာင္ရြက္ေနမႈ၊ စက္ယႏၲရား ၁၈ စီးကို ငွားရမ္းထားသည့္ေငြေၾကးမ်ား ႏိုင္ငံေတာ္ဘ႑ာအေကာင့္တြင္ ဖြင့္မထားဘဲ အျခားေငြစာရင္းဖြင့္လွစ္ အသုံးျပဳေနမႈတို႔အေပၚ လႊတ္ေတာ္ကိုယ္စားလွယ္ ေလးပုံတစ္ပုံက ဖြဲ႔စည္းပုံအေျခ ခံဥပေဒအရ စြပ္စြဲျပစ္တင္ခဲ့ျခင္းျဖစ္သည္။

#PeopleMedia #ကယားျပည္နယ္အစုိးရအဖြဲ႔ #အယ္လ္ေဖာင္ရႈိ

(unicode)
ကယားပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးချုပ်တာဝန် ဖြုတ်ချခံရ
……………………………………..

ရန်ကုန်၊ စက်တင်ဘာ-၁

ယနေ့ကျင်းပသည့် ကယားပြည်နယ်လွှတ်တော်၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုကို တာဝန်မှ ဖြုတ်ချလိုက်ပါတယ်။

ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၀)ဦးရှိသည့်အနက် ဝန်ကြီးချုပ်အယ်လ်ဖောင်ရှိုကို စွပ်စွဲပြစ်တင်ရာ၌ ထောက်ခံသူ(၁၆)ဦး၊ကန့်ကွက်သူ(၄)ဦးဖြင့် ဝန်ကြီးချုပ်သည်တာဝန်မှဖယ်ရှားခံလို က်ရတာဖြစ်ပါတယ်။

တာဝန်မှ ဖယ်ရှားခံလိုက်ရသော်လည်း ပြည်နယ်လွှတ်တော်အမတ်အဖြစ် ဆက်လက်ရှိနေမှာလည်း ဖြစ်ပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ကယားပွဲတော်ကျင်းပရေးမြေနေရာ အဆိုအောင်ထားသည့်နေရာတွင် အခြားလုပ်ငန်းများဆောင်ရွက်နေမှု၊ စက်ယန္တရား ၁၈ စီးကို ငှားရမ်းထားသည့်ငွေကြေးများ နိုင်ငံတော်ဘဏ္ဍာအကောင့်တွင် ဖွင့်မထားဘဲ အခြားငွေစာရင်းဖွင့်လှစ် အသုံးပြုနေမှုတို့အပေါ် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက ဖွဲ့စည်းပုံအခြေ ခံဥပဒေအရ စွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သည်။

#PeopleMedia #ကယားပြည်နယ်အစိုးရအဖွဲ့ #အယ်လ်ဖောင်ရှို


Share this post