• Follow Us on

Home ကယားပြည်နယ် လွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူးဖြစ်သူ သေနတ်ဖြင့် ၅ ချက် ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး တပ်မ တော်ဆေးရုံ၌ ဆေးကုသမှုခံနေရ

ကယားပြည်နယ် လွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူးဖြစ်သူ သေနတ်ဖြင့် ၅ ချက် ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး တပ်မ တော်ဆေးရုံ၌ ဆေးကုသမှုခံနေရ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၃ (People Media)

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်လွှတ်တော်ရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ညွှန်ကြားရေးမှူး ဖြစ်သူ ဦးကျော်စိုးသူသည် နိုဝင်ဘာ(၂)ရက်နေ့ မွန်းလွဲ(၁၂)နာရီအချိန်ခန့်က သေနတ်ဖြင့် လုပ်ကြံခံခဲ့ရပြီး ရရှိဒဏ်ရာများဖြင့် တပ်မတော်ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ(၂)ရက်နေ့ မွန်းလွဲ(၁၂)နာရီအချိန်ခန့်က ဦးကျော်စိုးသူနှင့် ၎င်း၏ ဇနီးဖြစ်သူတို့သည် ပြည်နယ်လွှတ်တော်ရုံးမှ လွှတ်တော်ရုံးဝန်ထမ်းအိမ်ယာသို့ ဌာနပိုင် မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် ယဉ် ကျေးမှုပြတိုက်အနီး လမ်းဆုံအရောက်၌ အကြမ်းဖက်သမား (၃) ဦးသည် မတ်တူးအမျိုးအစား မော်တော် ယာဉ်လမ်းမ၌ ပိတ်ရပ်ပြီး AK-47 သေနတ်ဖြင့် ၅ ချက်တိတိ ဦးကျော်စိုးသူကို ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဦးကျော်စိုးသူသည် လက်ရှိအချိန်၌ ရရှိသော သေနတ်ဒဏ်ရာဖြင့် တပ်မတော်ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူ နေရလျက်ရှိတယ်လို့ န-စ-က ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

အလားတူ လွိုင်ကော်မြို့၌ NDF ပါတီ ခေါင်းဆောင်တစ်ဦးသည် နေအိမ်၌ ရှိနေစဉ် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသလို လွိုင်ကော်မြို့ရှိ မိုင်တဲရုံးအချို့လည်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

 

ကယားပြည်နယ်၌ ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် ပြည်နယ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်၌ လုံခြုံရေး အဖွဲ့များသည် နယ်မြေစိုးမိုးရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

#PeopleMedia #ကယားပြည်နယ်လွှတ်တော်

 

(unicode)


………………………………………………………

 


 


 


 


 


 


 



Share this post