• Follow Us on

Home ကာဇတ္စတန္နိုင္ငံက စပြတ္ညစ္-ဗြီ ကိုဗစ္ကာကြယ္ေဆး ထုတ္လုပ္မႈ စတင္

ကာဇတ္စတန္နိုင္ငံက စပြတ္ညစ္-ဗြီ ကိုဗစ္ကာကြယ္ေဆး ထုတ္လုပ္မႈ စတင္

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၂၁ (People Media)

ကာဇတ္စတန္ဝန္ႀကီးခ်ဳပ္ အက္စကာမာမင္းသည္ ယေန႔ ကာရာဂန္ဒီၿမိဳ႕ရွိ ေဆးဝါးစက္႐ုံတစ္ခု၌က်င္း ပေသာ ႐ုရွား ဗိုင္းရပ္စ္ကာကြယ္ေဆး စပြတ္ညစ္-ဗြီ ထုတ္လုပ္မႈ တရားဝင္ စတင္သည့္ အခမ္းအနားသို႔ တက္ ေရာက္ခဲ့သည္။

ကာဇတ္စတန္သမၼတ ကာဆင္းဂ်ိဳမတ္တိုကာယက္ဗ္ႏွင့္ ႐ုရွားသမၼတ ဗလာဒီမာပူတင္တို႔ၾကား သေဘာ တူညီမႈအရ ဝန္ႀကီးခ်ဳပ္ အက္စမာမာမင္းက စပြတ္ညစ္-ဗြီ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး ထုတ္လုပ္မႈစတင္ သည့္ အခမ္းအနားသို႔ တက္ေရာက္ခဲ့သည္ဟု အစိုးရက ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားသည္။

ကာဇတ္စတန္နိုင္ငံက ေဖေဖာ္ဝါရီလအတြင္း ျပည္တြင္း၌ စပြတ္ညစ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆး အစု လိုက္အျပဳံလိုက္ ထုတ္လုပ္မႈ စတင္မည္ဟု အက္စကာက ယေန႔ ေျပာၾကားသည္။

“၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ကာဇတ္စတန္နိုင္ငံမွာ စပြတ္ညစ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆး ထုတ္ လုပ္မႈ စတင္မွာျဖစ္ပါတယ္။ က်န္းမာေရးဝန္ထမ္း၊ ပညာေရးဝန္ထမ္း၊ ေက်ာင္းသူ/ေက်ာင္းသား၊ ရဲတပ္ဖြဲ႕ဝင္ နဲ႔ ကူးစက္နိုင္ေျချမင့္မားသူေတြကို ဗိုင္းရပ္စ္ကာကြယ္ေဆး အရင္ဆုံး ထိုးႏွံေပးမွာျဖစ္ပါတယ္” ဟု မာမင္းက ေျပာသည္။

စပြတ္ညစ္-ဗြီက ၾသဂုတ္လအတြင္း ႐ုရွားနိုင္ငံတြင္သာမက ကမၻာေပၚတြင္ပါ ပထမဆုံး မွတ္ပုံတင္သည့္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး ျဖစ္လာခဲ့သည္။

လက္ရွိတြင္ စပြတ္ညစ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆးကို ႐ုရွား၊ ဘီလာ႐ုဇ္၊ ယူေအအီးအျပင္ ဗင္နီဇြဲလားနိုင္ ငံ၌ အဆင့္ ၃ စမ္းသပ္မႈမ်ား လုပ္ေဆာင္ လ်က္ရွိသည္။

႐ုရွားနိုင္ငံက စပြတ္ညစ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား ထုတ္လုပ္ရန္ အိႏၵိယ၊ ဘရာဇီး၊ ဟန္ေဂရီနိုင္ငံ တို႔ႏွင့္ သေဘာတူညီခ်က္မ်ား ရရွိခဲ့သည္။

ကိုးကား – စပြတ္ညစ္

Ref; Kazakhstan Starts Production of Sputnik V Coronavirus Vaccine

(unicode)
ကာဇတ်စတန်နိုင်ငံက စပွတ်ညစ်-ဗွီ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှု စတင်
………………………………………………….

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁ (People Media)

ကာဇတ်စတန်ဝန်ကြီးချုပ် အက်စကာမာမင်းသည် ယနေ့ ကာရာဂန်ဒီမြို့ရှိ ဆေးဝါးစက်ရုံတစ်ခု၌ကျင်း ပသော ရုရှား ဗိုင်းရပ်စ်ကာကွယ်ဆေး စပွတ်ညစ်-ဗွီ ထုတ်လုပ်မှု တရားဝင် စတင်သည့် အခမ်းအနားသို့ တက် ရောက်ခဲ့သည်။

ကာဇတ်စတန်သမ္မတ ကာဆင်းဂျိုမတ်တိုကာယက်ဗ်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား သဘော တူညီမှုအရ ဝန်ကြီးချုပ် အက်စမာမာမင်းက စပွတ်ညစ်-ဗွီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်မှုစတင် သည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်ဟု အစိုးရက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။

ကာဇတ်စတန်နိုင်ငံက ဖေဖော်ဝါရီလအတွင်း ပြည်တွင်း၌ စပွတ်ညစ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေး အစု လိုက်အပြုံလိုက် ထုတ်လုပ်မှု စတင်မည်ဟု အက်စကာက ယနေ့ ပြောကြားသည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကာဇတ်စတန်နိုင်ငံမှာ စပွတ်ညစ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ် လုပ်မှု စတင်မှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ ကျောင်းသူ/ကျောင်းသား၊ ရဲတပ်ဖွဲ့ဝင် နဲ့ ကူးစက်နိုင်ခြေမြင့်မားသူတွေကို ဗိုင်းရပ်စ်ကာကွယ်ဆေး အရင်ဆုံး ထိုးနှံပေးမှာဖြစ်ပါတယ်” ဟု မာမင်းက ပြောသည်။

စပွတ်ညစ်-ဗွီက သြဂုတ်လအတွင်း ရုရှားနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်ပါ ပထမဆုံး မှတ်ပုံတင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဖြစ်လာခဲ့သည်။

လက်ရှိတွင် စပွတ်ညစ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးကို ရုရှား၊ ဘီလာရုဇ်၊ ယူအေအီးအပြင် ဗင်နီဇွဲလားနိုင် ငံ၌ အဆင့် ၃ စမ်းသပ်မှုများ လုပ်ဆောင် လျက်ရှိသည်။

ရုရှားနိုင်ငံက စပွတ်ညစ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးများ ထုတ်လုပ်ရန် အိန္ဒိယ၊ ဘရာဇီး၊ ဟန်ဂေရီနိုင်ငံ တို့နှင့် သဘောတူညီချက်များ ရရှိခဲ့သည်။

ကိုးကား – စပွတ်ညစ်

Ref; Kazakhstan Starts Production of Sputnik V Coronavirus Vaccine


Share this post