• Follow Us on

Home ထိုင်ဝမ်စစ်ရေးစွမ်းရည်မြှင့်တင်နိုင်ရေး ဥပဒေပြဋ္ဌာန်းရန် အမေရိကန်အထက်လွှတ်တော်အမတ် အဆိုပြု

ထိုင်ဝမ်စစ်ရေးစွမ်းရည်မြှင့်တင်နိုင်ရေး ဥပဒေပြဋ္ဌာန်းရန် အမေရိကန်အထက်လွှတ်တော်အမတ် အဆိုပြု

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၃ (People Media)

 

တရုတ်နိုင်ငံ၏ကျူးကျော်မှုကိုရင်ဆိုင်ရာတွင် ထိုင်ဝမ်ကာကွယ်ရေးကို မြှင့်တင်ရန်အတွက် သင်တန်းများ၊ စစ် လက်နက်ပစ္စည်းများနှင့် အခြားနည်းလမ်းမျိုးစုံထောက်ပံ့နိုင်ရေး ဥပဒေပြဋ္ဌာန်းပေးရန် အမေရိကန်အထက်လွှတ် တော်အမတ်ဂျို့စ်ဟော်လေးက အဆိုပြုခဲ့သည်။

 

နိုဝင်ဘာလ ၂ ရက်နေ့ကတင်ပြခဲ့သည့် အဆိုပြုထားသော “၂၀၂၁ ထိုင်ဝမ်လက်နက်တပ်ဆင်ရေးအက်ဥပဒေ” တွင် ထိုင်ဝမ်နိုင်ငံသည် တရုတ်အစိုးရ၏ခြိမ်းခြောက်မှုကို တဖြည်းဖြည်း ပိုမိုရင်ဆိုင်လာရကြောင်း၊ ထိုင်ဝမ်နိုင်ငံ ကိုတရုတ်နိုင်ငံက ကျူးကျော်နိုင်သည့်ခြိမ်းခြောက်မှုမှာ ၂၀၂၀ ပြည့်နှစ် နှစ်ဝက်လောက်ကတည်းက အန္တရာယ် ရှိသောအဆင့်သို့ ကျရောက်လာခဲ့ကြောင်း ဖော်ပြထားသည်။

 

ထိုင်ဝမ်နိုင်ငံသည် မိမိကိုယ်မိမိကာကွယ်နိုင်ရန် တွက်ခြေကိုက်ပြီးအားထားလောက်သည့် စစ်လက်နက်ပစ္စည်း များအသုံးပြုမှုကို မြှင့်တင်သင့်ကြောင်း ဥပဒေကြမ်းတွင်ဖော်ပြထားသည်။

 

အမေရိကန်အစိုးရသည် စစ်လက်နက်ပစ္စည်းများ၊ သင်တန်းများနှင့် အခြားထောက်ပံ့မှုမျိုးစုံ ထိုင်ဝမ်နိုင်ငံသို့ ကူ ညီထောက်ပံ့ရန် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ဒေါ်လာ ၃ ဘီလျံ နှစ်စဉ်ထောက်ပံ့သွားရန် အဆိုပါဥပဒေ ကြမ်းတွင် ထည့်သွင်းထားသည်။

 

အဆိုပါထောက်ပံ့ကူညီမှုသည် အမေရိကန်၏ကြိုးပမ်းအားထုတ်မှုနှင့် လိုက်လျောညီထွေရှိသည့် အရည်အသွေး ရှိသော စစ်ရေးအင်အားတည် ဆောက်ရာတွင် ထိုင်ဝမ်နိုင်ငံ၏ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် တိုးတက်မှုတို့ကို အ ခြေခံသွားမည်ဖြစ်သည်။

 

ထိုင်ဝမ်နိုင်ငံက အဆိုပါကာလများအတွင်း အချိုးမညီသောစစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် တူညီသော ရင်းနှီးမြှုပ်နှံမှုမပြုလုပ်မချင်း အဆိုပြုထားသော ဥပဒေကြမ်းပါဘတ်ဂျက်များကို ခွဲဝေပေးနိုင်မည်မဟုတ်ပေ။ အ ထူးသဖြင့် ထိုင်ဝမ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ကာကွယ်ရေးဘတ်ဂျက်သုံးစွဲရာတွင် GDP ၏ အနည်းဆုံး ၃ ရာခိုင်နှုန်းကို သုံးစွဲသင့်ကြောင်း အဆိုပြုဥပဒေကြမ်းတွင် ဖော်ပြထားသည်။

 

လက်ရှိအချိန်တွင် ထိုင်ဝမ်နိုင်ငံသည် ကာကွယ်ရေးဘတ်ဂျက်ကို GDP ၏ ၂.၃၆ ရာခိုင်နှုန်းသုံးစွဲလျက်ရှိရာ ယင်းပမာဏာမှာ ၂၀၁၈ ခုနှစ်တွင် ၁.၈၄ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ်တွင် ၂.၁၆ ရာခိုင်နှုန်း သုံးစွဲမှုများနှင့် နှိုင်း ယှဉ်လျှင် မြင့်တက်လာခြင်းဖြစ်ကြောင်း အစိုးရစာရင်းများအရသိရသည်။

 

ထိုင်ဝမ်နိုင်ငံအတွက် သင့်လျော်သော စစ်လက်နက်ပစ္စည်းအမျိုးမျိုးကို ရောင်းချပေးရန်၊ ငှားရမ်းပေးရန်၊ အခြား နည်းလမ်းတစ်မျိုးမျိုးဖြင့် ထောက်ပံ့ပေးရန် အမေရိကန်နိုင်ငံ၏ မဟာမိတ်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများကို အ မေရိကန်အစိုးရက တိုက်တွန်းအားပေးသင့်ကြောင်း အဆိုပါဥပဒေကြမ်းတွင် ဖော်ပြထားသည်။

 

Ref: U.S. senator submits bill to bolster Taiwan’s military capabilities

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: U.S. senator submits bill to bolster Taiwan’s military capabilities

 

#PeopleMedia


Share this post