• Follow Us on

Home ကာကြယ္ေဆးမ်ားကုိ ကုိယ္တုိင္ထုတ္လုပ္ျခင္း၊ျပည္ပထုတ္ ကာကြယ္ေဆးမ်ားကုိ ပုလင္းသြပ္ျခင္းမ်ား ေဆာင္ရြက္ႏုိင္လွ်င္ ဘ႑ာေငြ သုံးစြဲမႈ သက္သာသြားမည္ျဖစ္ေၾကာင္း ေဒါက္တာျမင့္ေထြး ေျပာဆုိ

ကာကြယ္ေဆးမ်ားကုိ ကုိယ္တုိင္ထုတ္လုပ္ျခင္း၊ျပည္ပထုတ္ ကာကြယ္ေဆးမ်ားကုိ ပုလင္းသြပ္ျခင္းမ်ား ေဆာင္ရြက္ႏုိင္လွ်င္ ဘ႑ာေငြ သုံးစြဲမႈ သက္သာသြားမည္ျဖစ္ေၾကာင္း ေဒါက္တာျမင့္ေထြး ေျပာဆုိ

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၂၄

ကာကြယ္ေဆးမ်ားကုိ ကုိယ္တုိင္ထုတ္လုပ္ျခင္း(သုိ႔မဟုက္)ျပည္ပထုတ္ ကာကြယ္ေဆးမ်ားကုိ ပုလင္းသြပ္ ျခင္းမ်ား ေဆာင္ရြက္ႏုိင္လွ်င္ ဘ႑ာေငြ သုံးစြဲမႈ သက္သာသြားမည္ျဖစ္ေၾကာင္း ေဒါက္တာျမင့္ေထြး ေျပာဆုိ လုိက္သည္။

ရန္ကုန္ျမဳိ႔ ေဆးသုေတသနဦးစီးဌာနတြင္ သုေတသနလုပ္ငန္းမ်ားႏွင့္ပတ္သက္သည့္ၫွိနႈငိ္းအစည္းအေ၀းတြင္ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးကေျပာၾကားခဲ့သည္။

“ကြ်န္ေတာ္တို႔ႏိုင္ငံမွာႏွစ္စဥ္ကာကြယ္ေဆးအေျမာက္အမ်ား၀ယ္ယူသုံးစြဲေနရပါတယ္။ဒီလို၀ယ္ယူရာမွာ အခုအခါမွာ Gavi the vaccine allianceအဖြဲ႔ကေန ပံ့ပိုးမႈမ်ားရွိေနေသာ္လည္းပဲ ဒီအေထာက္အပံ့ေတြမရွိေတာ့ဘူးဆိုရင္ ကုန္က်စရိတ္မ်ားစြာ သုံးစြဲရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကာကြယ္ေဆးအမ်ိဳးမ်ိဳးကို ကြ်န္ေတာ္တို႔ႏိုင္ငံမွာ ကိုယ္တိုင္ထုတ္လုပ္ျခင္း ဒါမွမဟုတ္လည္း အျခားႏိုင္ငံမွာထုတ္လုပ္ၿပီးရင္ ကာကြယ္ေဆးကို ပုလင္းသြပ္ျခင္း တို႔လုပ္ေဆာင္ႏိုင္မယ္ဆိုရင္ ကုန္က်စရိတ္မ်ားစြာလည္းသက္သာသြားမွာျဖစ္ပါတယ္။ဒီကဘ႑ာေငြမ်ားကိုလည္းအျခားက႑ာမ်ားမွာ သုံးစြဲႏိုင္မွာျဖစ္ပါတယ္’’ဟု ၎ကေျပာသည္။

ေဆးသုေတသန ဦးစီးဌာနသည္ ၁၉၉၀တြင္ ေသြးရည္ၾကည္မွအသည္းေရာင္အသားဝါဘီကာကြယ္ေဆး ထုတ္လုပ္ရန္ေဆာင္ရြက္ခဲ့ၿပီး ၁၉၉၇ခုႏွစ္တြင္ေအာင္ျမင္စြာထုတ္လုပ္ႏိုင္ခဲ့သည္။

လက္ရွိတြင္ COVID-19ေရာဂါကို ျမန္မာႏိုင္ငံတြင္ ေသြးရည္ၾကည္သြင္းကုသသည့္ကုထုံးျဖင့္ကုခဲ့ရာ လူနာ၈ဦးေအာင္ျမင္စြာကုသႏိုင္ခဲ့သည္။

#PeopleMedia #က်န္းမာေရး

(unicode)
ကာကွယ်ဆေးများကို ကိုယ်တိုင်ထုတ်လုပ်ခြင်း၊ပြည်ပထုတ် ကာကွယ်ဆေးများကို ပုလင်းသွပ်ခြင်းများ ဆောင်ရွက်နိုင်လျှင် ဘဏ္ဍာငွေ သုံးစွဲမှု သက်သာသွားမည်ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေး ပြောဆို
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၄

ကာကွယ်ဆေးများကို ကိုယ်တိုင်ထုတ်လုပ်ခြင်း(သို့မဟုက်)ပြည်ပထုတ် ကာကွယ်ဆေးများကို ပုလင်းသွပ် ခြင်းများ ဆောင်ရွက်နိုင်လျှင် ဘဏ္ဍာငွေ သုံးစွဲမှု သက်သာသွားမည်ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေး ပြောဆို လိုက်သည်။

ရန်ကုန်မြို့ ဆေးသုတေသနဦးစီးဌာနတွင် သုတေသနလုပ်ငန်းများနှင့်ပတ်သက်သည့်ညှိနှုငိ်းအစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံမှာနှစ်စဉ်ကာကွယ်ဆေးအမြောက်အများဝယ်ယူသုံးစွဲနေရပါတယ်။ဒီလိုဝယ်ယူရာမှာ အခုအခါမှာ Gavi the vaccine allianceအဖွဲ့ကနေ ပံ့ပိုးမှုများရှိနေသော်လည်းပဲ ဒီအထောက်အပံ့တွေမရှိတော့ဘူးဆိုရင် ကုန်ကျစရိတ်များစွာ သုံးစွဲရမှာဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးအမျိုးမျိုးကို ကျွန်တော်တို့နိုင်ငံမှာ ကိုယ်တိုင်ထုတ်လုပ်ခြင်း ဒါမှမဟုတ်လည်း အခြားနိုင်ငံမှာထုတ်လုပ်ပြီးရင် ကာကွယ်ဆေးကို ပုလင်းသွပ်ခြင်း တို့လုပ်ဆောင်နိုင်မယ်ဆိုရင် ကုန်ကျစရိတ်များစွာလည်းသက်သာသွားမှာဖြစ်ပါတယ်။ဒီကဘဏ္ဍာငွေများကိုလည်းအခြားကဏ္ဍာများမှာ သုံးစွဲနိုင်မှာဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

ဆေးသုတေသန ဦးစီးဌာနသည် ၁၉၉၀တွင် သွေးရည်ကြည်မှအသည်းရောင်အသားဝါဘီကာကွယ်ဆေး ထုတ်လုပ်ရန်ဆောင်ရွက်ခဲ့ပြီး ၁၉၉၇ခုနှစ်တွင်အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့သည်။

လက်ရှိတွင် COVID-19ရောဂါကို မြန်မာနိုင်ငံတွင် သွေးရည်ကြည်သွင်းကုသသည့်ကုထုံးဖြင့်ကုခဲ့ရာ လူနာ၈ဦးအောင်မြင်စွာကုသနိုင်ခဲ့သည်။

#PeopleMedia #ကျန်းမာရေး


Share this post